2012 Smartphone of the year ဆုရထားသော Samsung Galaxy S2



၂၀၁၂ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး စမတ်ဖုန်း ဆုကို Samsung Galaxy S2 ကရရှိထားခြင်း ဖြစ်ပါတယ်။ Mobile World Congress မှ အကဲခတ်ပြီး ပေးတဲ့ ဆု ဖြစ်ပါတယ်။ အဲ့တုန်းက Samsung Galaxy S3 ရော iPhone 5 ပါမထွက်သေးပါဘူး။ ဒါကြောင့် ယင်းဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့တိုင်လည်း ကမ္ဘာ့ရောင်း အားကောင်း ဖုန်း ၁၀ လုံး စာရင်းထဲမှာ ထိပ်တန်း ပါဝင်နေပါသေးတယ်။

0 comments:

ပလပ်စတစ်အိတ်တွင်မွေး၍ ပလပ်စတစ်အိတ်တွင် သေခဲ့ရသူ



၁၉၇၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှာ မွေးဖွားပြီး မွေးရာ ပါ ရောဂါဖြစ်တဲ့ SCID နဲ့အတူ လောက ထဲ ရောက်ရှိလာပါတယ်။ တစ်ကမ္ဘာမှာ နှစ်ယောက်တောင် တွေ့ဖို့ခဲတဲ့ ရောဂါ ဖြစ်ပြီး David Vetter (ဒေးဗတ်တာ) ကတော့ သေဖို့ ကြိမ်းသေနေပါတယ်။

0 comments:

ချင်းမိုင် တန်ဆောင်တိုင် မီးပုံးပျံပွဲ


မြန်မာနိုင်ငံမှာလိုပဲ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ထိုင်းမှာလည်း ယဉ်ကျေးမှု ပွဲတော်များ ကျင်းပပါတယ်။ ပုံမှာ မြင်တွေ့ရတာကတော့  ချင်းမိုင် တိုင်ဆောင်တိုင် မီးပုံးပျံပွဲ ဖြစ်ပါတယ်။

0 comments:

စိတ်ဖိစီးမှုများသည့်အခါ ဖြစ်လာနိုင်သော ကျန်းမာရေးဆိုးကျိုး များ



၁။ ခေါင်းကိုက်၊ ခေါင်းမူး၊ ဦးနှောက်နှင့် အာရုံကြော နှင့်ပက် သက်သော ရောဂါများ ဖြစ်လွယ်စေခြင်း။

၂။ မျက်နှာတွင် ဝက်ခြံ၊ တင်းတိမ့် ကဲ့သို့ အရေအပြား ပြဿနာ များ ဖြစ်ပေါ်စေခြင်း။

0 comments:

Daewoo International မှ မြန်မာနိုင်ငံသား ဝန်ထမ်းများ အလိုရှိသည်



တောင်ကိုရီးယားကုမ္မဏီကြီး Daewoo International Corporation  မှ မြန်မာနိုင်ငံတွင် (Oil & Gas Projects)  ရှေ့ ဆက်လုပ်ငန်းစဉ် များအတွက် အားထားရသော၊ အရည်အချင်းပြည့်မှီသော၊ လုပ်ရည်ကိုင်ရည် ရှိသော အောက်ပါ ဝန်ထမ်းများအား အလိုရှိသည်။

0 comments:

ပြည်တွင်းရေပန်းစား Mazda RX-8 ပြိုင်ကားများ

 မြန်မာပြည်လမ်းတွေမှာ တော်တော်အတွေ့များနေပြီ ဖြစ်တဲ့ ပြိုင်ကား ဖြစ်ပါတယ်။ အဓိက လူကြိုက်များတဲ့ အကြောင်း အရင်းကတော့ ဈေးသက်သာခြင်း ဖြစ်ပါတယ်။ Nissan Fairlady ပြိုင်ကား မစီးနိုင်တဲ့သူတွေအနေနဲ့ RX-8 ဘက်ကို လှည့်ကြပါတယ်။ အချို့ ကျတော့ RX-8 ကြိုက်လို့ကို ဝယ် စီးကြခြင်း ဖြစ်ပါတယ်။ ၂၀၀၃ ကနေစလို့ ၂၀၁၂ မော်ဒယ် အထိသာ ထုတ်လုပ်တဲ့ကား ဖြစ်ပါတယ်။

0 comments:

ရေဒီယို၊ဓာတ်ရောင်ခြည်ကာကွယ်ပေးမည့် ဖုန်း စတစ်ကာ RadiSafe



အိန္ဒိယ ထုတ်ပစ္စည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀ ကျော် မှာ အောင်အောင် မြင်မြင် ဖြန့်ချိနေတဲ့ ပစ္စည်းလည်း ဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်၊ ရေဒီယိုလိုင်း ထုတ်လွတ်မှုကို လျော့ချပေးမယ့် စတစ်ကာ ဖြစ်ပါတယ်။

0 comments:

တိဘက်တွင် KFC ကြက်ကြော်မရှိ



တရုတ်ပြည်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသော တိဘက်ဒေသကြီးဟာ တိဘက်ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ဌာနေကြီး တစ်ခု ဖြစ်ပါတယ်။

0 comments:

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)



ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။

၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။

0 comments:

ACE data system မှ အောက်ပါဝန်ထမ်းများ အလိုရှိသည် -

ACE data system မှ အောက်ပါဝန်ထမ်းများ အလိုရှိသည် -

1- ICT Project Coordinator
2- Sales and Marketing Representative
3- Sales and Marketing Executive

အထက်ပါ သုံးခုအတွက် သက်ဆိုင်ရာဘွဲ့များ ရရှိထားရမည်

0 comments:

ကန်ဒေါ်လာ ၁.၂၅ သန်း တန် ပြိုင်ကား Venom GT2



Venom GT1 ကို အမေရိကန်ဒေါ်လာ ၁ သန်းဝန်းကျင်နဲ့ ၂၀၁၂ နှစ်ဆန်း က ရောင်းချခဲ့ပါတယ်။ စတင်ပြသတာကတော့ ၂၀၁၀ ခုနှစ် မတ်လက တည်းက ဖြစ်ပါတယ်။ ယခု ကားကတော့ ၂၀၁၄ မော်ဒယ် အမည်နဲ့ ထွက်ရှိ လာမယ် GT2 ဖြစ်ပါတယ်။

0 comments:

ကမ္ဘာ့ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာသည့် Samsung Galaxy S3



နိုဝင်ဘာလဆန်းပိုင်းမှာတင် Samsung Galaxy S3 ဟာ iPhone 5, iPhone 4S ကို ကျော်လွန်ပြီး ကမ္ဘာ့ရောင်းအား အကောင်းဆုံး ဖုန်းအဖြစ် စံချိန် တင် သွားပြီ ဖြစ်ပါတယ်။

ကမ္ဘာ့အကြမ်းခံ ဖုန်းတစ်လုံး ဖြစ်ကြောင်းလည်း http://youtu.be/dc9c5YFyovU ဗီဒီယိုနဲ့ သက်သေပြသွား ပါတယ်။ လာမယ့် ၂၀၁၃ Mobile World Congress နဲ့ CES မှာ Samsung Galaxy S4 ပြသမယ်လို့လည်း သတင်းထွက်နေပါတယ်။ သို့ပေမယ့် Samsung Galaxy S3 ရောင်းအား ကတော့ ကျဆင်းသွားခြင်း လုံးဝ မရှိသေးပါဘူး။ နေ့စဉ် ကမ္ဘာတစ်လွှားမှာ ဝယ်ယူမှု မြင့်တက်နေဆဲ ဖုန်း ဖြစ်ပါတယ်။

0 comments:

တရား မဝင်သော်လည်း ကယ်လီဖိုးနီးယားက လေထီးခုန်သူများ



အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် အရှေ့ လယ်ပိုင်း ရှိ Yosemite အမျိုးသား ဘေးမဲ့ ပန်းခြံတောမြိုင်မှာ ဖြစ်ပါတယ်။

0 comments:

အမေရိကန်တို့ ကျည်ကာ ဝတ်ဆုံ စမ်းသပ်မှု

ကျည်ကာဝတ်စုံဟာ သက္ကရာဇ် ၁၅၃၀ ခုနှစ်တွေကတည်း က စတင်ပေါ် ပေါက်ပေမယ့် လက်ရှိ နည်းပညာမှာ နံပါတ် ၁ ပြေးနေတာ ကတော့ အမေရိကန် ဖြစ်ပါတယ်။

0 comments:

အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake



ယနေ့ချိန်ခါထိ သိပ္ပံပညာရှင်တို့ ရှာဖွေဖော်ထုတ်လို့မရသေးတဲ့ သဘာဝ အလျောက် ပန်းရောင်သန်းနေတဲ့ ရေကန် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အနောက်ပိုင်း Western Australia ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်နဲ့ နီးပါတယ်။ Hiller Lake လို့အမည်ရပါတယ်။

0 comments:

သီချင်းဆိုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ



၁။ စိတ်ဓာတ်ကျဆင်းစေသော သောကများ လျော့ချပေးခြင်း။

၂။ သွေးဖိအား လျော့ချပေးခြင်း (သွေးတိုး ရောဂါဖြစ်နိုင်ချေ ကျဆင်းခြင်း)။

၃။ ကိုယ်ခံအား ကောင်းစေခြင်း။

၎။ အသက်ရှုအား ကောင်းစေခြင်း၊ အဆုတ်ကျန်းမာစေခြင်း။

၅။ ကိုယ်ရော စိတ်ပါ စည်းချက်မှန်မှန် လှုပ်ရှားတတ်စေခြင်း။

၆။ သင်ယူလေ့လာမှု အားကောင်းစေခြင်း (အထူးသဖြင့် ကလေးများ)။

၇။ မှတ်ဥာဏ်များ ပိုမိုကောင်းမွန်ခြင်း။

၈။ လူမှုဆက်ဆံရေး တိုးတက်စေခြင်း။

၉။ ကိုယ်စိတ်ချမ်းသာခြင်း။

၁၀။ တက်ကြွလန်းဆန်းစေခြင်း။
--
Ref: medicfacts

www.ads.com.mm

0 comments:

၂၀၁၃ တွင် ထွက်ရှိမည့် Iron Man 3



"Does the man make the suit or does the suit make the man?

လူက Iron man ကိုလုပ်တာလား၊ Iron man ကလူကို လုပ်တာလား ဆိုတာကို Tony Stark အဖြေရှာရတော့မယ့် အချိန် ဖြစ်ပါတယ်။ ဘာလို့လဲ ဆို သူ့ရဲ့   Iron Man စက်ရုပ်ဝတ်ဆုံအားလုံး အဖျက်ဆီးခံလိုက် ရပြီမို့ ဖြစ် ပါတယ်။

0 comments:

အရောင်စုံဖြင့်လှပနေသော- Popeye ရွာ



တောင်ဥရောပ- မော်လတာနိုင်ငံရေပိုင်နက် မြေထဲပင်လယ်ကျွန်းစုထဲက  Anchor Bay မှာ ရှိတဲ့ ရွာလေး တစ်ရွာ ဖြစ်ပါတယ်။

ရောင်စုံများနဲ့လှပပြီး တစ်ရွာလုံးကို သစ်သားနဲ့ပဲ ဆောက်လုပ်ထား တာ ဖြစ် ပါတယ်။ ၁၉၇၉ ခုနှစ်ကတည်းက တည်ရှိလာပြီး ဆွေးမြေတဲ့ သစ်လုံးများနဲ့ ရွာ (amshackle wooden village) လို့တင်စားခေါ်ဝေါ်ကြ ပါတယ်။

0 comments:

လက်တလော Core i5 လပ်(ပ်)တော့ နှင့် ၂၀၁၀ ထွက် Macbook Core i5 Pro


၂၀၀၆ ၊ဇန်နဝါရီလ က စတင်ပြီး ယနေ့တိုင် ရပ်တည်လာတဲ့ စတိဗ်ဂျော့်ရဲ့  လက်ရာ တစ်ခုလည်း ဖြစ် ပါတယ်။ အဲ့တုန်းက ကမ္ဘာ့အပါးဆုံး Notebook များလို့တောင် Apple မှ ကြွေးကြော်နိုင်ခဲ့ပါတယ်။ ယခုတော့ Apple တင်မဟုတ်တော့ ပဲ အပါးဆုံး စာရင်းဝင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပြီ ဖြစ် ပါတယ်။

0 comments:

ကမ္ဘာ့အကြီးဆုံး ဘီယာခွက်



၂၀၀၉ ခုနှစ် နိုဝင်ဘာလက ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဘီယာခွက် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဖြစ်ပါတယ်။

0 comments:

ယုံကြည်မှုနှင့် ပညာ ပေါင်းစပ်ဖို့ ဆိုတာ



စာရေးသူ လမ်းလျှောက်နေတုန်း အလှူခံမဏ္ဍတ် တစ်ခုဖွင့် ထားသော ဆောင်းဘောက်မှ သီတဂူဆရာတော် ဘုရား ဟောတဲ့ တရားသံ သဲ့သဲ့ကြားလိုက်ပါတယ်။ “သဒ္ဒါနဲ့ ပညာ မျှတနေဖို့လိုအပ်တယ်” ။ဟုတ်ပါ တယ်။ သဒ္ဒါနဲ့ ပညာ မျှတဖို့ တကယ် လိုအပ်ပါတယ်။

0 comments:

ရုပ်ရှင်ထဲကလို အိမ်ကို ပူပေါင်းချိတ်ပျံသူ



Pixar ရဲ့  Up အမည်ရ ရုပ်ရှင်ထဲကလို အိမ်တစ်လုံးကို မိုးပျံပူးပေါင်းနဲ့ ချိတ်လို့  အမေရိကန် လူစွန့်စား Jonathan Trappe ကပြုလုပ်ခဲ့ ပါတယ်။ ပြုလုပ်တာကတော့ မက္ကဆီကိုနိုင်ငံ Leon မြို့ မှာ ဖြစ်ပါတယ်။

0 comments:

အိန္ဒိယ ဆာဒူကြီးက ၃၉ နှစ်လုံးလုံး လက်တစ်ဖက်မြောက်ပြီး နေထိုင်



သာမန် လူတစ်ယောက် လက်တစ်ဖက်ကို လေပေါ်မြောက်တဲ့အခါ ၁ မိနစ်လောက်ဆိုရင် အတော်ညောင်းပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ Amar Bharati အမည်ရ အိန္ဒိယ ဆာဒူးကြီးကတော့ ၁၉၇၃ ခုနှစ်က စလို့ ယနေ့တိုင် လက်မြောက်ထားသူ ဖြစ်ပါတယ်။

1 comments:

Gangnam Style သီချင်းက တစ်သက်တာ လူကြည့်အများဆုံး Youtube ဗီဒီယိုအဖြစ် စံချိန်တင်



တောင်ကိုရီးယား Rapper အဆိုတော် PSY ရဲ့  Gangnam Style သီချင်းဟာ မကြာသေးမီကပဲ အချိန်တိုတွင်း Youtube တွင် လူကြည့် အများဆုံး ဗီဒီယိုအဖြစ် စံချိန်တင်ထား ပါတယ်။ ယခု နောက်ထပ် စံချိန် သစ်ကတော့ တစ်သက်တာ လူ့ကြည့်အများဆုံး Youtube ဗီဒီယို (YouTube's most-watched video of all time) အဖြစ် ထပ်မံ စံချိန် တင်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:

လက်သန်းချိတ် ကတိပေးခြင်း ဟူသည် (Pinky Swear)



လက်သန်းချိတ် ကတိပေးတဲ့ ယဉ်ကျေးမှုက ကမ္ဘာတစ်ခုလုံး ပျံ့ နှံ့နေတာ ဖြစ်ပါတယ်။ အမှန်တော့ ယင်း ယဉ်ကျေးမှုက This Little Piggy ကလေးချော့ သီချင်းကနေ စတာ ဖြစ်ပါတယ်။

0 comments:

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ


ပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

0 comments:

၂၀၁၃ တွင်ထွက်ရှိမည့် Alfa Romeo 4C

 မီနီကားထုတ်လုပ်ရာမှာ အောင်မြင်လှတဲ့ အီတလီ အခြေဆိုက် Alfa Romeo မှ ဒီဇိုင်းလှ ခပ်ပေါ့ပေါ့ ပြိုင်ကား ဒီဇိုင်းသစ် မိတ်ဆက်ပြသခဲ့ပါတယ်။ သူ့ကို Alfa Romeo 4C လို့နာမည်ပေးထားပြီး ၂၀၁၃ မေလမှ စတင်ဖြန့်ချိ ရောင်းချ မှာ ဖြစ်ပါတယ်။

0 comments:

Chinese Zodiac ရုပ်ရှင်က ဂျက်ကီချန်းအတွက် နောက်ဆုံး အကောင်းဆုံး ဖြစ်



Chinese Zodiac အမည်ရ တရုတ်အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီး ဟာ ဟောင်ကောင်မင်းသား ဂျက်ကီးချန်းအတွက် နောက်ဆုံးနဲ့ အကြီးဆုံး အက်ရှင်ကားကြီး ဖြစ်တယ်လို့ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

0 comments:

နှစ်နိုင်ငံတွင် တစ်ပြိုင်နက်တည်း နေနိုင်သည့် နေရာ



နိုင်ငံနှစ်နိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ခွရပ်လို့ ရတဲ့ နေရာ တကယ် ရှိပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ Baarle-Hertog မြို့ နဲ့ နယ်သာလန်နိုင်ငံ Baarle-Nassau မြို့ တို့ ထိစပ်နေတဲ့ နယ်စပ်ဖြစ်ပါတယ်။

0 comments:

သခင်ကို စောင့်ရင်း အသက်စွန့်သွားသူ



Hachiko အမည်ရ ခွေးကတော့ ကမ္ဘာကျော်ခွေးပဲ ဖြစ်ပါတယ်။ ယင်းခွေးကို အခြေခံလို့ ဂျပန်ရုပ်ရှင်၊ ဟောလိဝုဒ်ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ပြီး ဖြစ် ပါတယ်။ သခင် သေဆုံးတာ ၉ နှစ်ကြာသွားပေမယ့် ဘူတာမှာ အမြဲ သွားစောင့်နေခဲ့တဲ့ ခွေး ဖြစ်ပါတယ်။

0 comments:

ကျိန်စာမိနေသော ပန်းချီကား



ငိုနေသော ကလေး ( Crying baby ) အမည်ရ ပန်းချီကားဟာ ကျိန်စာ မိနေတဲ့ ပန်းချီကားလို့ ယနေ့တိုင် ရေပန်းစားလျက် ရှိပါတယ်။ အကြောင်း အရင်းကတော့ ယင်းပန်းချီကားကို အိမ်မှာဆောင်ထားသူတို့ အိမ်မီးလောင်တဲ့ ဖြစ်ရပ်နဲ့ ကြုံရလို့ ဖြစ်ပါတယ်။

0 comments:

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ



ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိထားပါတယ်။

0 comments:

အိုစမာဘင်လာဒင်သည် စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်ခဲ့



အိုစမာဘင်လာဒင်ဟာ စီအိုင်အေရဲ့  အေးဂျင့် တစ်ဦး ဖြစ်ခဲ့ဖူးတယ်ဆိုတာ ၁၀ ယောက်မှာ ၇ ယောက်မသိတဲ့ ကိစ္စ ဖြစ်ပါတယ်။ ငြင်းဆိုချက်တွေ အမျိုးမျိုးကို အမေရိကန်တို့ ထုတ်ပြန်ခဲ့ပေမယ့် သက်သေအထောက်အထား အခိုင်အမာချပြတဲ့အခါ ငြင်းဆန်ရန် ခက်ခဲသွားပါတယ်။

0 comments:

သဲကန္တာရတွင်းမှ ရေကန်နှင့် ဘုန်းကြီးကျောင်း



သဲကန္တာရ အလယ်မှာ ထူးခြားစွာပဲ စိမ်းလဲ့လဲ့ မြက်ခင်းပြင်၊ စိမ်းလဲ့လဲ့ ရေကန်နဲ့ သာယာ လှပနေတဲ့ တရုတ်ဘုန်းတော်ကြီး ကျောင်းနှင့် ပတ်ဝန်းကျင်ကို ယခုလို မြင်တွေ့ ရပါတယ်။

0 comments:

လူဖြင့် လုပ်သော ကား



ရုတ်တရက် ကြည့်လိုက်ရင် ကားလို့ ထင်ရပေမယ့် အမှန်တော့ လူ ၁၇ ဦးကို ဆေးခြယ်လို့ ပုံဖော်ထားတဲ့ ကား ဒီဇိုင်း ဖြစ်ပါတယ်။

0 comments:

နော်ဝေတွင် အဖြူရောင် ဝေလငါး တွေ့ရှိ



နော်ဝေနိုင်ငံရဲ့  ရေပိုက်နက်ထဲမှာ ရှားရှားပါးပါး ဝေလငါးကြီးကို ယခုလို မြင်တွေ့ ခဲ့ကြပါတယ်။

Humpback အမည်ရ ဧရာမ ဝေလငါးကြီး အမျိုးအစားထဲက ဖြစ်ပြီး ဒုတိယ မြောက် တွေ့ရှိတဲ့ အဖြူရောင် Humpback ဖြစ်ပါတယ်။ အရွယ်အစား အားဖြင့် ၃၉ ပေ ကနေ ၅၂ ပေ အထိ အရှည်ရှိတတ်ပြီး ပေါင် ၇၉၀၀၀ အလေးချိန်ရှိတဲ့ ဝေလငါးမျိုး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာမှ Humpback အကောင်ရေ ၈ သောင်းအောက်သာ ကျန်ရှိတော့ပြီး အဖြူရောင် ဆိုတာ ရှာမှရှား အမျိုးအစားပဲ ဖြစ်ပါတယ်။

0 comments:

ဆွစ်ဇာလန်မှ အမြင့်ဆုံး ကြိုးတန်းကား (Cable car)



ဆွစ်ဇာလန်နိုင်ငံ Zermatt ပြည်နယ်ရှိ Klein Matterhorn အမည်ရ ရေခဲတောင်ကို ကြိုးတန်း ကားနဲ့ ဆက်သွယ် ထားပါတယ်။

0 comments:

လူသေက မိသားစုထံ ဖုန်းခေါ်ခဲ့



ယုံတဲ့သူ ရှိသလို မယုံတဲ့သူများလည်း ရှိပြီး ဇဝေဇ၀ါနဲ့ ကျန်ခဲ့တဲ့ ဖြစ် ရပ်လေး တစ်ခု ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Fernando တောင်ကြားက မီးရထားလမ်းမှ မီးရထား ခေါင်းချင်းဆိုင်တိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ရလဒ် ကတော့ ၁၃၅ ဦး ဒဏ်ရာရပြီး ၂၅ ဦး သေဆုံးခဲ့ပါတယ်။ ယင်းသေဆုံးသူ ထဲမှာ တစ်ယောက်ကတော့ သူ့မိသားစုထံ ဖုန်းခေါ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါ တယ်။

0 comments:

ပြုံးရယ်ခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ



ရယ်မောခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

0 comments:

နွားနို့သည် လူ့ကျန်းမာရေးအတွက် ထိခိုက်စေ



နွားနို့က လူ့ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုထားတယ်လို့ပဲ အများစု သိထားချိန်မှာ လူ့ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ အချက် ကတော့ ထူးဆန်းနေမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ယင်းအချက်ဟာ လည်း လေ့လာ တွေ့ရှိချက်အသစ် တစ်ခု ဖြစ်ပါတယ်။

0 comments:

ဖိလစ်ပိုင်တွင် သွေးနှင့် တည်ဆောက်သော တံတား



ပုံမှာ မြင်တွေ့နေရတဲ့ တံတားကတော့ San Juanico အမည်ရ တံတား ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့  အရှည်ဆုံးနဲ့ အလှဆုံး တံတားလို့ အသတ်မှတ် ခံထားရပါတယ်။ သို့ပေမယ့် ယင်း တံတားရဲ့  နောက်ခံ သမိုင်း ကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

0 comments:

ရှားပါး ငှက်မျိုးစိတ် - ဇီးကွက် ကြက်တူရွေး



ပုံမှာ မြင်တွေ့နေရတဲ့ ငှက်ကတော့ ဇီးကွက်ကြက်တူရွေး ခေါ် Kakapo ငှက်ဖြစ်ပြီး ကြက်တူရွေးမျိုးစိတ်ထဲက ငှက် ဖြစ်ပါတယ်။

ယင်းငှက်ဟာ နယူးဇီလန်နိုင်ငံမှာသာ ရှိတော့ပြီး အကောင်ရေ ၁၂၀ ကျော်သာ ကျန်ရှိပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အရှားပါးဆုံး ငှက်မျိုးစိတ်တွေထဲမှာ ထိပ်တန်း စာရင်း ဝင်လာတာ ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ မပျံသန်းနိုင်တဲ့ ကြက်တူရွေးဆိုလို့ Kakapo တစ်မျိုးပဲ ရှိပါတယ်။ ကမ္ဘာဦးခေတ် တိရစ္ဆာန် စာရင်းထဲမှာလည်း ပါဝင်ပါ တယ်။ ခေတ်တွေ ပြောင်းလဲလာတာနဲ့ အမျှ မျိုးသုန်း ပျောက်ကွယ် လာမှု ဖြစ်ပါတယ်။

0 comments:

ရေသောက်ရန် အကောင်းဆုံး အချိန်



ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိရောက်ရောက် ကောင်းကျိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

2 comments:

အာဖရိက ဆယ်ကျော်သက်တို့က ကြင်ငယ်ရည်သုံး မီးစက်တီထွင်



ကြင်ငယ်ရေကို သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ဖို့ဆိုတာ စဉ်းစားမိသူ များ ရှိပါတယ်။ သို့ပေမယ့် ယင်း စိတ်ကူးကို အာဖရိက မှ ဆယ်ကျော်သက် ကျောင်းသူ များက ယခုလို ဖန်တီးလိုက်ပါတယ်။

0 comments:

အရှေ့ တောင်အာရှလည်း ကျားအပြုန်းတီးဆုံး ဒေသ ဖြစ်



အာဖရိကတိုက်တွေမှာပဲ ကျားအပြုန်းတီးနေတာ မဟုတ်တော့ပဲ အရှေ့ တောင် အာရှနိုင်ငံများလည်း ကမ္ဘာ့ကျားအပြုန်းတီးဆုံး နိုင်ငံများ စာရင်းထဲမှာ ပါဝင်ပါတယ်။

0 comments:

အပန်းရောင်ရေကန်- Lake Retba



စတော်ဘယ်ရီ မစ်ရှိတ် ဖျော်ရည်များလို အပန်းရောင်သန်းနေတဲ့ ရေကန် ဆီနီဂေါနိုင်ငံမှာ ရှိပါတယ်။ Lake Retba အမည်ရပြီး သဘာဝအတိုင်းကို အပန်းရောင်သန်းနေ တာ ဖြစ်ပါတယ်။

0 comments:

ရွှေ ခူကောင်



ရုတ်တရက်ပဲ ကြည့်ကြည့် သေချာပဲ စိုက်ကြည့်ကြည့် အကောင်လို့ လုံးဝ ထင်ရက်စရာ မရှိပါဘူး။ အနီးစပ်ဆုံးကတော့ ဆံပင်တု တစ်ခု ချထားတယ်လို့ ပဲ ထင်ကြမှာ ဖြစ်ပါတယ်။ အမှန်တော့ ယင်းမှာ ပိုးကောင် တစ်မျိုး (ခူကောင်) ဖြစ်ပါတယ်။

0 comments:

သစ္စာရှိသော သခင်



တိရစ္ဆာန်တွေပဲ သခင်အပေါ် သစ္စာ ရှိတာ မဟုတ်ပါဘူး။ တိရစ္ဆာန်အပေါ် သစ္စာရှိတဲ့ သခင်တွေလည်း ရှိနေတတ်ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးကတော့ သြစတေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ် Geelong မှာ နေထိုင်ပြီး မြင်းစီး ဝါသနာ ပါသူ ဖြစ်ပါ တယ်။ တစ်နေ့ ပုံမှန်ရက်များအတိုင်း Avalon ကမ်းခြေကို မြင်းစီး ထွက်ရာ ဒုက္ခ တစ်ခု ကြုံရပါတယ်။

0 comments:

ပညာတတ် အမျိုးသမီးများက အရက်ပိုမို သောက်သုံး



၁၉၇၀ လောက်ကတည်းက လန်ဒန်မှာ စစ်တမ်းကောက်ပြီး လေ့ လာတွေ့ရှိထားတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ပညာတတ်အမျိုးသမီးများက သာမန် အမျိုးသမီးများထက် အရက်ပိုမို သောက်သုံးကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။

0 comments:

နှစ်ပေါင်း ၇၀ ကျော် ပန်း ဆက်သလာသူ



ပုံမှာ မြင်တွေ့နေရတဲ့ (ပန်းစီးကိုင်ထားသော) အသက်ကြီး အမျိုးသား တစ်ဦးဟာ နှစ်ပေါင်း ၇၀ လုံးလုံး ချစ်ဇနီးအတွက် ပန်းစီးကို တနင်္လာနေ့ တိုင်း ဝယယ်ပြန်လာပေးတတ်သူ ဖြစ်ပါတယ်။

0 comments: