လူ့ဦးနှောက်နှင့် ပက်သက်၍ မှတ်သားဖွယ်ရာ အချို့ 



၁။ ဦးနှောက်တွင် Pain receptors မပါရှိသဖြင့် နာကျင်သော ဝေဒနာကို မခံစားနိုင်ပါ။

၂။ ဦးနှောက်တွင် တစ်မိနစ်တိုင်း Neuron ပေါင်း ၂သိန်းခွဲ မေးဖွားသည်။

၃။ မွေးစမှစ၍ ယနေ့တိုင် ယနေ့တိုင် ဦးနှောက်အရွယ်အစား လုံးဝ မပြောင်းလဲပါ။

0 comments:

မဲခေါင်မြစ်မှ ငါးလက်ထုံ


ကမ္ဘာ့ အကြီးဆုံး ရေချို ငါးလက်ထုံများက အဝေးကြီးမှာ မဟုတ်ပဲ မြန်မာပြည် နယ်စပ်က မဲခေါင်မြစ်မှာရှိနေပါတယ်။ ဧရာဝတီမြစ်မှာလည်း တွေ့ရတတ်တဲ့ ငါးများ ဖြစ်ပါတယ်။

0 comments:

ခဲတံပေါ်က အနုပညာ



အမေရိကန်နိုင်ငံမှ လက်မှုပညာရှင် ဒီဇိုင်နာ Dalton Ghetti ဖန်တီး ထားသော လက်ရာများ ဖြစ်ပါတယ်။

0 comments:

သခွားသီး သို့မဟုတ် နွေရာသီအတွက် အသင့်လျော်ဆုံး အသီး



ပူပူအိုက်အိုက်နွေရာသီမှာ သခွားသီးက အကောင်းဆုံး အအေးဓာတ် အစားအစာ လို့ဆိုပါတယ်။ ဗီတာမင်ဓာတ် အမျိုးမျိုး ကြွယ်ဝပြီး ခန္ဓာကိုယ် အတွင်းနဲ့ ပြင်ပအတွက် များစွာ ကောင်းကျိုးပေးတဲ့ အသီး ဖြစ်ပါတယ်။

0 comments:

တစ်ချိန်တုန်းက McDonald's


Richard McDonald နဲ့ Maurice McDonald ဆိုတာ အမေရိကန်နိုင်ငံ၊ New Hampshire ပြည်နယ်က ဆင်းရဲသား ညီအစ်ကို နှစ်ဦး ဖြစ်ပါတယ်။

ဘဝရပ်တည်ဖို့ အလုပ်တွေလုပ်ရင်းတော့ တစ်နေ့တော့ ဟမ်ဘာဂါဆိုင်လေး တစ်ခု ဖွင့်ဖို့ အကြံရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ San Bernardino မြို့  ငယ်လေးမှာ McDonald's အမည်နဲ့ ဟမ်ဘာဂါဆိုင်လေး စဖွင့်ပါတယ်။ အဲ့တုန်းက ၁၉၄၀ ခုနှစ်သာ ရှိသေးပြီး ဟမ်ဘာဂါ တစ်လုံးကို ၁၅ ဆံ့နဲ့ စရောင်းပါတယ်။

0 comments:

ပေါ်လာတတ်လို့ပါ



စူပါမားကတ်ထဲမှာ ဈေးဝယ်နေတဲ့ အမျိုးသမီး တစ်ဦးဆီ အမျိုးသား တစ်ဦး ချည်းကပ်လို့ ခုလို စကားဆိုပါတယ်။

"အမရေ. ကျနော့ ဇနီးဒီစူပါမားကတ်ထဲမှာ ရှာမတွေ့လို့.။ အဲဒါ အမနဲ့ စကားပြောလို့ရမလား"

0 comments:

ကမ္ဘာ့အသေးဆုံး ပုတ်သင်ညို



အိန္ဒိယသမုဒ္ဒရာအတွင်း၊ မဒါဂတ်စကားကျွန်းနိုင်ငံမှာ တွေ့ရှိတဲ့ ပုတ်သင်ညို မျိုးစိတ်သစ် ဖြစ်ပါတယ်။

Brookesia micra လို့အမည်ပေးထားပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မီးခြစ်ဆံပေါ် တွယ်တက် ရလောက် အောင်ကို အရွယ်သေးငယ်ပြီး အထီးက ၀.၆၃ လက်မ၊ အမ ၁.၂ လက်မ လောက်ထိပဲ အကြီးဆုံး ရှိပါတယ်။ တော်တော်များများက ၁ လက်မ အောက်တွေချည်းဖြစ်ပါတယ်။

0 comments:

အနစ်နာခံခြင်းဟူသည်



အဖေဖြစ်သူက အိမ်ခြံမြေပွဲစားလုပ်တယ်။ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သား ဂျော့ဖလစ် ဟာ အဖေက ဘယ်လိုပဲ သင်သင် မလုပ်တတ်မကိုင် တတ် ဖြစ်နေဆဲ ဖြစ်ပါတယ်။

0 comments:

ဝန်ထမ်းအလိုရှိသည်



အမေရိကန်အခြေဆိုက် ကမ္ဘာ့အနှံ တက်ကြွလှုပ်ရှားကူညီလျက်ရှိသော Save The Children (NGO) အဖွဲ့အစည်းမှ အောက်ပါ ရာထူးဖြင့် အတွေ့အကြုံရှိသော ဝန်ထမ်းများအား အလိုရှိသည်။

0 comments:

မြန်မာပြည်မှာ နိုင်ငံတကာ အဆင့်မှီ ကားမောင်းပြိုင်ပွဲများ ဖြစ်လာဖို့ဆိုတာ



မြန်မာကို မစဉ်းစားခင် နိုင်ငံတကာမှာ ဘယ်လိုလုပ်နေလဲ ဆိုတာကို အရင် သုံးသပ်ကြတာပေါ့။

နိုင်ငံတကာမှာလည်း ကားမောင်းပြိုင်ပွဲတွေ သိပ်အများကြီး မရှိပါဘူး။ တကယ့် နာမည်ကြီး ခေါင်းစဉ် သုံလေးငါးခုကိုပဲ ပတ်လည်ရိုက်ပြီး ကျင်းပနေတာပါ။ ဒီတော့ အများကြီးရှိသလို ဖြစ်သွားပါတယ်။ ရာသီတိုင်းမှာ ကို ကားမောင်းပြိုင်ပွဲတွေ ရှိလာပါတော့တယ်။

0 comments:

မြန်မာပြည်ရှိ ပေါ်တူဂီဒင်္ဂါး (တန်ဖိုး - ကန်ဒေါ်လာ ၄.၂ သန်း)



Ads.com.mm မှ တွေ့လိုက်လို့ပါ။ ပေါ်တူဂီတို့ မြန်မာပြည်ကို ကျူးကျော်ဝင်ရောက်စဉ် နှစ်မြှုပ်ခဲ့တဲ့ ပေါ်တူဂီ သင်္ဘောမှ ရရှိခဲ့ ဒင်္ဂါးလို့ ဆိုပါတယ်။ ဒီတော့ ခေတ်ကာလက ၁၆ ရာစု (၁၈၆၈ ခုနှစ် ဝန်းကျင်) ဖြစ်ပါတယ်။

0 comments:

မျက်လုံးထောင့်စွန်းက အသား - Plica Semilunaris



 Plica Semilunaris လို့ခေါ်တဲ့ မျက်လုံးထောင့်တွေမှာ ရှိနေတတ်တဲ့ အသား ခေါ် တတိယ မျက်ခွံဟာ လူနဲ့ အခြား သတ္တဝါအချို့ မှာ ပါရှိတတ် ပါတယ်။

သူ့ရဲ့  အဓိက လုပ်ဆောင်ချက်ကတော့ မျက်လုံး ရဲ့  လှုပ်ရှားမှု ဒီဂရီတိုင်းကို ထိန်းပေးခြင်း ဖြစ်ပါတယ်။ သူသာ မရှိရင် မျက်လုံးဟာ ကိုယ်လက်ရှိ လှည့်နိုင်တဲ့ မျက်လုံး ဒီဂရီလောက် လှည့်နိုင်မှာ မဟုတ်ပါဘူး။ နောက်ထပ် လုပ်ဆောင်ချက်ကတော့ ယင်း နေရာကနေ အရည်တစ်မျိုး ထုတ်ပေးပြီး မျက်လုံးပေါ်က မလိုအပ်တဲ့ အညစ်အကြေးနဲ့ အမှုန်တွေကို စုစည်းစေပါတယ်။

0 comments:

ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ



ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။

ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။

0 comments:

ဘူတန်မှ ကျောက်ကမ်းပါးထက်က ဘုန်းကြီးကျောင်း


ဘူတန်နိုင်ငံ၊ Paro ပြည်နယ်၊ Paro တောင်တန်းပေါ်မှာ တည်ဆောက်ထား တဲ့ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။

၈ ရာစုလောက်က တိဘက်ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရတဲ့ ဂုရု Padmasambhava ဟာ ကျားကိုစီးပြီး ယင်းတောင်က ဂူထဲမှာ ၃ နှစ်၊ ၃လ၊ ၃ ပတ်၊ ၃ ရက်၊ ၃ နာရီ တရားအားထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းကို အဆွဲပြုလို့ Tiger’s Nest Monastery လို့လည်းခေါ်ပါတယ်။

0 comments:

အမေရိကန် MGM မီဒီယာ ရဲ့  နောက်ကွယ်က ဇာတ်လမ်း



Metro-Goldwyn-Mayer လို့ခေါ်တဲ့ ကမ္ဘာကျော် အမေရိကန် မီဒီယာ တစ်ခုအနေနဲ့ အမှတ်တံဆိပ်တစ်ခုရဖို့အတွက် တကယ့် ခြေင်္သေ့ အစစ်ကို အသုံးပြုခဲ့ပါတယ်။

0 comments:

Facebook ပေါ်မှာ လူမျိုးပေါင်းစုံ



၁၊။ Rooster (ကြက်) - Good morning/ မင်္ဂလာရှိသော နံနက်ခင်း လေးပါလို့ Status တင်ရန် တာဝန်ယူထားသူများ

၂။ Lurker (ဘီလူးငှက်) - သင့် Post ကို Like မလုပ်၊ ကွန်းမင့်မပေး သော်လည်း Credit ပေး၍ ပြန်ပြန်တင်ပေးတတ်သူ

0 comments:

ကားလမ်းမပေါ်ဖြတ်၍ တည်ဆောက်ထားသော လေဆိပ်



ကားလမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားသော လေဆိပ် အမှန်တကယ် ရှိပါတယ်။ တည်နေရာကတော့ လစ်ဘရိန်းပင်နီဆူလ ကျွန်းရဲ့ တောင်ဘက်စွန်း ရှိ ဗြိတိန်ပိုင် ကျွမ်းမြို့ တစ်ခုဖြစ်တဲ့ Gibraltar  ကျွမ်းမှာ ဖြစ်ပါတယ်။ Gibraltar လို့ အမည်ရတဲ့ ယင်းလေဆိပ်ဟာ Gibraltar  ကနေ စပိန်နိုင်ငံသို့  ဖောက်လုပ်ထားတဲ့ အဝေးပြေး လမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားပါတယ်။

0 comments:

မြန်မာနိုင်ငံတွင် အခမဲ့ဝန်ဆောင်မှူပေးသည့် အွန်လိုင်း အရောင်းအ၀ယ် ၀က်ဆိုက်ဒ် www.ads.com.mm ပေါ်ထွက်လာ




www.ads.com.mmသည် ယခုအချိန်တွင် ရောင်းလို ၀ယ်လိုသည့် ပစ္စည်းအမျိုးပေါင်း ၅၀၀၀၀ ကျော်တို့ဖြင့် မြန်မာနိုင်ငံ၏ နံပါတ်တစ်
အွန်လိုင်း ၀ယ်ရောင်း ၀က်ဆိုက်ဒ် တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပါသည်။

0 comments:

လည်နေသော တိုက်


ပုံမှာမြင်တွေ့ရတာကတော့ ဘရာဇီးနိုင်ငံမှာရှိတဲ့ Suite Vollard ကုမ္ပဏီမှ တည်ဆောက်ခဲ့တဲ့ တိုက်ဖြစ်ပါတယ်။

0 comments:

ထောပတ်သီးက တိရစ္ဆာန်တွေအတွက် အဆိပ်ဖြစ်


အထူးသဖြင့် ထောပတ်သီးက ငှက်၊ ကြောင်၊ ခွေး၊ ယုန် တို့အပြင် အခြားသော အိမ်မွေး တိရစ္ဆာန်တော်တော်များများကို အဆိပ်ဖြစ်စေပါတယ်။

0 comments:

မစ်စတာဘင်းတစ်ယောက် လေယာဉ်မှူး ဖြစ်ခဲ့ဖူး



မစ်စတာဘင်းကို လူတိုင်းက အလွဲလွဲအချောချော်တွေချည်း လုပ်တတ်တဲ့ သူပဲလို့ ဇာတ်လမ်းတွေ့ကြည့်ပြီးတော့ တင်ရင်ထင်ပါမယ်။ သို့ပေမယ့် သေဘေးမှ လွတ်အောင် လေယာဉ်ပျံ တစ်စီးလုံးကို ထိန်းချုပ်ခဲ့ တယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။

0 comments:

၂၀ ရာစုရဲ့  ကမ္ဘာ့ဒုတိယအကြီးဆုံး မီးတောင်ပေါက်ကွဲမှု



ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မနီလာမြို့  အနောက်မြောက် ပိုင်း ၅၅ မိုင်အကွာလောက် မှာ ဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံကို အကျိုး သက် ရောက်စေခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်ပါတယ်။

0 comments:

စိမ်းပြာရောင်ကမ်းခြေ- Navagio beach



ပန်းချီကားမဟုတ်ပါဘူး။ အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး Navagio လို့ခေါ် ပါတယ်။

0 comments:

ဘုကျကျသူဌေးနှင့် ဘုကျကျ အင်တာဗျူး



သူဌေးတစ်ယောက်ဟာ သူ့အလုပ်သစ်တိုးချဲ့ ဖို့အတွက် ဝမ်ထိုးလိုအပ် တဲ့အတွက် အင်တာဗျူး စခေါ်ပါတယ်။ သူ့မှာ နားရွက် မပါတဲ့ ရပ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိပါတယ်။

0 comments:

လကမ္ဘာနာရီ (Moon Dust Watch)


လပေါ်ကို ပထမဆုံးသွားတဲ့ Mission မှ Neil Armstrong သယ်ပြန်လာတဲ့ နာရီလို့တောင် တင်စားပါတယ်။  လပေါ်က ဖုန်တွေကို ဒိုင်ခွက်ထဲ ထည့်သွင်းထားပြီး နာရီစတီးကတော့ Apollo 11 အာကာသ ယာဉ်က အစိတ် အပိုင်းများလို့ ဆိုပါတယ်။

0 comments:

ကမ္ဘာ့ဥာဏ်အကောင်းဆုံး တိရစ္ဆာန် - Koko



အမေရိကန်သင်္ကေတ ဘာသာရပ်အရ သင်္ကေတပေါင်း ၁ထောင်၊ အင်္ဂလိပ် စကားလုံေးပါင်း ၂ထောင်ကျော်ကို နားလည်တဲ့အတွက် ကမ္ဘာ့ဥာဏ် အကောင်းဆုံး တိရစ္ဆာန်လို့ မျောက်ဝံ Koko ကို သတ်မှတ်ထာပါတယ်။

0 comments:

ဦးနှောက်မှ အရေးကြီးသော အစိတ်အပိုင်း တစ်ခု -- ကြွက်သားမှတ်ဥာဏ်



လူတွေက ကိုယ့်ကိုယ်ကို ဘာလို့ကလိထိုးလို့မရတာလည်း ဆိုတာ ကလေးတွေ မေးလေ့ရှိပါတယ်။ ယင်းအတွက် အဖြေရှိပါတယ်။ ကိုယ့်ကိုယ် ကို ကလိထိုးလို့ မရယ်အောင် တားဆီး၊ သတိပေးနေတဲ့ အရာ ကတော့ ဦးနှောက်ထဲက cerebellum ဆိုတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ သူက မိမိရဲ့  လှုပ်ရှားမှုကို ပြန်လည်မှတ်သား ထားနိုင်တဲ့အတွက် ဘယ်လိုပဲ ကိုယ့်ကိုယ်ကို ကလိထိုးပါစေ ရယ်အောင် မလုပ်နိုင်ပါဘူး။

0 comments:

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား



Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

0 comments:

မှားပါတယ် သားရယ်



ညမိုးချုပ်နေပြီမို့ အိပ်ယာဝင်ခါနီးမှာ သားငယ်လေး အခန်းထဲကို ခဏ ဝင်နှုတ်ဆက်ပါတယ်။

သားငယ်လေး အိပ်မက်ဆိုးမက်ပြီး နိုးလာတဲ့ အချိန်နဲ့တိုးပြီး ဘာအိပ်မက် မက်လဲဆိုတာ မေးကြည့် လိုက်ပါတယ်။

0 comments:

ခေါင်းမပါလည်း ကြက်တို့က အသက်ရှင်နိုင်



 Miracle Mike လို့အမည်ပေးထားတဲ့ ကြက်က သက်သေပြသွား ပါတယ်။ ခေါင်းမပါပဲနဲ့ တစ်နှစ်ခွဲတိတိ အသက်ရှင်လျက် ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်သွားပါတယ်။

0 comments:

ကွန်ပြူတာ နှင့် ဖုန်း က လူကို အိပ်မပျော်စေ



ကွန်ပြူတာ၊ ဖုန်းတို့က လူကို တကယ်အိပ်မပျော်စေပါဘူး။ အဓိက အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

စမတ်ဖုန်းနဲ့ Laptop,PC ကွန်ပြူတာတို့မှ ထွက်ရှိတဲ့ အပြာရောင် အလင်းတန်း က ဦးနှောက်ကို ပိုလို လှုပ်ရှားတက်ကြွစေပါတယ်။ တီဗီမှ ထွက်တဲ့ အလင်းလည်းအတူတူပဲ ဖြစ်ပါတယ်။ ယင်း အီလက်ထရောနစ် ပစ္စည်း မျက်နှာပြင်မှ ထွက်တဲ့ အလင်းများဟာ ဦးနှောက်ရဲ့  လုပ်ရှားမှုကို ပိုမို မြန်ဆန်စေတဲ့အတွက် လူက ပင်ပန်းလို့ အိပ်ချင်တာတောင် မအိပ်ချင် ဘူးလို့ ထင်နေရတတ်ပါတယ်။

0 comments:

မိမိစားသော အစားအသောက်က မိမိသာ ဖြစ်




ဒီလိုပါ။ ဆေးပညာရှင်များအနေနဲ့ လူတစ်ယောက်ရဲ့  ကျန်းမာရေးကို အပေါ်ယံ စစ်ဆေးကြည့်ပြီးရင် သူဘာတွေစားတယ်ဆိုတာ ကို တော်တော် များများ ခန့်မှန်းလို့ရပါတယ်။

0 comments:

အခြားတစ်ဖက်ကို ကြည့်ပါ



အဖေဖြစ်သူ စာဖတ်တိုင်း သမီးက အမြဲ နှောင့်ယှက်ပါတယ်။ ဒါကြောင့် သမီး ငယ်လေး အငြိမ်နေအောင် တစ်ခုခုလုပ်ပေးမှ စာဖတ်လို့ရမှာ မို့ မြေပုံစာရွက် တစ်ခုကို အပိုင်းပိုင်းဖြဲပြီး သမီးကို ပေးလိုက်ပါတယ်။

0 comments:

ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်



ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ့ ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။

သူငယ်တန်းကနေ စကြည့် ရမယ်ဆိုရင် ငွေရှိတဲ့ မိသားစုမှာ မွေးဖွားတဲ့ ကလေးဟာ ရိုးရိုးကျောင်း ပညာရေးအပြင် အခြားသော ငွေကုန်ကြေးကျ များသာ ပညာရပ်များ၊ ကျောင်းများ တစ်မျိုးပြီး တစ်မျိုးတက်ရောက်ခွင့်ရကြ ပါတယ်။ သာမန်မိသားစု သို့မဟုတ် ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာ သူများကတော့ ပညာရေး ဆိုတာ တစ်ချိန်မှာ အလုပ်လျှောက်ရင် ပါလာတဲ့ လက်မှတ်ကလေး တစ်ခုပမာပဲ သဘောထားရရှာပါတယ်။ ပြီးတော့ အခြားသော ပညာရေးလမ်းများကိုလည်း လျှောက်လှမ်းခွင့် မရကြပါဘူး။

ဒီတော့ ဆင်းရဲသူများ၊ အဆင့်မြင့် ပညာသင်ကြားလိုသူများ၊ ဘဝ အတွက် သေချာသော အာမခံချက် ပညာတစ်ခု ရရှိလိုသူများအတွက် လူငယ်တိုင်းအတွက် နည်းလမ်းမျှဝေချင်ပါတယ်။

"အင်္ဂလိပ်စာ အရည်အချင်းမြင့်ပါ"
--------------------------------

အရေးအကြီးဆုံး အချက်မို့ ထိပ်ဆုံးထားပြီး အကြံပြုပါတယ်။ အင်္ဂလိပ်စာ တစ်ခုသာ ရရင် အားလုံးကို Self study ကြိုးစားလုပ်ယူလို့ ရပါတယ်။ အင်္ဂလိပ်စာတတ်ဖို့ဆိုတာကလည်း သင်တန်းအကြီးကြီးတွေ လိုက်တတ်နေ မှ မဟုတ်ပါဘူး။ စိတ်တစ်ခုက အရေးကြီးဆုံးသာ ဖြစ်ပါတယ်။ သူငယ်တန်း ကစလို့ ၁၀ တန်းအထိ သင်လာတဲ့ အင်္ဂလိပ်စာများ အခြေခံရှိတာနဲ့တင် အပြင် အင်္ဂလိပ်စာ လေ့လာဖို့က အင်မတန် လွယ်ကူနေပါပြီ။ ငွေရှိရင် လည်း ငွေကုန် သင်တန်းတက်ပြီး ငွေမရှိလည်း ပညာဒါန ကျောင်းများ ရှာတတ်နိုင်ပါတယ်။ မြန်မာပြည်က နေရာတော်တော်များများမှာ ပညာဒါန အခမဲ့ကျောင်းတွေ အတော်လေး များပြားနေပါပြီ။

အင်္ဂလိပ်ရုပ်ရှင်တွေ၊ သီချင်းတွေ ကြည့်ရှုနားထောင် သူတို့ ဘာသာစကားနဲ့ ဟန်ပန်အမူအရာကို လိုက်လံ အတုယူ၊ လေ့ကျင့် ပြောဆိုကြည့်ပြီးတော့ လည်း လေ့ကျင့်နိုင်ပါတယ်။ တစ်ယောက်တည်းသော်လည်းကောင်း၊ သူငယ်ချင်းများနဲ့သော်လည်းကောင်း လေ့ကျင့်ပြီးတော့ အင်္ဂလိပ်စကားပြော ကိုလည်း မြင့်တင်နိုင်ပါတယ်။

အင်္ဂလိပ်စာအရည်အချင်းတိုးတက်အောင် အလွယ်တကူ လေ့လာလို့ရတဲ့ စာအုပ်များလည်း အပြင်မှာ ရနိုင်တဲ့ အတွက် စာရေးသူမှ အကျယ်ချဲ့ မပြောလိုတော့ ပါဘူး။ အင်္ဂလိပ်စာ၊ စကား အတော်အတန် ပြောတတ်၊ နားလည် တတ်နေပြီဆိုရင်ကို ပတ်ဝန်းကျင်မှာ ကိုယ်ဟာ တစ်ဘန်းသာနေ မှာ ဖြစ်ပါတယ်။ ကမ္ဘာသုံး ဘာသာစကား အင်္ဂလိပ်စာတတ်ထားရင် ဘယ်အခြေအနေ၊ ဘယ်နေရာရောက်ရောက် အခက်အခဲများ ဖြေရှင်းနိုင် ပါတယ်။

အင်္ဂလိပ်စာနဲ့ ဆက်စပ်ပြီးတော့ အင်တာနက်ကလည်း လေ့လာရမယ့် နယ်ပယ်ကြီး တစ်ခု ဖြစ်လာပါတယ်။ အင်တာနက်မှာ ဗဟုသုတ ရနိုင်မယ့် အချက်အလက်ပေါင်း များစွာ ရှိနေပါတယ်။ ကိုယ်က အင်္ဂလိပ်စာ အခြေခံရှိရင်လည်း အလွယ်တကူ ဝင်ဖတ်နိုင်သလို၊ မရှိလည်း အဘိဓာန်ဆောင်လို့ အင်တာနက်မှာ စာများ လေ့လာ ဖတ်ရှုနိုင်ပါတယ်။ စာများတင်မဟုတ်ပါဘူး။ မိမိ စိတ်ဝင်စားတဲ့ ဘယ်အရာကိုမဆို ဝင်ကြည့်၊ ဝင်ဖတ်၊ ဝင်လေ့လာ၊ ဝင်အသုံးပြုကြည့်၊ ဖန်တီးကြည့်တာမျိုးတို့ ဖြစ်ပါတယ်။

အင်တာနက် လိုင်းမကောင်းတာတော့ မှန်ပါတယ်။ သို့ပေမယ့် ဒါစာ အမြဲတမ်းမဟုတ်ပါဘူး။ တစ်ခါခါကျ ကောင်းပါတယ်။ Browser တစ်ခုဖွင့်ဖို့အတွက် တစ်မိနစ်ထက် ပိုမကြာရင် သုံးဖို့ ကောင်းမွန်တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အင်တာနက်မှာ မန်ဘာဝင်လို့ရတဲ့ ပညာရေး ဖိုရမ်များ၊ ကျောင်းများ၊ အခမဲ့ ပညာရေး များ အစရှိသဖြင့် ကိုယ်ရှာဖွေရင် ရှာဖွေသလောက် တွေ့ရှိလို့ နိုင်ငံတကာ နဲ့ ပြည်တွင်း က ဖြစ်ပျက်နေမှုများကို သိရှိရမှာ ဖြစ်ပါတယ်။

"လမ်းတစ်ခုရွေးပါ"
----------------

မိမိ လျှောက်လှမ်းချင်တဲ့ ပရော်ဖက်ရှင် တစ်ခုခုကို ရွေးစေခြင်း ဖြစ်ပါတယ်။ မိမိ လက်ရှိမှာ ရှိနေတဲ့ ပညာအရည် အချင်းနဲ့ ဘယ်လို အရည်အချင်းတို့ ထပ်မံပေါင်းစပ်တဲ့အခါ ဘယ်လို အသက်မွေးဝမ်းကျောင်းမှု ပညာက ကိုယ့်အတွက် ကောင်းကျိုးပေးမယ်ဆိုတာ ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်စေချင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘာလုပ်လို့ ဘာကိုင်ရမယ်။ ဘယ်လမ်းရွေးချယ်ရမယ် ဆိုတာမှ မသိသေးရင် တော်တော်ကို ဆိုးတဲ့ အခြေအနေပါ။ နယ်မှာပဲနေနေ၊ မြို့ ကြီးမှာပဲနေနေ ဘဝရည်မှန်းချက် အသက်မွေးဝမ်းကျောင်းမှု ပညာရပ် တစ်ခုခုကိုသာ ရွေးချယ်ထားရင် မဆင်းရဲတော့ပါဘူး။ နောက်ပိုင်းက ကိုယ်ရဲ့ ကြိုးစားမှုအပေါ်မှာသာ မူတည်တော့လို့ ဖြစ်ပါတယ်။

"လမ်းဖြောင့်ဖြောင့်လျှောက်ပါ"
----------------------------

ဘယ်လိုပယောဂကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ ပညာရပ်လမ်းကနေ မနောက်ဆုတ်သင့်ပါဘူး။ နောက်ဆုတ်မယ်။ နားလိုက်မယ်။ ကြိုးစားမှု ရပ်တန့်မယ်။ လမ်းလွဲမယ်။ အစရှိတဲ့ လုပ်ရပ်များက မိမိရဲ့  ဘဝတန်ဖိုးကို အပြောင်းအလဲပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။ သုညက ပြန်စရတာ မလွယ်ပါဘူး။ ဒါကြောင့် လမ်းတစ်ခုရွေးပြီးရင် တည့်တည့်လျှောက်တတ်ရပါမယ်။ ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားရှိရပါမယ်။

အကောင်းဆုံး ကြိုးစားနိုင်ရပါမယ်။ အကောင်းဆုံးဆိုလို ကြိုးစားအားထုတ်မှု ဇွဲ၊ ဝီရိယ၊ လုံ့လ တည်နေစေဖို့ ဖြစ်ပါတယ်။ စိတ်တစ်ခုက အဓိက ဖြစ်ပြီး၊ စိတ်ဓာတ်ခိုင်ခိုင်ထားလို့ ကြိုးစားရင် မိမိကြိုးစားချက်များကို ကျေနပ်နေတတ်ပါတယ်။ ဒါကတော့ အကျဉ်းချုပ်ပြောခြင်းပါ။ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်နဲ့ အလုပ်တစ်ခုကို ရွေးချယ်မယ်ဆိုတာ ကလည်း အဆင့်များစွာ ရှိနေပါသေးတယ်။

"အခွင့်အလမ်းကောင်းများ ရှာဖွေပါ"
---------------------------------

တစ်ကူးတကတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကိုလျှောက်နေရင်း ဒီအတွက် ပိုမို အကျိုးထူးစေနိုင်မယ့် ထောက်ပံမှုများ၊ ပညာရပ်များ ပေါ်ပေါ်လာ တတ်ပါတယ်။ လေ့လာအားထုတ်မှုဆိုတော့မှာ ဘယ်တော့မှ မရပ်တန့်ရ ပါဘူး။ အခွင့်အရေးရလျှင်ရတိုင်း သတိကြီးကြီးနဲ့ ဆုံးဖြတ်ချက်ချလို့ အထောက်အပံ့ ကောင်း တစ်ခု ဖြစ်အောင် ကြိုးစား၊ ရွေးချယ်၊ သင်ယူ၊ လေ့ လာ ရပါမယ်။

တစ်ခါတစ်လေကျ အဆင့်မြင့် ပညာရပ်ဆိုတာ ဘွဲ့လက်မှတ်တွေပေါ်မှာ ရှိနေတာကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ် ဘယ်လောက်လေ့ လားဖြစ်ထားတယ်။ လုပ်နိုင်တယ်ဆိုတာကလည်း အဓိက ကျပါတယ်။ ကိုယ်က စာတမ်း မပြုစုရပေမယ့် ကိုယ်လုပ်ထားတဲ့ အလုပ်က စာတမ်းပြုစုထားသူများထက် ပိုမို ထူးခြား ကောင်းမွန်နေ ရင် ဒါဟာ အဆင့်မြင့်ပညာရပ်တစ်ခုကို တတ်မြောက်ထားခြင်း တစ်မျိုးပါပဲ။

အဓိက ပြောချင်တဲ့ အချက်က အခုမှရောက်ရပါတယ်။ ကိုယ်က ပိုက်ဆံ မရှိဘူး။ ပညာသင်ကြားဖို့ အခွင့်အရေး မရှိဘူးဆိုရင် ယခု လက်ရှိ လုပ်နေတဲ့၊ ရွေးချယ်ထားတဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လမ်းမှာ အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ရပါမယ်။ သာမန်လူ ပြုလုပ် သွားလာနေတဲ့ နည်းအပြင် ကိုယ့်ဆီမှာ ရှိတဲ့ အိုင်ဒီယာအသစ် များ ပေါင်းစပ်မယ်၊ နိုင်ငံတကာက နည်းနာများ လေ့လာ လို့ ပြည်တွင်းနဲ့ လျော်ညီတဲ့ အခြေအနေတစ်ခုကို ပြန်လည်ဖန်တီးမယ်။ ချပြမယ်။ ဒါတွေကလည်း တကယ်ပဲ အသိအမှတ်ပြုခံရလောက်တဲ့ အကျိုးကျေးဇူး အထိုက်အလျောက် တစ်ခုအထိ ရရှိလိုက်မယ်ဆိုရင် ကိုယ်ဟာ အဆင့်မြင့် ပညာရပ် သင်ကြားထားသူများနဲ့ ယှဉ်နိုင်ပါပြီ။

အထက်ပါ အချက်များအားလုံးကို လုပ်ဖို့အတွက် ငွေကြေး ဘယ်လောက်မှ မကုန်ကျပါဘူး။ ၁၀ တန်းအောင် ဖြစ်စေ၊ တက္ကသိုလ်ဘွဲ့ရဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မိမိ လေ့လာသော ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ဘူးဆိုရင်၊ အခက်အခဲတွေ တွေ့နေရင် အထက်ပါ အဆင့်များအတိုင်းသွားနိုင်ပါတယ်။

၁။ အင်္ဂလိပ်စာ အရည်အချင်း အဆင့်မြင့်ခြင်း
၂။ လမ်းတစ်ခုရွေးချယ်ခြင်း
၃။ ဇွဲရှိရှိ ကြိုးစားခြင်း
၎။ အခွင့်အလမ်းကောင်းများ ကို လက်ဆုပ်လက်ကိုင်ပြုနိုင်ခြင်း
၅။ စွန့်ဦးကြိုးစား ဖန်တီးခြင်း

အစရှိတဲ့ အဆင့်များအတိုင်း သွားမယ်ဆိုရင် ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုစေမယ့် ပညာတတ် တစ်ဦး ဖြစ်လာစေမယ်လို့ ယုံကြည်ပါတယ်။
----
-----
-----
အောင်ခမ်း
International news for myanmar

1 comments:

ပြင်သစ်မှာ ဆောက်မယ့် စပရင်တံတား



ဒီတံတားသာ တကယ်ဆောက်ဖြစ်မယ်ဆိုရင် လူစည်တော့မှာပါပဲ။ ပြီးတော့ ခရီးရောက်ဖို့ဆိုရင် လွယ်မယ့်အနေအထား မဟုတ်ပါဘူး။ တံတားပေါ်မှာ ခုံရင်း ပျံရင်းနဲ့ပဲ တစ်ဖက်ကမ်းကို ရောက်ရင်ရောက်၊ မရောက်ရင် ရေထဲ ကျနိုင်မယ့် တံတား ဖြစ်ပါတယ်။

0 comments:

ချစ်သူများနေ့ဆိုတာ (၂)




Zhinu လို့အမည်ရတဲ့ နတ်သမီးလေး တစ်ပါး ရှိပါတယ်။ ကောင်းကင်ဘုံက နတ်ဘုံနတ်နန်းမှာ နေရတဲ့ ဘဝကို သူ အတော်လေး ငြီးငွေ့နေပါပြီ။ ဒီလိုနဲ့ သာမန်ဘဝလေးအတိုင်းနေထိုင်တဲ့ လူ့ပြည်ကို အလည်ဆင်းပါတယ်။

0 comments:

ချစ်သူများနေ့ဆိုတာ



ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလက ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေ ချိန် ဖြစ်ပါတယ်။

စစ်တိုက်ဖို့သာ အချိန်တိုင်းတွေးနေပြီး ရောမအင်ပါယာကို ကြီးသထက် ကြီးအောင် ဖန်တီးပါတယ်။ စစ်တိုက်လေလေ စစ်သားလိုလေလေ၊ စစ်သားလိုလေလေ၊ ယောင်္ကျားတွေကို စုဆောင်း ရလေလေ၊ ယောင်္ကျားလေးတွေ စစ်ထဲဝင်တာများလေလေ၊ အမျိုးသမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့ မိသားစုကို လွမ်းလေလေ၊ အိမ်ပြန်ချင်လေလေ၊ အစရှိသဖြင့် သံယောဇဉ်နှောင်ကြိုးပေါင်း များစွာကြောင့် စစ်မှာ ခရီးမရောက်ဘူးလို့ အင်ပါယာကြီးထင် ယူဆပါတယ်။

0 comments:

အဆိုတော် Adele ၏ ဘုကျကျ အဖြေ



အင်တာဗျူးတစ်ခုမှာ Adele ကို သူ့ရဲ့  ကိုယ်အလေးချိန်နဲ့ အချိုးအစားကို မေးတဲ့ အခါ ဒီလိုဖြေပါတယ်။

"ကျွန်မက မျက်လုံးအတွက် သီချင်းဖန်တီးတာ မဟုတ်ဘူး။ နားအတွက် သီချင်း ဖန်တီးတာပါ"

0 comments:

ကမ္ဘာ့အချိန်အတိုဆုံး စစ်ပွဲ



Anglo-Zanzibar War အမည်ရ စစ်ပွဲဖြစ်ပြီး ၁၈၉၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ ဖြစ်ပါတယ်။

0 comments:

တရုတ်နှစ်သစ်ကူး ယဉ်ကျေးမှု သမိုင်းကြောင်း


တရုတ်နှစ်သစ်ကူး ဖြစ်ပေါ်လာတဲ့ ပထမပုံပြင်က ဒီလိုဖြစ်ပါတယ်။

ပင်လယ်ကမ်းဆပ်မြို့ တစ်ခုမှာ ရေနဂါးတစ်ကောင် သောင်းကျန်းပါတယ်။ Nian လို့အမည်ရပါတယ်။  တရုတ်နှစ်ကူး အချိန် ရောက်တောင် ကုန်းပေါ်တက်လာလို့ လူတွေကို လိုက်လံဖမ်းယူ စားသောက်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ပိုမိုနှစ်သက်တဲ့ နဂါးဖြစ်ပါတယ်။

0 comments:

မှားပါတယ် အဖေရယ်



လူပျိုပေါက်လေး သားငယ်ဟာ အဖေ ဖြစ်သူကို ဝမ်းသာအားရနဲ့ ယခုလို တိုင်ပင် စကား သွားဆိုပါတယ်။

"အဖေရေ။ သား ဘယ်ဘက်အိမ်နီးချင်းအိမ်က ရိုစီကို စိတ်ဝင်စားတယ်။ အဲဒါ သား ဖွင့်ပြောလိုက်တော့မယ်နော်"

0 comments:

မသိဘူးဆိုရင်



သားအဖ နှစ်ယောက် ရထားစီးလာပါတယ်။ အသက် ၂၄ နှစ်အရွယ် ရှိတဲ့ သားဖြစ်ပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လို့ ယခုလို စကားဆိုပါတယ်။

"အဖေရေ သစ်ပင်တွေ ကျန်ခဲ့တယ်ဗျ။ လိုက်မလာဘူး"

0 comments:

မြန်မာပြည်က လူငယ်တိုင်း အတွက် ဖြစ်သည်



ခေါင်းစဉ်က ဖတ်လိုက်ကတည်းကို တကယ့် အကြီးကြီးပါပဲ။ သို့ပေမယ့် ရည်ရွယ်ချက်က ရိုးရိုးရှင်းရှင်းပဲ ရှိပါတယ်။ ဒါကတော့ - မြန်မာပြည်မှာ Facebook၊ အင်တာနက် ဝဘ်ဆိုဒ် အပြင် အခြားသော ဆိုရှယ်မီဒီယာဆိုဒ် အသုံးပြုနေသော ဘယ်သူမဆို ကိုယ်ပိုင်ဝင်ငွေရှိသော စီးပွားရေး လုပ်ငန်း ပိုင်ဆိုင်လာစေဖို့ ဖြစ်ပါတယ်။

0 comments:

အမေရိကန်မှ ကမ္ဘာ့အသန့်ရှင်းဆုံးရေကန်


ပုံမှာ ကြည့်လိုက်ရင် ရေတိမ်တယ်လို့ ထင်ရပါတယ်။ အမှန်တော့ ယင်း ကန်ဟာ ပေ ၃၇၀ နက်တဲ့ Flathead Lake ဖြစ်ပါတယ်။

0 comments:

ကမ္ဘာ့အသေးဆုံး သမင်


တောင်အမေရိကမှာပဲ ရှိတဲ့ သမင် တစ်မျိုး ဖြစ်ပါတယ်။ Pudu လို့ ခေါ်ပြီး အီကွေဒေါ၊ ချီလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပီရူး အစရှိတဲ့ နိုင်ငံများရဲ့  တောင်ကုန်းမြင့် ဒေသတွေမှာ နေထိုင်ပါတယ်။

0 comments:

လိပ်ရော့ခ်ကာ ခေါ် မာရီမြစ်လိပ်



ဆံပင်မွေးတစ်ထောင်ထောင်နဲ့ ရေညှိတက်နေတဲ့ ခေါင်းနဲ့ လိပ်ခွံကြောင့် သူ့ကို လိပ်ရော့ခ်ကာ (Rocker Turtle) လို့ နာမည်ပြောင် ပေးထားပါတယ်။ အမည်ရင်းကတော့ Mary River turtle ဖြစ်ပါတယ်။

0 comments:

ဒူဘိုင်းမှ ကမ္ဘာ့အမြင့်ဆုံး လူနေအိမ်ရာ



Princess Tower မှ မြူဖုန်းနေတဲ့ ဒူဘိုင်းမြို့ ကြီးကို လှမ်းမြင်နေရ မှု ဖြစ်ပါတယ်။

ယင်း ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ ရှိ Princess Tower ဟာ ကမ္ဘာ့အမြင့်ဆုံး လူနေအိမ်ရာ အဆောက်အအုံ (the world's tallest residential building) အဖြစ် စံချိန်တင်ထားပါတယ်။

0 comments:

နော်ဝေမှ ကျွန်းမြို့  Lofoten



နော်ဝေနိုင်ငံမြောက်ပိုင်း ပြည်နယ် Nordland တွင်းရှိ Lofoten အမည်ရ ကျွန်စုမြို့ ငယ်လေး ဖြစ်ပါတယ်။

ဘယ်လောက်လှတဲ့မြို့  ဖြစ်တယ်ဆိုတာ ပုံကြည့်ရုံနဲ့တင် သိရှိနိုင်ပါတယ်။ ဒါတောင် အပေါ်ယံမှာပဲ ရှိပါတယ်။ ရေအောက်မှာ ကမ္ဘာ့အရှားပါးဆုံးသော သန္တကျောက်တန်းစုကြီးတွေ၊ ငါးပူတင်းမျိုးစိတ်တွေ၊ အခြားသော ရေနေ သတ္တဝါကြီးငယ် စုံလင်စွာနဲ့ ရင်သပ်ရှုမောဖွယ်ကို လှပလို့နေပါတယ်။

0 comments:

ဘီးလူးစီးသော လေယာဉ်ပျံ - Ghost Rider



Ghost Rider လို့ ဂုဏ်တင်ခေါ်ဆိုရတဲ့ Lockheed AC-130 က ကြည့်လိုက် ရင်တော့ သာမန် သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စီးအတိုင်းပါပဲ။

0 comments:

လူ ၂၀၀ ကျော်သတ်သော သူနာပြု လေးဦး သို့မဟုတ် Angels of Death



စုစုပေါင်း လူနာ ၂၀၀ ကျော်ကို သတ်ခဲ့တဲ့ သူနာပြုလေးဦးရဲ့  ရာဇဝတ်မှု ကြီး သမိုင်းမှာ တကယ်ဖြစ်ခဲ့ပါတယ်။ သိပ်မကြာသေးပါဘူး။ သြစတီးယားနိုင်ငံမှာ ဖြစ်ပြီး ၁၉၈၃ ခုနှစ်က စလို့ ၁၉ ရာစုတစ်ခုလုံး Angels of Death လုပ်ခဲ့သူများ ဖြစ်ပါတယ်။

0 comments: