ကမ္ဘာ့နှလုံးသားနေ့ (World Heart Day)


ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ကမ္ဘာ့နှလုံးသားနေ့ (သို့မဟုတ်) ကမ္ဘာ့အသည်းနေ့ (World Heart Day) ဖြစ်ပါတယ်။

ယင်းနေ့ကို ကမ္ဘာ့အသည်းကျန်းမာရေးအဖွဲ့အစည်းမှ ၁၉၉၉ ခုနှစ်ကစလို့ စတင်သတ်မှတ်ပေး လိုက်တဲ့ နေ့ရက်ဖြစ်ပါတယ်။ ကမ္ဘာမှာ လူသေနှုန်း အများဆုံး ရောဂါဟာ နှလုံးနဲ့ ဆက်စပ်ရောဂါ ဖြစ်ပြီး ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ၁၇.၃ သန်း သေဆုံးလျက်ရှိပါတယ်။ လာမယ့် ၂၀၃၀ ခုနှစ်ရောက်ရင် ယင်းသေဆုံးမှုနှုန်းဟာ ၂၃ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားပြီး သြစတေးလျ နိုင်ငံတစ်နိုင်ငံစာ လူဦးရေအင်အား ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ကမ္ဘာ့ အသည်းကျန်းမာရေးကို အလေးပေးအာရုံစိုက်ရန် WHO အသိအမှတ်ပြု ကမ္ဘာ့အသည်းနေ့ (World Heart Day) ကို သတ်မှတ်ခဲ့ တယ်လို့ သိရပါတယ်။
---
Ref:wikipedia

0 comments: