ကမ္ဘာ့အဆင်းရဲဆုံး သမ္မတက ပိုင်ဆိုင်မှုရဲ့  ၉၀ ရာခိုင်နှန်းကို လစဉ်လှူဒါန်း



ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ စာရင်းထဲမှာ ဥရုဂွေး သမ္မတ José Mujica လည်း လည်း ပါဝင်ပါတယ်။ သူ့ရဲ့ လစာက တစ်လကို အမေရိကန်ဒေါ်လာ ၁၂၅၀၀ ရှိပေမယ့် လစဉ် ၁၂၅၀ ပဲ သူ့အတွက်ချန်ပါတယ်။ ကျန်တာကို လှူဒါန်းမှုမှာ အသုံးပြုတယ်လို့ သိရပါတယ်။

ဥရုဂွေးနိုင်ငံဟာ တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံး နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံ တစ်ခု လည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် မတ်လ ၁ ရက်နေ့က စပြီး Jose ဟာ သမ္မတရာထူးနဲ့ တာဝန်စထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ ယခင်က သူဟာ မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့  ဝန်ကြီး ဖြစ်ပါတယ်။ သူ့ဇနီကတေ့ အမတ်လောင်း တစ်ဦး ဖြစ်လည်း ခင်ပွန်း သမ္မတလိုပဲ လှူဒါန်းနေသူ ဖြစ်ပါတယ်။ Jose ပိုင်ဆိုင်တဲ့ ဈေးအကြီးဆုံး အရာကတော့ Volkswagen ကားငယ်လေး ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉၄၅ ပဲ တန်ဖိုး ရှိပါတယ်။

အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Joseဟာ ဆင်းရဲသားနဲ့ အခြေခံလူတန်းစား များအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပြီး ၁၉၇၀ နောင်းပိုင်းကာလကလည်း စစ်အစိုးရကို ဆန့်ကျင်ရာမှာ ဦးဆောင်ခဲ့ သူ တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဥရုဂွေး နိုင်ငံရဲ့  နိုင်ငံရေးလောကမှာ နာမည်ကောင်းထွက်ပြီး လူအများလေးစားခံရတဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။သူ့လက်ထက်မှာလည်း တောင်အမေရိကရဲ့ အကောင်းဆုံး ဘောလုံးအားကစား အသင်ထွက်ပေါ်လာပြီး အားကစား ကဏ္ဍလည်း မြင့်တင်ခဲ့ပါတယ်။

ရတဲ့ လခဟာ အခြား ဖွံ့ဖြိုးပြီး နိုင်ငံများနဲ့စာရင် အစပေါင်းများစွာ နည်းနေသည့်တိုင် အခုလို ၉၀ ရာခိုင်နှုန်းလည်း လှူဒါန်းတဲ့အတွက် သူ့ကို လေးစားစရာ ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံထားကြပါတယ်။
---
Ref:wiki

0 comments: