မြေပေါ်ကျတဲ့ ပိုက်ဆံလို


မြေပေါ်မှာ ပိုက်ဆံ ကျနေရင် ကောက်ကြ ပါတယ်။ တန်ဖိုးကြီးလေလေ ပိုကောက် လေလေပါပဲ။ ကလေးတစ်ယောက် အနေနဲ့ ကတော့ ၅၀ တန်၊ ၁၀၀ ဖြစ်နေလည်း ကောက်ပါလိမ့်မယ်။ အကယ်၍ ငါးထောင်တန်၊ တစ်သောင်းတန် တို့ ဖြစ်နေရင် ကျသွားတဲ့အခါ ကောက်ဖြစ်ကြမှာပါပဲ။

0 comments:

ဒုက္ခသစ်ပင်


အလုပ် ကြိုးစားတဲ့ လက်သမား တစ်ယောက်ကို တစ်နေ့တော့ အလုပ်ရှင်က သူ့ကို ကားနဲ့ အိမ်လိုက်ပို့ပါတယ်။ အိမ်တစ်လုံးပြီးအောင် ဆောက်ဖို့ အလုပ်အပ်ခံထားရပြီး တစ်ရက် တစ်ရက် အလုပ်ဟာ ထင်သလောက် မပြီးပဲ စိတ်ညစ်နေရှာတဲ့ လက်သမား ဖြစ်ပါတယ်။ အိမ်လိုက်ပို့တဲ့အချိန် အလုပ်ရှင်ကိုလည်း အိမ်ကိုခေါ်လည်သတဲ့။

0 comments:

အွန်လိုင်းပေါ်မှာ အခမဲ့ သင်ကြားလေ့လာစရာ နေရာ


www.coursera.org ဟာ လက်တလော လူသုံးများလာတဲ့ အွန်လိုင်း သင်တန်းကျောင်း တစ်ခု ဖြစ်လာပါတယ်။ သူဟာ အခမဲ့ သင်ကြား လေ့လာစရာ နေရာ ဖြစ်ပါတယ်။ အကယ်၍ စာမေးပွဲ ဖြေပြီး Certificate များ လိုချင်တယ်ဆိုရင်တော့ ဒေါ်လာ အနည်းငယ် သွင်းရပါတယ်။ သို့ပေမယ့် ဒါဟာလည်း အနည်းငယ် ပါပဲ။ ဥပမာ ၄၉ ဒေါ်လာ ဝန်းကျင်လောက်ပဲ ဖြစ်ပါတယ်။

1 comments:

အိမ်အရောက်ပို့ ပန်းစည်း


လူတစ်ယောက်ဟာ ပန်းဆိုင်ကို သွားလို့ သူ့ အမေအတွက် ပန်းစီးမှာပါတယ်။ အိမ်လိပ်စာ ပေးလိုက်ပြီး အိမ်အရောက် ပို့ပေးရန် မှာလိုက်ပါတယ်။ သူ့အမေ အိမ်က မိုင် ၁၀၀ ဝေးတဲ့ ခရီးအကွာမှာ ရှိပါတယ်။  ပြီးတော့ ကားပေါ်တက်နေတုန်းမှာပဲ ပန်းမဝယ်နိုင်လို့ ငိုနေတဲ့ ၁၆ နှစ်အရွယ် ကလေးမလေးကို သွားတွေ့ ပါတယ်။ ဒါကြောင့် သူဟာ သနားသွားပြီး ပန်းတစ်စည်း လက်ဆောင် ဝယ်ပေးလိုက်ပါတယ်။ ကလေးမကလည်း သူမ အမေအတွက် ဝယ်ခြင်း ဖြစ်ကြောင်း ဆိုလို့ ဖြစ်ပါတယ်။

0 comments:

ပင်လယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သူ



ပင်လယ်ပြင်မှ ရေလှိုင်းများဟာ ကမ်းခြေကို ဦးတည်လို့ တိုက်ခက်လာပါတယ်။ ယင်းထဲမှာ ပါဝင်တဲ့ ရေလှိုင်းအများစုဟာ ပျော်ရွှင်စွာ ဦးတည် သွားနေ ပေမယ့် ရေလှိုင်း တစ်လှိုင်းကတော့ မပျော်နိုင်ပါဘူး။ မပျော်တဲ့ အပြင် ငိုတောင် ငိုနေသေးပါတယ်။ ဒါနဲ့ ငိုနေတဲ့ ရေလှိုင်းကို အခြားသော ရေလှိုင်းများက မေးပါတယ်။ ဘာကြောင့် ငိုသလဲပေါ့။

0 comments:

ကမ္ဘာ့အကြီးဆုံး တူနာငါးကို ဖမ်းမိတဲ့ ကလေးမလေး


အသက် ၁၂ နှစ်သာ ရှိသေးတဲ့ Jenna Gavin လို့ အမည်ရတဲ့ ကနေဒါက ကျောင်းသူ ကလေးငယ်လေးဟာ ကမ္ဘာ့အကြီးဆုံး တူနာငါးကို ဖမ်းမိတဲ့ စံချိန်တင်သွား ပါတယ်။ ကနေဒါနိုင်ငံ အရှေ့ပိုင်း Northumberland Strait မှာ ဖြစ်ပါတယ်။ ၄၄ စတုံ (၂၈၀.၅ ကီလို) အလေးချိန် ရှိတဲ့ ငါး ဖြစ်ပါတယ်။

0 comments:

အဝါရောင်ပေးပါ


သက္ကရာဇ် ၁၈၀၀ ကျော်တုန်းက ဖြစ်ပါတယ်။ ပင်လယ်မှာ နိုင်ငံအသီးသီးက ဓါးပြများ ကြီးဆိုးလွမ်းမိုးလျက် ရှိပါတ။် စပိန် သင်္ဘော ဆီကို ဗြတိန်သင်္ဘော ကပ်လာပါတယ်။ ဒါနဲ့ သင်္ဘောသားက စပိန် ကပ္ပတိန်ကို သတိပေးပါတယ်။ ဒါနဲ့ ကပ္ပတိန်က. "အိုကေ.. ငါ့ကို အနီရောင်အပေါ်ဝတ်၊အောက်ဝတ် ဝတ်ဆုံ ယူလာပေး" လို့တောင်းဆိုပြီး ဝတ်ပါနဲ့။ ဒါနဲ့ ကပ်လာတဲ့ ရန်သူတပ်နဲ့ တိုက်ခိုက် တဲ့အခါ နိုင်သွားပါတယ်။

0 comments:

Samsung စမတ်ဖုန်းများတွင် ကမ္ဘာ့အမြန်ဆုံး Wi Fi များ ရရှိမည်


Samsung ဟာ ၎င်းတို့ ထုတ်လုပ်တဲ့ စမတ်ဖုန်းနဲ့ ကွန်ပြူတာ Laptop တို့မှာ ကမ္ဘာ့စွဲအားအကောင်းဆုံး Wi-Fi ပစ္စည်းကို တပ်ဆင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သူ့ကို gizmos လို့အမည်ပေးထားပြီး 1GB ပမာဏကို ၃ စက္ကန့် အတွင်း ပြီးအောင် Download ဆွဲနနိုင်လောက်အောင် မြန်ဆန်မှာ ဖြစ်ပါတယ်။

0 comments:

ကလိုဆေးလို့ ကျွမ်းထိုးပေမယ့် အသကဆုံးခဲ့ရတဲ့ ဘောလုံးသမား



အန္ဒိယနိုင်ငံက Peter Biaksangzuala  လို့အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် ဘောလုံးသမား ဖြစ် ပါတယ်။ သူ့နိုင်ငံမှာပဲ Bethlehem Vengthlang FC အသင်းမှာ ကန်နေပြီး Chanmari West FC နဲ့ ယှဉ်ပြိုင်တဲ့ ပွဲမှာ ဖြစ်ပါတယ်။

0 comments:

ကွယ်လွန်သွားပြီ ဖြစ်တဲ့ အမေရိကန် အိုင်ဒေါက Joanne Borgella



၂၀၀၈ ခုနှစ်တုန်းက အမေရိကန် အိုင်ဒေါလ် သီချင်းဆိုင်ပြိုင်ပွဲမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ Joanne Borgella ကို သိသူများလည်း သိကြမှာပါ။ သူမက ယခုရက်ပိုင်းလေးတင်ပဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ရောဂါကတော့ လူတွေမှာ ဖြစ်လေ့ဖြစ်ထ အတော်လေး နည်းတဲ့ သားအိမ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။

0 comments:

လျှပ်စစ်မီးအလင်းရောင်နှင့် ဓာတ်မတည့်သူ


ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသားဟာ လျှပ်စစ်မီး အလင်းရောင်နဲ့ ဓာတ်မတည့် တဲ့ ရောဂါ ဝေဒနာကို ခံစားနေရ ပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်မီး အလင်းရောင် ရလိုက်ရင် ခန္ဓာကိုယ် အရည်အပြားအပြင် ခေါင်းကိုက်ခြင်းတို့ ကဲ့သို့သော အတွင်းဝေဒနာကိုပါ ခံစားနေရ ပါတယ်။

0 comments:

တမလွန်ကနေ Message ပို့လာလေသလား



ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ သူ့ အဖွားကို မြေမြှုပ်သင်္ဂြုလ်တော့ မိုဘိုင်းဖုန်းကော၊ ကဒ်ကောကိုပါ ထည့်ပေးလိုက်ပါတယ်။ မြေမြှုပ်ပြီး ရက်ပိုင်းအကြာမှာပဲ မြေးမလေး ဖြစ်သူက အဖွားကို လွမ်းလွန်းလို့ မရှိတော့မှန်း မသိပေမယ့် စာပို့မိတယ်။ ယင်းကိုလည်း တစ်ဖက်ကနေ လိမ္မာအောင် နေပါ၊ ကျန်းမာအောင် နေပါ အစရှိသဖြင့် ရေးပြီး ပြန်ပို့လာသတဲ့။ ဒါနဲ့ပဲ အံ့သြ ကြောက်လန့်သွားရတဲ့ အမျိုးသမီးဟာ တယ်လီဖုန်း အော်ပရေတာ ဖြစ်သူ O2 ကို ဆက်သွယ်ပါ တော့တယ်။

0 comments:

ဗြိတိန်က မိမိကိုယ်ကို မင်္ဂလာဆောင်သူ


ဗြိတိန်နိုင်ငံက Grace Gelder လို့အမည်ရတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ သူမဟာ ၆ နှစ်စလုံး သူမကိုယ် သူမနဲ့ ချစ်သူ ရည်းစား ဖြစ်ခဲ့ပြီး သူမကိုယ်တိုင်ကိုပဲ ယခု ရက်ပိုင်းလေးတင် မင်္ဂလာဆောင်ခဲ့ ပါတ်။

0 comments:

သင့် အလုပ်လျှောက်လွှာက သင့်အရည်အချင်းကို အပြည့်အဝ မဖော်ပြပေးနိုင်


အလုပ်လျှောက် CV နဲ့ Resume တွေဟာ လုပ်သား တစ်ယောက်ရဲ့ အရည်အချင်း အားလုံးကို မဖော်ပြနိုင်ဘူး ဆိုတာကို အလုပ်လျှောက်သမားများ သိရမှာ ဖြစ်သလို။ လုပ်သားရှာဖွေထဲ့ ကုမ္ပဏီမှလည်း သိထားရန် လိုအပ် ပါတယ်။ မိမိတို့ အတွေ့အကြုံအရ CV အင်မတန် ကောင်းမွန်ပေမယ့် တကယ် လက်တွေ့ကျ အလုပ်မတွင်သူများ တွေ့ဖူးသလို၊ CV က သိပ်မကောင်းပေမယ့် လုပ်ငန်းခွင်မှာကျ တကယ် စွမ်းဆောင်နိုင်သူများ ရှိနေတာကို တွေ့ရပါတယ်။

0 comments:

အမျိုးသမီးကိုသယ်တဲ့ အားကစား


မြောက်အမေရိကမှာ လူသိများ အောင်မြင်တဲ့ အားကစားနည်း တစ်ခု ရှိပါတယ်။ ယင်းကတော့ အမျိုးသမီးကို ထမ်းပြီး ခရီးကြမ်းနှင်ပြေးတဲံ အားကစား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိပဲ ထမ်းပြီးတော့ ပန်းတိုင်ရောက်အောင် ရေတစ်တန်၊ ကုန်တစ်တန်၊ အခက်အခဲ အတားအဆီးများကို ကျော်ဖြတ်လို့ ခရီးနှင်ရမှာ ဖြစ်ပါတယ်။

0 comments:

အရက်ကို အရုပ် ရင်သားက ထုတ်ပေမယ့် ဂျပန်က အရုပ်မလေးများ


Warning: Contains sex doll nudity

ပုံမှာ မြင်တွေ့ ရသလိုပါပဲ။ ဂျပန်တို့ဟာ အရက်၊ ဘီယာဆိုင်တို့မှာ အသုံးပြု နိုင်မယ့် အရုပ်မများကို ထုတ်လုပ်လိုက်ပါတယ်။ လိင်ဖျော်ဖြေရေးအတွက် ပစ္စည်းများ ထုတ်လုပ်ရာမှာ ဂျပန်ဟာ ကမ္ဘာ့နံပါတ် တစ် စံချိန်တင်ထားပြီး လူနီးပါး တူညီတဲ့ အရုပ်များကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ နောက်ထပ် ခြေလှမ်းဟာ Sex doll ကနေ Sex robot ဖြစ်ပြီး လိင်ဖျော်ဖြေရေး စက်ရုပ်မ များကို တီထွင်ဖန်တီးမှာ ဖြစ်ပါတယ်။ ဂျပန်ဟာ လူအို အချို့တို့အတွက် ဖျော်ဖြေရေးဟာ လိင်ပိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ အရုပ်များ၊ ဗီဒီယိုများ ဖြစ်လို့နေပါတယ်။

0 comments:

အိန္ဒိယမှာ မိုဘိုင်း App များတိုးတက်လာဖို့ ဇူကာဘတ်မှ ဒေါ်လာ ၁သန်း လှူ


acebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ဟာ အိန္ဒိယနိုင်ငံမှာ အရည် အသွေး ကောင်းကောင်း မိုဘိုင်း Application ကောင်းများ ထွက်ပေါ်လာဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ ပါတယ်။ ယင်းလှူဒါန်းမှုကို ဇူကာဘတ် အိန္ဒိယကို အလည်အပတ် ရောက်ရှိစဉ် က ပြုလုပ်ခဲ့တာ ဖြစ်ပြီး Internet.org အဖွဲ့အမည်ခံနဲ့လည်း ပြုလုပ်ခဲ့ခြင်း ဖြစ် ပါတယ်။

0 comments:

ပေါင်ချိန် ၄၀၀ ကျော်မှ ၁၀၀ ကျော်ဖြစ်အောင် ဝိတ်ချနိုင်ခဲ့သူ


ပုံမှာ မြင်တွေ့နေရတာ အမျိုးသမီး တစ်ယောက်တည်းပါ။ Emma Sealey  လို့ အမည်ရတဲ့ အမျိုးသမီးဟာ အသက် ၃၃ နှစ်မှာ ကိုယ်ခန္ဓာ ပေါင်ချိန်ဟာ ၄၂၀ ဝန်းကျင် အထိ ရှိလာပါတယ်။ သူမသာ ဒီတိုင်း ဆက်သွားရင် အသက် ၄၀ နှစ်ပြည့် မွေးနေ့ မမှီနိုင်ဘူးလို့ သိမြင်ပြီး ကြိုးစား ဝိတ်လျော့ပါတော့တယ်။

0 comments:

အားကစား လိုက်စားရန်လိုအပ်


နိုင်ငံရပ်ခြားရောက်ဖူးတဲ့ မြန်မာတိုင်း တိုင်းတစ်ပါးသားတို့ ဘယ်လောက် အားကစား လုပ်ကြတယ်ဆိုတာကို သိမြင်ကြမှာပါ။ ရန်ကုန်မှာလည်း ပြေးလွှား လှုပ်ရှား အားကစားလုပ်နေတဲ့ နိုင်ငံခြားသား မြောက်များစွာကို မြင်တွေ့ရမှာပါ။ အးကစား ဆိုတာ အားကစား သမားတွေချည်း မဟုတ်ပဲ လူတိုင်း လေ့ကျင့် သင်ယူ လိုက်စားသင့်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

0 comments:

ကမ္ဘာတွင် သစ္စာအရှိဆုံး သတ္တဝါ


ကမ္ဘာပေါ်မှာ သစ္စာ အရှိဆုံး သတ္တဝါ ဆိုတာ အိမ်မွေးခွေး တိရစ္ဆာန်များ ဖြစ်မယ် ဆိုတာ သိကြပါလိမ့်မယ်။ သူတို့အနေနဲ့ လူတစ်ယောက်ကို သခင် အဖြစ် သတ်မှတ် ပြီးရင် သူတို့ရဲ့ တစ်သက်စာလုံး ဘယ်လို အခြေအနေ ရောက်ရောက် မခွဲပဲ အတူနေထိုင် တတ်ပါတယ်။

0 comments:

အထက်တန်းကျောင်းသားများကို ရွှေရောင် iPhone 6 များ အလကားပေးသတဲ့



တရုတ်ပြည်က Qian လို့အမည်ရတဲ့ အလှူရှင် သူဌေး တစ်ဦးဟာ သူလှူဒါန်းထားတဲ့ အထက်တန်းကျောင်း တစ်ခုက စာသင်ခန်းက ကျောင်းသား များကို ရွှေရောင် iPhone 6 များ အလကားပေးကြောင်း သိရ ပါတယ်။

0 comments:

ဗြိတိန်မှာ ဖုန်းပြောစရာနေရာများက ဖုန်းအားသွင်းစရာနေရာများ ဖြစ်သွား


ယနေ့ခေတ်မှာ လူတိုင်း လက်ထဲမှာ ဖုန်းတွေ ကိုယ်စီ ရှိကုန်ပါပြီ။ ဒါကြောင့်မို့ တစ်ချိန်တုန်းက တည်ဆောက်ခဲ့တယ်ဆိုတဲ့ လမ်းထောင့်နားတွေက ဖုန်းပြေ စတေရှင်တွေဟာ ဖုန်းပြောမယ့်သူမရှိတော့ပါဘူး။ ဒါပေမယ့် ရှိရင်းစွဲ နေရာလေးတွေကိုလည်း မပျောက်စေချင်တော့ နည်းပညာ တစ်ခုနဲ့ ပြောင်းလဲလိုက်ပါတ်။ ယင်းကတော့ ဖုန်းစတေရှင်တွေကို ဆိုလာပါဝါ ခေါင်မိုးတတ်လို့ လျှပ်စစ်စွမ်းအင် သိုလှောင်တဲ့ နေရာလေး တစ်ခု အဖြစ် ဖန်တီးလိုက်ပြီး စမတ်ဖုန်းများ အားသွင်းဖို့ နေရာ တစ်ခု အဖြစ် ဖန်တီးလိုက်ပါတယ်။

0 comments:

AirAsia မှ Miss Myanmar World 2014 ကိုကူညီပံ့ပိုးပေး

ကမ္ဘာ့ အကောင်းဆုံး စရိတ်သက်သာ လေကြောင်းလိုင်း အဖြစ် ၆ နှစ်ဆက်တိုက် ဆုရရှိခဲ့ သော Air Asia သည် မြန်မာ့ လူငယ်မျိုး ဆက်သစ်တို့ တိုးတက်ရေး အတွက်ရည်ရွယ်ကာ ၊ Miss Myanmar 2014 ကို ဆက်လက် ကူညီပံ့ပိုးမည် ဖြစ်ပြီး ထိုသို့ အခမ်းအနား အတွက် စက်တင်ဘာ ၂၈ ရက်နေ့ မြန်မာ စံတော်ချိန် ၆ နာရီ တွင် Celebration Ceremony ၌ ကျင်းပခဲ့ပါတယ်။

0 comments:

အမေရိကန်မင်းသမီးချောတို့ Google ကို တရားစွဲမည်


သိပ်မကြာသေးခင်က ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး အတော်များများ ရဲ့ ဓာတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားသွားတာကို သိကြမှာပါ။ ယင်း အတွက် Cara Delevingne နဲ့ Hunger Game ရုပ်ရှင်က မင်းသမီးချော ဂျနီဖာလော့ရန့်စ် တို့က Google ကို တရားစွဲတော့မှာ ဖြစ်ပါ တယ်။ တောင်းဆိုတဲ့ လျော်ကြေးကလည်း ဗြိတိန်ပေါင် သန်း ၆၀ ဖြစ်ပါတယ်။

0 comments:

ဖက်တီးဘဝမှ ဒေးဗစ်ဘက်ခမ်း ခန္ဓာကိုယ် ရရှိသူ



Dan Davidson လို့ အမည်ရတဲ့ ဗြိတိန်မှ အသက် ၂၆ နှစ်အရွယ် လူငယ် တစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က တစ်နေ့တစ်နေ့ ကယ်လိုရီ မြင့်တက်တဲ့ အစားအစာ၊ ရယ်ဒီမိတ်နဲ့ Fast Food အစားအစာ များကိုသာ စားသုံးနေခဲ့ ပါတယ်။ တဖြည်းဖြည်းနဲ့ ပေါင်ချိန်က ၂၄၀ အထိ ရောက်ရှိ သွားခဲ့ပါတယ်။ ဒါနဲ့ မဖြစ်တော့ဘူး ဆိုတာကို သိတော့ အစားအသောက် ဆင်ခြင် ပါတော့တယ်။

0 comments:

ဇွဲမလျော့တန်း ဝိတ်ချတဲ့ အမေရိကန် Larry


ပုံမှာ မြင်တွေ့နေရတဲ့ လူဟာ အမေရိကန်က Larry Evans လို့ အမည်ရတဲ့ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၄ လ တုန်းက ပေါင်ချိန် ၈၀၀ ရှိပြီး တဖြည်းဖြည်း ဆော့ကစားလာတဲ့ လေးလပြည့်ချိန်မှာ ၁၅၉ ပေါင် လျော့ကျ သွားပါတယ်။

0 comments:

နောက်ထွက်မည့် Windows က Windows 10 ဖြစ်


စက်တင်ဘာ ၃၀ က Microsoft ရဲ့ Build conference မှာ Microsoft တို့ရဲ့ နောက်မျိးဆက် Windows ကို ကြေညာသွားပါတယ်။ ယင်းဟာ Windows 10 ဖြစ်ပါတယ်။ Windows 9 မဟုတ်ပါဘူး။ ဒါဟာ psycho trick တစ်ခု သုံးခြင်း သဘောတစ်ခုပါပဲ။ လူတွေ အနေနဲ့ Windows 8 ကို သုံးရမှာ စိတ်ပျက်နေတဲ့ အချိန် Windows 9 လည်း ဒီလိုပဲ ဖြစ်လာမယ်လို့ ထင်နေကြတဲ့ စိတ်ကို ပျက်အောင် လွမ်းမိုးဖို့ အတွက် အဆင့်ကျော်လို့ Windows 10 လို့ အမည်ပေးခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။

0 comments: