ရှားပါး သိန်းငှက်မျိုး Blyth's Hawk



သိန်းငှက် အုပ်စုဝင် ငှက်မျိုးဖြစ်ပြီး Blyth's Hawk လို့အမည်ရပါတယ်။

အလယ်အလတ်စား အရွယ်ရှိပြီး စင်္ကာပူ၊ ဆူမားတြား၊ ဘော်နီယိုကျွန်း၊ ပင်နီစူလာ မလေးရှား တို့မှာ နေထိုင် ကျက်စားပါတယ်။ သစ်ပင်စည် အတွင်းမှာ အသိုက်လုပ်နေထိုင်ပြီး ဥတစ်ခါ ဥရင် တစ်လုံးပဲ ဥတတ်ပါတယ်။ ဒါကြောင့်လည်း ရှားပါး သိမ်းငှက်မျိုးစိတ် စာရင်း ဝင်နေရခြင်း ဖြစ်ပါတယ်။

အရွယ်အစားအားဖြင့် ၅၁ ကနေ ၅၈ စင်တီမီတာအထိ ရှည်လျား နိုင်ပါ တယ်။ အင်္ဂလိပ် သတ္တဗေဒ ပညာရှင် Edward Blyth (1810–1873) က စတင်တွေ့ရှိခဲ့ခြင်း ဖြစ်လို့ ယခုလို နာမည် ပေးထားခြင်း ဖြစ်တယ်လို့ သိရပါ တယ်။
----
Ref:wiki

0 comments: