အီရန်တို့ ယူရေနီယမ် ထုတ်လုပ်ရန် အခြားနိုင်ငံများနှင့် ပူးပေါင်းသွားမည်

အောက်တိုဘာ ၃။         ။ အီရန်ရှိ  နျူကလိယျ စက်ရုံများမှ ထုတ်လုပ်သော ယူရေနီယမ်များကို ဆက်လက် ထုတ်လုပ်ရန် အခြားနိုင်ငံများနှင့် ပူးပေါင်းသွားမည် ဖြစ်ကြောင်း သမ္မတ အမာဒီနီဂျက်က ပြောဆိုခဲ့သည်။

လက်ရှိတွင် အီရန်တို့သည် ယူရေနီယမ်သန့်စင်ခြင်းကို ၂၀ ရာခိုင်နှုန်း သန့်စင်ခြင်းအဆင့်သို့ ရောက်ရန် နီးလာပြီး အကယ်၍ ၂၀ ရာခိုင်နှုန်း အဆင့်ထိ သန့်စင်ပြီးပါက ကုန်ကျစရိတ်မြင့်မားသဖြင့် အခြားနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။


ယင်းအတွက် အခြားနိုင်ငံများကို ကမ်းလှမ်းချက်များ ပြုလုပ်ထားပြီး ဒေသတွင်း နိုင်ငံများမှ တစ်ခုခု ပူးပေါင်း လာဖွယ် ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ပူးပေါင်းမှုအတွက် ၃.၅ ရာခိုင်နှုန်း သန့်စင်ပြီးသော ယူရေနီယမ် များကိုအလဲအထပ် အဖြစ် ပြန်လည် ပေးဆပ်မည်ဟု ပြောကြားထားသည်။ ယခုကဲ့သို့ သန့်စင်ပြီး ယူရေနီယမ်များကိုလည်း စွမ်းအင်နှင့် ဆေးဝါးထုတ်လုပ်ရေးများအတွက်သာ အသုံးပြုသွားမည် ဖြစ်ကြောင်း အမာဒီနီဂျက်မှ ပြောဆိုခဲ့သည်။

ကမ္ဘာက တားဆီးထားသည့်တိုင် ယူရေနီယမ်ကို ငြိမ်းချမ်းရေးအတွက် အသုံးချမည်ဟု ကြေညာပြီး အီရန်တို့ ရှေ့ ဆက်နေဆဲ ဖြစ်သည်။
---
Ref: news.cn

0 comments: