Lamborghin ရဲ့ ပထမဆုံး ဇိမ်ခံ SUV –Urus



ပဲရစ်မော်တော်ယာဉ်ပြပွဲမှာ ဝင်ရောက်ပြသခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ဘေကျင်း မော်တော်ယာဉ် ပြပွဲမှာ လည်း ဝင်ရောက်ပြသခဲ့တဲ့ ကားလည်း ဖြစ်ပါတယ်။


၂၀၁၃ နှစ်ဆန်းမှာထွက်ရှိဖို့ အဆင်သင့်ဖြစ်နေပြီလို စီအီးအိုကိုယ် တိုင်ပြောကြားခဲပါတယ်။ မြင်းကောင်ရေအား ၆၀၀ အထက်ထုတ်လုပ်နိုင်ပြီး တစ်နာရီ ကီလိုမီတာ ၂၁၀ အထက် မောင်းနှင်နိုင်မယ့်ကား ဖြစ်ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွတ်မှု အနည်းဆုံးဖြစ်အောင် အဆင့်မြင့် နည်းပညာများနဲ့ လျော့ချပေးထား ပါတယ်။ ဆလင်ဒါ ၁၂ လုံးပူး အင်ဂျင် အားကြီးကား ဖြစ်ပါတယ်။ BMW, Land Rover တို့မှ ထုတ်တဲ့ SUV တို့ကို အဓိက ယှဉ်ပြိုင်မယ့်ကား ဖြစ်ပါတယ်။

ကားအပြင်ပန်းဒီဇိုင်းနဲ့ အတွင်းခန်း ဒီဇိုင်းအားလုံးက မြင်ဖူးနေကျ SUV များမှ သီးခြားကို ကွဲပြားသွားပါတယ်။ ကာဘွန်ဖိုက်ဘာ သတ္တုကို အသုံးပြုပြီး ဘော်ဒီကို လှလှပပ တည်ဆောက်ပေးထားပါတယ်။ LED မီးလုံး၊ နည်းပညာများလည်း ထည့်သွင်းပေါင်းစပ်ပေးထားပြီး Performance မြင့်တဲ့ Lamborghini ပြိုင်ကားများလိုပဲ စွမ်းဆောင်ရည် ထပ်တူကျမှာ ဖြစ်ပါတယ်။ ကားမောင်းပြိုင်ပွဲတွေဝင်လို့ရမယ့် ဗားရှင်းတောင် ထုတ်လုပ်အုံးမှာ ဖြစ်ပါ တယ်။

ဈေးနှုန်းကလည်း အမေရိကန် ၂ သိန်းဝန်းကျင်မှာ ပေါက်မယ့်ဈေးကြီး SUV ဖြစ်တဲ့အတွက် သာမန်လူစီးဖို့ မလွယ်ပါဘူး။ Lamborhgin Urus ဟာ ဇိမ်ခံကားလှမှ စီးချင်သူများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ် တယ်လို့ သိရပါတယ်။
---
Ref:autoblog


0 comments: