မအိပ်မစားပဲ လျှပ်စစ် ဗို့အား ၁သန်းထဲမှာ နေပြမယ့် မိုက်ကယ်ဘလိုင်နီ

အောက်တိုဘာ ၂။     ။အမေရိကန် မျက်လှည့်ပညာရှင် ဒေးဗစ်ဘလိုင်နီ မှ သုံးရက်သုံး မအိပ်မစားပဲ စွမ်းရည်ပြမယ့် ပွဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မှာ ဖြစ်ပါတယ်။ ပေ ၂၀ မြင့်တဲ့ သံတိုင်ပေါ်တက်ပြီး ဘော်ဒီမှာ လျှပ်စစ်စီးမယ့် သတ္တုဝတ်ဆုံ ဝင်ဆင်ထားပါမယ်။ ခေါင်းမှာလည်း တပ်ဆင်ထားပါမယ်။


ပြီးတော့ ဘော်ဒီတစ်ခုလုံးကို ဗို့အား ၁သန်း ဝန်းကျင်ရှိတဲ့ လျှပ်စစ်ဓာတ်အားကို စီးဆင်းစေမှာ ဖြစ်ပါတယ်။ ယင်းလျှပ်စစ်များကို Human body ထဲ စီးဝင်စေခြင်း မဟုတ်ပါဘူး။ ခန္ဓ္ဓာကိုယ် ပတ်ပတ်လည်မှာ လျှပ်စစ် ပတ်လမ်း ဖြစ်ပေါ်နေစေဖို့ ဖြစ်ပါတယ်။

ယင်းကဲ့သို့ Electrified က ခန္ဓ္ဓာကိုယ် ကို ဝန်းရံထားပြီး သုံးရက်သုံးည တိတိ မအိပ်မစား မျက်လှည့်စွမ်းရည် ပြသမှာ ဖြစ်ပါတယ်။ ဒီအတွက် စပွန်ဆာပေးတာကတော့ Intel မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ပါးလွှာ Notebook (Ultrabook) တွေမှာ ရှိတဲ့ လျှပ်စစ်ပတ်လမ်း Electrified ဖြစ်ပြီး ယင်းစွမ်းအင်ကို ပြင်ကလောကက လူသားနဲ့ တိုက်ရိုက်ထိတွေ့ စွမ်းရည်ပြသတဲ့ ပြကွက် ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ Intel ထုတ်တဲ့ နည်းပညာပစ္စည်းများကို ပရိုမိုးရှင်းလုပ်ခြင်း ဖြစ်ပါတယ်။

ဒေးဗစ်ဘလိုင်နီရဲ့  စွမ်းဆောင်ချက်ကို အောက်တိုဘာလ ၅ ရက်နေ့မှ စတင်မှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ စွမ်းရည်ပြသမှုကို Intel က အာရှ၊ ဥရောပ၊ အမေရိက နိုင်ငံကြီးတော်တော်များများမှာ ဆက်တိုက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။




0 comments: