အမေရိကန်အရှေ့ ပိုင်းသို့ ကြီးမားသော စန္ဒီဟာရီကိန်း ရောက်ရှိ

 အောက်တိုဘာလ ၂၉ ရက် ညက စပြီး Sandy (စန္ဒီ) အမည်ရ ဟာရီကိန်းအမျိုးအစားတစ်ခုက အမေရိကန် နိုင်ငံ အရှေ့ ဘက်ပိုင်းသို့ ဦးတည်တိုက်ခတ်ခဲ့ပါတယ်။


တစ်နာရီ ၈၅ အထက်မှာ ရှိပြီး အိမ်များပျက်ဆီးခြင်း၊ လမ်းရေနှစ်မြှုပ်ခြင်းများ ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒီအတွက် ကြိုတင်သတိပေးချက် အချိန်မှီပေးထားတွက် ရွေ့ ပြောင်းမှု များ ပြုလုပ်ခဲ့ကြပါတယ်။ အရှေ့ ဘက် ကမ်းရိုးတန်း တစ်လျှောက်က ပြည်သူပေါင်းထောင်ချီကို ရွေ့ ပြောင်းထား ပါတယ်။ ပြည်သူပေါင်း သန်းချီလည်း လျှပ်စစ် မီးပြတ်တောက်ပြီး လိုအပ်ပါက ရွေ့ ပြောင်းရမယ့် အနေ အထားမှာ ရှိပါတယ်။ နယူးယောက်မြို့ ရှိ မြေနိမ့်ပိုင်း မှာ နေထိုင်သူများအား ထွက်ခွာရန် အမိန့်ပေးခဲ့ပါတယ်။

နယူးဂျာဆီပြည်နယ်၊ Brooklyn ခရိုင်၊ Manhattan ခရိုင်များသို့လည်း ရေများ ရောက်ရှိပြီး လူသေဆုံးမှုလည်း ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်၏ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ဟာရီကိန်း တစ်ခုဖြစ်ပြီး နယူးယောက်က စတော့ရှယ်ယာဈေးကွက်ကိုပါ ပိတ်ပင်ခဲ့ရပါ တယ်။ နေရာတော်တော်များများမှာ ရေနှစ်မြှုပ်မှု ဖြစ်ပေါ်ပြီး အရေးပေါ် ကယ်ဆယ်ရေးများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
---
Ref:ABS
Photo courtesy of ABS. All Rights Reserved.






0 comments: