ကမ္ဘာ့အမြန်ဆုံး ပြိုင်ကားများထဲမှ 2009 SSC Ultimate Aero EV

 အမေရိကန်ကားကုမ္မဏီ SSC North America မှ ၂၀၀၆ခုနှစ်ကစတင်ထုတ်လုပ်တဲ့ SSC Aero ဟာ ၂၀၀၇ခုနှစ် မှာ ကမ္ဘာ့အမြန်ဆုံး ကားအဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ယခင်က စံချိန်ချိုးဖြတ်ထားတဲ့ ဂျာမနီ လုပ် ကမ္ဘားဈေးအကြီးဆုံးကား Bugatti Veyron Super Sport ကိုကျော်လွန်ပြီးရရှိခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ယင်းစံချိန်ကို ၂၀၁၀ခုနှစ်မှ ပြန်လည် အဆင့်မြင့်ထားတဲ့ Bugatti Veyron ကပြန်လည် ချိုးဖြတ် ခဲ့ပါတယ်။


ဒါကြောင့် လမ်းမပေါ် တရားဝင်မောင်းနှင်ခွင့်ရတဲ့ ကားတွေ ထဲမှာ ကမ္ဘာ့အမြန်ဆုံးကားစာရင်းထဲမှာ နံပါတ် ၂ နေရာမှ ရပ်တည်ဆဲဖြစ်ပါတယ်။ တစ်နာရီ ၂၅၆.၁၉ မိုင်ပြေးပြီး ၂၅၃.၈၁ သာပြေးတဲ့ Bugatti Veyron ကို ၂၀၀၇ ခုနှစ် က ကျော်လွန်ပြီးစံချင်တင်ခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၁၀မှာတော့ Bugatti Veyron က တစ်နာရီ ၂၆၇.၈၆ မိုင်အထိမောင်းနှင်ပြသခဲ့ပါတယ်။ ဒါကြောင့် SSC Aero မှ ဂင်းနစ်စံချိန်ချိုးဖို့ ထပ်မံကြိုးစားအုံးမှာ ဖြစ်ပါတယ်။
SSC Aero မှာ ထူးခြားချက်က အီလက်ထရောနစ် အထောက်အပံ့များဖြစ်တဲ့ ABS ဘရိတ် နဲ့ Traction control တို့ မပါဝင်ပါဘူး။ အော်တိုအသားမပေးပဲ ဒရိုင်ဘာကိုယ်တိုင် ထိန်းချုပ်တဲ့ အရသာကိုပေးချင်လို့ ယခုလို တည်ဆောက် တာလို့ SSC Aero အင်ဂျင်နေယာများက ဆိုပါတယ်။ သို့ပေမယ့် Safety ပိုင်းမှာ ပိုမိုစိတ်ချရတဲ့ လေယာဉ်ဘရိတ် စနစ် (AeroBrake system) ပါဝင်ပါသေးတယ်။ ၂၀၀၉မော်ဒယ်ဟာ ယခင် SSC Aero များထက် ပါဝါ ၁၅ ရာခိုင်နှုန်းရရှိပြီး သီအိုရီနဲ့တွက်ချက်ရင် အမြင့်ဆုံး speed တစ်နာရီ ၂၇၀ မိုင်အထိပြေးတဲ့ ကား ဖြစ်ပါတယ်။

 ပြိုင်ကားတွေမှာ မပါမဖြစ် ထည့်တွက်ရမယ့် Airflow ကိုလည်း ၂၀ ရာခိုင်နှုန်းအထိ မြင့်တင်ထားပေးပါတယ်။ ယခုလိုမြင့်တင်နိုင်အောင် ကာဘွန်ဖိုက်ဘာ Louver များအသုံးပြုထားရပါတယ်။ လေယာဉ်မြီး Aerodynamic ကို သေချာပြန်လည်တည်ဆောက်ထားပေးပြီး အတွင်းပိုင်းဒီဇိုင်းကိုလည်း ပြောင်းလဲမြင့်တင်ထားပေးပါတယ်။ မြင်းကောင်ရေ ၁၂၈၇အား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ Chevroletထုတ် စူပါချာ့ V ဆလင်ဒါ ၈လုံးအင်ဂျင်ကို အသုံးပြုထားပါတယ်။

SSC Aero ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆သိန်း ၅သောင်းကျော် (၆၅၄၄၀၀) တန်ဖိုးရှိပြီး ကမ္ဘာ့ဈေး အကြီးဆုံးကား ၁၀စီးစာရင်းမှာ နံပါတ် ၉ မှာ ရပ်တည် လျက်ရှိပါတယ်။
 ---
Ref:SSC Aero





0 comments: