သီတင်းကျွတ် လပြည့်နေ့ အတွက် International news for myanmar ၏ ဆုတောင်း ဆန္ဒ



သီတင်းကျွတ် လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့လေးမှာ ပြည်တွင်း ကကော၊ ပြည်ပကို ရောက်နေသူ ဗုဒ္ဓဘာသာဝင်များကော ကောင်းမှု ကိုသိုလ်အမျိုးမျိုး ပြုလုပ်နေကြမယ်လို့ ယူဆပါတယ်။

ကောင်းမှုကုသိုလ်ပြုတယ်ဆိုလို့ ရွှေတိဂုံဘုရား၊ နီးစပ်ရာ ဘုရားများသို့ သွားရောက် ဖူးမျော်နေရုံနဲ့ မလုံလောက်သေးပါဘူး။ ဗုဒ္ဓဘာသာ သာသနာ မပျောက်ပျက်နိုင်အောင်၊ ဆက်လက် ပြန့်ပွားလာအောင် အမှတ်ရ၊ အသိဝင် စေမယ့် နေ့လေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသွားပြီးရင် အိမ်မှာဖြစ်ဖြစ်၊ နီးစပ်ရာ ဘုရားကျောင်းကန် ဖြစ်ဖြစ် အဘိဓမ္မာတရားများကို ဖတ်ရှုလေ့လာ၊ နာကြားစေလိုပါတယ်။

 ယနေ့တစ်ရက်တည်းကို မဆိုလိုပါ။ နေ့စဉ်ပြုနေရမယ့် အမှု ဖြစ်ပေမယ့် နေ့ တိုင်း မလေ့လာနိုင်ရင်တောင် အမှတ်ရသတိရတိုင်း ပြုလုပ်ပေးစေ လိုပါတယ်။ ဒါမှ ဗုဒ္ဓဘာသာ ဝင်တို့ အလေးထား၊ တန်ဖိုးထားတဲ့ ဘုရားဟော အဘိဓမ္မာများ ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။ သာသနာ့ တာဝန်ထမ်းဆောင်သူ ရဟန်း၊လောကုတ္တရာဝင် ပုဂ္ဂိုလ်များတင် မဟုတ်ပဲ လောကီ လူပုဂ္ဂိုလ်များ ပါ လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။

မြတ်စွာဘုရား ဟောကြားသော မြတ်တရားများ ဆက်လက်အဓွန့်ရှည်ရန်၊ ၃၁ ဘုံသား အားလုံး လောကုတ္တရာ မဂ်ဖိုလ်ဆိုက်ရန် INM မှ ဆုမွန်ကောင်း တောင်း ပေးလိုက်ရပါကြောင်း

အောင်ခမ်း (International news for myanmar)

0 comments: