Miss International 2012 နောက်ဆုံးရလဒ်

 အောက်တိုဘာ ၂၀။   ။ Miss  International 2012 နောက်ဆုံး (ဖိုင်နယ်) ပြိုင်ပွဲကို အေက်တိုဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။

နောက်ဆုံးပွဲစဉ်၏ ရလဒ်အရ ဂျပန်နိုင်ငံမှ လက်ရွေးစင်မယ် Ikumi Yoshimatsu က သရဖူ ဆွတ်ခူးခဲ့သည်။ ဖင်လန်နိုင်ငံ၊ သီရိလင်္ကာ၊ ဒိုမီကန် နှင့် ပါရာဂွေး နိုင်ငံမှ လက်ရွေးစင်မယ်များက Runner up ဆုများ အစဉ်လိုက်ရရှိခဲ့သည်။


ဓာတ်ပုံဆု (Miss Photogenic) ကိုလည်း ဂျပန်နိုင်ငံသူမှ ရရှိခဲ့သည်။ ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆု (Miss National Costume) ကို ဟွန်းဒါးရက်စ် နိုင်ငံသူ Shiriey Nicol Veiasques Norales မှ ရရှိခဲ့ပြီး ခင်မင်ရင်းနှီးဖွယ် အကောင်းဆုံးဆု (Miss Friendship) ဆုကို မောရစ်ရှနိုင်ငံမှ Ameeksha Devi Dilchand ကဆွတ်ခူးခဲ့သည်။

Miss JOICEF ကို ဟေတီနိုင်ငံသူ Azael Anedei မှ ဆွတ်ခူးရရှိပြီး၊ Miss Internet ဆိုကို မြန်မာနိုင်ငံမှ နန်းခင်ဇေယျာက ရရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာကျော် အလှအပနှင့် မယ်မဂ္ဂဇင်း Missosology မှပေးသော Miss People Choice Award ကိုလည်း မြန်မာနိုင်ငံ ကိုယ်စားပြု နန်းခင်ဇေယျာမှ ဆွတ်ခူးခဲ့ကြောင်း သိရသည်။
---
Ref:@Miss International Beauty Pageant
Photo courtesy of Miss International Beauty Pageant. All Rights Reserved.














0 comments: