ပန်းသီးပင်နှင့် တူသော



ကလေးတစ်ယောက် ဟာ ပန်းသီးပင်အောက်ကို သွားသွားဆော့ပါတယ်။ သစ်ပင်ပေါ်တက် လိုက်၊ လေတိုက်တိုင်းကျတဲ့ သစ်ရွက်တွေ လိုက်ကောက် ရင်း ပန်းသီးပင်နဲ့ ဆော့ရတာ ပျော်ပါတယ်။ ပန်းသီးပင်က လည်း ပျော်ပါ တယ်။

0 comments:

ခေတ်သစ် အာလာဒင်


ဇနီးမောင်နှံ နှစ်ဦး အိမ်ရှေ့ က မြက်ခင်းပြင်မှာပဲ ဂေါက်ရိုက်နေပါတယ်။ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သင်ပေးနေတာပါ။ အမျိုးသမီး ဖြစ်သူ ရိုက်လိုက်တဲ့ ဂေါက်သီးဟာ တစ်ဖက်အိမ်က ပြတင်းပေါက် သွားထိပါတယ်။

0 comments:

ဂျာမန် ရေငုပ်သင်္ဘော U-120 မြှုပ်ရခြင်းအကြောင်း



၁၉၃၇ ခုနှစ် ဒီဇင်ဘာလက တရုတ်တို့ဟာ ဂျာမနီနိုင်ငံကနေ ရေငုပ်သင်္ဘော တစ်စီး အော်ဒါမှာပါတယ်။ စစ်သား အယောက် ၈၀ ကျော်ပါ ပို့ပြီး ရေငုပ် သင်္ဘောအတွက် လေ့ကျင့်သင်ကြားစေပါတယ်။

0 comments:

အသဲကျန်းမာရေးထိခိုက်စေသော နေထိုင်စားသောက်မှုပုံစံ



၁။ အိပ်ယာဝင်နောက်ကျ၍ အိပ်ယာထ နောက်ကျခြင်း။
၂။ မနက်တွင် ဆီးမသွားခြင်း။
၃။ အလွန်အကျွံ စားသောက်ခြင်း။

0 comments:

တစ်နှစ်ဝင်ငွေ ဒေါ်လာသန်းချီရှိသော ကြော်ငြာဝဘ်ဆိုဒ်



ကောင်လေး တစ်ယောက် သူကျူရှင်ဆက်တက်ဖို့ လခ မပေးနိုင်တော့လို့ အတွေးတစ်ခု ရသွားပါတယ်။ ဒါကတော့ ကြော်ငြာဝဘ်ဆိုဒ်ထောင်ခြင်း ပဲ ဖြစ်ပါတယ်။

အခြားဆိုဒ်တွေလိုတောင်မဟုတ်ပါဘူး။ ကြော်ငြာတွေချည်း သီးသန့်ကို တစ်ပြုံကြီးထည့်တဲ့ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Pixel တစ်ခုစာလောက်သာရှိတဲ့ ကြော်ငြာတွေကိုပါ ထိုးသိပ်ထည့်ထား တာ မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ စစလုံးခြင်းကတော့ Pixel တစ် ယူနစ်စာကို တစ်လ တစ်ဒေါ်လာနဲ့ ကောက်တာပါ။

0 comments:

တီရှပ်ဝတ်ရင်း သူဌေး ဖြစ်သူ



တီရှပ်ဝတ်ရင်း သူဌေးဖြစ်နိုင်မယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ ပုံမှာ တွေ့မြင်နေရတဲ့ Jason Sadler ကတော့ သူဌေး ဖြစ်ပြီး ယခုဆိုရင် ဝန်ထမ်းများစွာနဲ့ သူ့လုပ်ငန်းကို လည်ပတ်နေပြီ ဖြစ်ပါတယ်။

0 comments:

တစ်ညတာအတွက် အကောင်းဆုံး အိပ်ချိန်



သာမန် အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ တစ်ရက်မှာ အိပ်ချက် အနည်းဆုံး ၇ နာရီ  ရှိရင် လုံလောက်တယ်လို့ ဆိုထားပေမယ့် သူ့အချိန်နဲ့ သူအိပ်တတ် ဖို့လည်း လိုပါသေးတယ်။

1 comments:

တရုတ် Call Center


တရုတ် တယ်လီဖုန်း အော်ပရေတာ တစ်ခုတွင်

ခေါ်ဆိုသူ  - ဟယ်လို၊ ကျမ Annie Wan နဲ့ စကားပြောချင်လို့ပါ။

Operator - ဟုတ်ကဲ့ပါ။ ကျမကိုပြောနိုင်ပါတယ်။

ခေါ်ဆိုသူ - မဟုတ်ဘူး။ ကျမက Annie Wan နဲ့ ပြောချင်တာပါ။

0 comments:

အမျိုးသားနှင့် အမျိုးသမီး ကွာခြားချက်




၁။ အမျိုးသား တစ်ဦးဟာ ၁ ဒေါ်လာတန် အတွက် ၂ ဒေါ်လာ ပေးကောင်းပေးပါလိမ့်မယ်။ အမျိုးသမီး ကတော့ ၂ ဒေါ်လာ အတွက် ၁ ဒေါ်လာသာ ပေးပါလိမ့်မယ်။

၂။ အမျိုးသမီး ဟာ အိမ်ထောင်မပြုမချင်း အနာဂတ်အတွက် တွေးပူးပြီး အမျိုးသားများကတော့ အိမ်ထောင်မပြုမချင်း အနာဂတ်အတွက် ဘာမှ တွေးမပူပါဘူး။

0 comments:

တူညီသော ကိုယ်ချင်းစာတရား



ဆရာဝန်ပြေးလာပါတယ်။ မိုးသဲသဲထဲကနေ ရေစိုရွှဲစွာနဲ့ပဲ ခွဲစိတ်ခန်းနားထိ ပြေးလာပါတယ်။ သူနောက်ကျနေလို့ ဖြစ်ပါတယ်။

 ရောက်ရောက်ချင်း မိုးကာ အင်္ကျီချွတ်လို့ ခွဲစိတ်ခန်း ဝတ်ဆုံ ဝတ်ဆင်လိုက်ပါတယ်။ ခွဲစိတ်ခန်းဝင်ခါနီးမှာပဲ လူနာရှင် ကလေးငယ်ရဲ့  မိဘ များက ယခုလို လာပြောပါတယ်။

0 comments:

လက်မပါ ပန်းချီပညာရှင်



Huang Guofu အမည်ရ တရုတ်လူမျိုးဟာ အသက် ၄ နှစ်သားတုန်းက အက်ဆီးဒန့်တစ်ခုကြောင့် လက်နှစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။ အသက် ၁၂ နှစ်သားကစလို့ ခြေထောင်ဖြင့် ပန်းချီဆွဲခြင်းကို ကိုယ်တိုင်လေ့ကျင့် သင်ကြားခဲ့ပြီး နေ့မအိပ်၊ညမအိပ်ကြိုးစားခဲ့ပါတယ်။

0 comments:

လူမသိသော Liam Neeson အကြောင်း



လာမယ့် ဇွန်လ ၆ ရက်နေ့ဆိုရင် Liam Neeson တစ်ယောက် အသက် ၆၀ ပြည့်ပါပြီ။ ယနေ့ထိ သူ့ရဲ့  အနုပညာလှုပ်ရှားမှုက လူငယ်တွေထက် သွက်နေဆဲပဲ ဖြစ်ပါတယ်။

0 comments:

ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက်မကွေးမှီ


တကယ်ပါပဲ။ Media Group တစ်ခုက အိုင်တီ လူငယ် တစ်ယောက် ကွယ်လွန်သွားတဲ့ သတင်း ဖတ်ရလိုက်ရတယ်။ အသက် ၂၈ နှစ်ပဲ ရှိသေးတယ်။

ခုလေးတင် သူ့ Facebook Profile ကိုဝင်ကြည့်မိပြီး စိတ်ထဲမှာ တစ်မျိုးခံစားနေရပါတယ်။ သူ့အကောင့် ကို တစ်ယောက်ယောက်ပဲ ဆက်သံးမှာလား၊ မသုံးတာကြာလို့ Facebook ကပဲ အလိုလို lock ချပြီး ဖြတ်သွားမှာလားတော့ မသိ။ သူ့အကောင့်ကို ဝင်ကြည့် တိုင်း ကြောက်သလိုလို၊ သံဝေဂ ရသလိုလို ခံစားချက်လေးရပါတယ်။

0 comments:

တောင်အမေရိက တောကြောင် - The ocelot



အသွင်သဏ္ဍန်က အိမ်မွေးကြောင်နဲ့ အတူတူပါပဲ။ အပြင်က အရေခွံကသာ ကျားသစ် တစ်ကောင်ဖြစ်ကြောင်း အဆင်းကြောင်းနဲ့ ထင်သာမြင်သာ ရှိစေ သွားတာ ဖြစ်ပါတ်။

0 comments:

ချစ်သူငယ်ချင်းကတိအတိုင်း ဂါဝန်စိမ်းဝတ်သူ



၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၀။      ။ အာဖဂန်နစ္စတန်မှာတုန်းက အတူ လက်တွဲ တိုက်ပွဲ ဝင်ခဲ့တဲ့ ဗြိတိန်စစ်သား နှစ်ဦး ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးချစ်ခင်ပြီး သစ္စာရှိကြပါတယ်။

0 comments:

ဘုမတောပါနှင့်



အမျိုးသမီး ဖြစ်သူ မီးဖိုချောင်မှာ ဟင်းချက်နေတုန်း ခင်ပွန်းဖြစ်သူ ဝင်လာ ပါတယ်။ ဝင်လာပြီးနောက် အောက်ပါအတိုင်း စကား အဆက် မပြတ် ပြော ပါတော့တယ်။

0 comments:

လူကိုသစ်ပင်ဖြစ်စေသော ရောဂါ


လူကို သစ်ပင်ဖြစ်စေတဲ့ ရောဂါ တကယ်ရှိပါတယ်။ သစ်ပင်ဖြစ်စေတယ် ဆိုတာထက် သစ်မြစ်ဖြစ်စေတယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ တစ်ကိုယ်လုံးကနေ သစ်ပင်ကဲ့သို့ အမြစ်အသားပိုများ အဆမတန်တိုးပွား လာခြင်းမျိုး ဖြစ်ပါတယ်။

0 comments:

ပေ ၄၀ ရှည်ကမ္ဘာ့အလေးဆုံး မြွေ - Anaconda


အနာကွန်ဒါမြွေလို့ လူသိများတဲ့ စပါးကြီးမြွေတစ်မျိုးဟာ တောင်အမေရိကမှာပဲ ရှိပါတယ်။ သူ့ကို စပါးကြီးမြွေ အမျိုးအစားထဲတောင် မထည့်ပါဘူး။ Anaconda (အနာကွန်ဒါ)မြွေ ဆိုပြီးတောင် သီးသန့် အမျိုးအစား မျိုးဆိပ်တစ်ခု ခွဲထားပါတယ်။ သူ့ထဲမှာမှ အနည်းဆုံး ၇ မျိုးအထိ ထပ်ကွဲသွားပြီး အကြီးဆုံး၊ အရှည်ဆုံး၊ အလေးဆုံး ကတော့ အစိမ်းရောင် အနာကွန်ဒါ ဖြစ်ပါတယ်။

0 comments:

၄၅မိနစ်ထက်မကြာပဲ ရူးစေမည့်အခန်း



အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရှိတဲ့ Orfield ဓာတ်ခွဲခန်း ဌာန မှာ ရှိတဲ့ အခန်းတစ်ခန်း ဖြစ်ပါတယ်။

အသံစမ်းသပ်ရန် ပြုလုပ်ထားတဲ့ အခန်းဖြစ်ပြီး ကမ္ဘာ့အသံတိတ်ဆိတ်ဆုံး အခန်း အဖြစ် ၂၀၀၄ ခုနှစ်က စံချိန်ထားပါတယ်။ ဒါ့အပြင် ယင်း အခန်းမှာ လူ တစ်ယောက်ဟာ ၄၅ မိနစ်ထက် ပိုကြာကြာ မနေနိုင်ဘူးလို့လည်း ရှာဖွေ တွေ့ရှိထားပါတယ်။ နေနိုင်မယ်ဆိုရင်တောင် ၄၅ မိနစ်ကျော်ရင် ရူးသွားမှာ ဖြစ်ပါတယ်။

0 comments:

Kesha သည် အိုင်ကျူမြင့်လူသား တစ်ဦးဖြစ်


Kesha ဆိုတာ အသက် ၂၆ နှစ်ပဲရှိသေးတဲ့ အမေရိကန် hip hop နဲ့ R&B အဆိုတော်မလေး တစ်ဦး ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က တေးဂီတ အနုပညာလောကကို စတင် ဝင်ရောက်ပြီး အသက် ၁၈ နှစ်ပဲ ရှိပါအုံးမယ်။ ခုတော့ Billboard 100 မှာလည်း ထိပ်ဆုံး နံပါတ်တွေထဲမှာ သူမ သီချင်းတွေ အမြဲတမ်းလိုလို ပါနေပါတယ်။  ၂၀၁၀ ခုနှစ်က စလို့ နှစ်စဉ် တေးဂီတ ထူးချွန်ဆုများ ရရှိပြီး ကမ္ဘာတစ်ဝန်းမှာ ပရိတ်သတ် အခိုင်အမာရှိတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။

0 comments:

ဈေးဝယ်ရင်း ချောစီးရမယ့် ရှော့ပင်းစင်တာ


မလေးရှားနိုင်ငံ၊ ပင်နီစူလမလေးရှားကျွန်းဆွယ် အနောက်ဘက် ကမ်းရိုး တန်း Selangor ပြည်နယ်၊ Subang Jaya မြို့ မှာ တည်ရှိတဲ့ ရှော့ပင်းစင်တာ တစ်ခုမှာ ဖြစ်ပါတယ်။

0 comments:

Samsung Galaxy S4 မိတ်ဆက်





Display:

၅လက်မ 16M-color Super AMOLED HD capacitive touchscreen နှင့် resolution - 1920 x 1080 pixels (441ppi)

OS: Android 4.2.2 (Jelly Bean)

0 comments:

အသုဘချပြီး ၇ ရက် အိမ်မှာကပ်မကပ်


အသုဘသွားတိုင်း မြန်မာ ဗုဒ္ဓဘာသာလူအများစု မလွန်ဆန်နိုင်သေးတဲ့ ရိုးလာဓလေ့တစ်ခုကို သွားတွေ့ ပါတယ်။ တစ်ခု မကပါဘူး အများကြီးပါ။ ဥပမာ - သပြေပန်းသို့မဟုတ် အခြားပန်းအမျိုးမျိုးအား အသုဘအလောင်း မှ ပြန်သယ်လာပြီး အသက်ဝိဥာဉ် ပြန်ပါလာတယ်လို့ ယုံကြည်ခြင်း၊ အသုဘပြန်ရင် ကင်ပွန်းရည်၊ တယော်ရည်နဲ့ ခြေဆေး၊ ခေါင်းဆေးရတာမျိုး တို့လိုဟာတွေ ဖြစ်ပါတယ်။

0 comments:

Himiko မြစ်သင်္ဘောဘတ်စ်


Himiko ဆိုတာ ဂျပန်တို့ရဲ့  သမိုင်းထဲက ပထမဆုံး ဘုရင်မ ဖြစ်ပြီး သူ့အမည်နဲ့ မြစ်ကူး သင်္ဘော တစ်စီးကို ဆောက်ပါတယ်။

0 comments:

တိုက်တန်းနစ်အပါအဝင် သင်္ဘောသုံးစင်းနှစ်မြှုပ်မှုတွင်ပါဝင်သော်လည်း အသက်မသေသူ

 

Violet Jessop အမည်ရ အိုင်ယာလန်သူ အိုင်းရစ်လူမျိုး အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ တကယ်ပဲ တိုက်တန်းနစ်အပြင် အခြားသော နာမည်ကြီး သင်္ဘော ၂ စင်းနှစ်မြှုပ်မှုမှာပါ အသက်မသေပဲ လွတ်လာသူ ဖြစ် ပါတယ်။

0 comments:

ပုတ်သင် စပိုက်ဒါ



ပုတ်သင်ညိုပါပဲ။ ကင်ညာတို့လို အာဖရိကတိုက် အပူပိုင်းဒေသ မှာ တွေ့ရတတ်တဲ့ Agama mwanzae အမည်ရ ပုတ်သင်ညိုများ ဖြစ်ပါ တယ်။

အမကတော့ အညိုရောင်နဲ့ သစ်ဆွေးရောင်ပါပဲ။ အထီးကတော့ ပုံမှာ မြင်တွေ့ ရတဲ့အတိုင်း ခေါင်းနဲ့ အပေါ်ပိုင်းတစ်ဝိုက်မှာအနီရောင် အစင်းများ ရှိပြီး ကျန်တဲ့ အပိုင်းများက နက်ပြာရောင်များနဲ့ ပြည့်နက် နေ ပါတယ်။ ပင့်ကူလူသား ရုပ်ရှင်ထဲက Spider Man တစ်ကောင်ရဲ့  အရောင်နဲ့ တစ်ထပ်တည်းပါပဲ။

0 comments:

ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂမ်မာ



ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂမ်မာလို့ အသတ်မှတ်ခံရတဲ့ သူက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ Ada Lovelace လို့အမည်ရတဲ့ ဗြိတိန်ဖွား အင်္ဂလိပ် အမျိုးသမီး ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်မှာပဲ ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂရမ် တစ်ခုကို ရေးဆွဲ ထုတ်ဖော်ပြသ နိုင်ခဲ့ပါတယ်။

0 comments:

ကမ္ဘာ့စိတ်ပျက်ဖွယ်အကောင်းဆုံး နယ်စပ် (တောင်-မြောက် ကိုရီးယား)



ကမ္ဘာ့စိတ်ပျက်ဖွယ် အကောင်းဆုံး နယ်စပ် ကတော့ တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယား နယ်စပ် ဖြစ်ပါတယ်။

ပုံမှာပြသထားတာကတော့ Joint Security Area မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်ကိုခွ လို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံ မှာ ဖြစ်ပါတယ်။ အဆောက်အအုံ မှာတော့မှာ သူ့ဘက်ကိုယ့်ဘက် ထပ်ခွဲထားပါသေးတယ်။

0 comments:

အလုပ်လည်းရ၊ အမှုလည်းရ


-----------------------------

အရွယ်ငယ် မိန်းကလေး တစ်ဦးဟာ ရဲစခန်း တစ်ခုသို့ အလုပ် သွားလျှောက်ပါတယ်။

ဒီတော့ အင်တာဗျူးမှာ အရာရှိက မေးပါတယ်။

အရာရှိ -  ၂ နဲ့ ၂ ပေါင်းရင် ဘယ်လောက်ရလဲ။

မိန်းခလေး - ၎

အရာရှိ - ၁၀၀ ရဲ့  နှစ်ထပ်ကိန်းရင်းက ဘယ်လောက်လဲ

မိန်းခလေး - ၁၀

အရာရှိ - ဒီနေ့က သောကြာဆို နက်ဖန်က ဘာနေ့လဲ

မိန်းခလေး - စနေ

အရာရှိ -  ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်ခဲ့တာလဲ

မိန်းခလေ -      .........အဲ......။ မသိပါဘူးဆရာ.

အရာရှိ -    ကောင်းပြီလေ။ အိမ်ပြန်တော့။ အဲဒါကိုစဉ်းစားပြီး နက်ဖန်ပြန်လာခဲ့။

ဒီလိုနဲ့ မိန်းခလေးဟာ အိမ်ပြန်ပြီး ဝမ်းသာအားရနဲ့ အလုပ်ရလားလို့ အဖြေမျှော်နေတဲ့ သူ့သူငယ်ချင်းဆီကို ဖုန်းဆက်ပြောပါတယ်။

"သူငယ်ချင်းရေ ငါက အလုပ်ရရုံတင်မကဘူး၊ လူသတ်မှုခင်း တစ်ခုကိုပါ စုံစမ်းနေရပြီဟ"

--
International news for myanmar

1 comments:

ဆင်းရဲတယ်၊ချမ်းသာတယ်ဆိုတာ



အင်မတန်ချမ်းသာကြွယ်ဝတဲ့ အဖေဟာ ကိုးနှစ်အရွယ် သားလေးကို အပြင်လောကမှာ ဘယ်လောက်ထိ ဆင်းရဲကြောင်း သိအောင် ခရီးတစ်ခု ခေါ်သွားပါတယ်။

လယ်ကွင်းထဲမှာ ၂ ညအိပ်ပြီး ရွာတွေလည့်လို့ နောက်ဆုံးတော့ အိမ်ကို ပြန်လာပါတယ်။ အိမ်ရောက်တော့ အဖေက သားကို ခရီးမှာ ဘာတွေ တွေ့ခဲ့လည်း မေးတဲ့အခါ --

0 comments:

ခြေင်္သေ့ထိန်း Kevin နှင့် လျှို့ ဝှက်ချက်


Zoologist တစ်ဦးဖြစ်တဲ့ Kevin Richardson ဟာ ခြေင်္သေ့ပဲ ထိန်းနိုင်တာ မဟုတ်ပါဘူး။ မိကျောင်း၊ ကျားသစ်၊ ဝံပုလွေ၊ မြွေတို့အပြင် အခြားသော တိရစ္ဆာန်ပေါင်းများစွာနဲ့လည်း ရင်းရင်းနှီးနှီးနေနိုင် သူ ဖြစ်ပါတယ်။

0 comments:

ကျားမေမေနှင့် ဝက်ကလေးများ


ထိုင်းနိုင်ငံက တိရစ္ဆာန်ဥယျာဉ် တစ်ခုမှာ ကျားမ တစ်ကောင် ကျားပေါက်စ လေး သုံးကောင် မွေးဖွားပါတယ်။ အရွယ်အရမ်းငယ်ပြီး ကိုယ်ခံအားနည်းတဲ့အတွက် မွေးပြီး ရက်ပိုင်းမှာပဲ ကွယ်လွန်သွားပါတယ်။

0 comments:

လူငယ်နှင့် နိုင်ငံရေးအတွေး



ရန်ကုန်မှာနေတယ်။ အသက်က ၂၁ နှစ်။ အလုပ်အကိုင်က အွန်လိုင်းနှင့် ဆက်စပ်မီဒီယာ လစာက မိသားစု ချောင်ချောင်လည်လည်ရှိ။ ငယ်ပေမယ့် ကြိုးစားလို့ တစ်မိသားစုလုံး ဝန်ကိုထမ်းနိုင်ပြီး ကိုယ်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိသူ။

0 comments:

အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan


ရွှေ့ လျားနေသော စစ်တပ်ကြီးပါပြီ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင်  စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။

0 comments:

ဖန်ခွက်နှင့် ပြဿနာ



စာသင်ခန်း တစ်ခုထဲကို ဆရာဝင်လာပါတယ်။ ယင်းနောက် ကျောင်းသား များ ရှေ့မှာ ဖန်ခွက်ထဲ ရေဖြည်လို့ ကိုင်မြောက်ပြီး ယခုလို စကားဆိုပါတယ်။

"တပည့်တို..။ ဒီဖန်ခွက်ကို ဆရာ ကိုင်မြောက်ပြီး ၁ မိနစ်တိတိနေမယ်။ အထဲမှာ ရေဘာဖြစ်သွားမလဲ"

ကျောင်းသားများ  -- ဘာမှ ဖြစ်မသွားပါဘူး ဆရာ

0 comments:

ရှဥ့်နီတို့လည်း မွေးစားတတ်



အာရှနဲ့ ဥရောပမှာ အများဆုံး တွေ့ရတတ်တဲ့ ရှဥ့်တွေထဲမှာ ရှဥ့်နီက အထူးခြားဆုံးပဲ ဖြစ်ပါတယ်။

0 comments:

အရှေ့ တောင်အာရှက မြွေဟောက်ဘုရင်


မြွေဟောက်ဘုရင်သာ ဆိုပါတယ်။ အမှန်တော့ သူက မြွေဟောက်မျိုးရိုး ထဲမှာမရှိပါဘူး။ King Cobra ဆိုပြီး သူ့ Gene က သက်သက်ရှိနေ ပါတယ်။ မြွေဟောက်ဘုရင်လို့ခေါ်ရတဲ့ အကြောင်းကတော့ သူဟာ မြွေကို မှ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်လို့ ဖြစ်ပါတယ်။

0 comments:

မျောက်ကြည့်မျက်မှန် (BokitoKijkers)



 ၂၀၀၇ ခုနှစ်တုန်းက နယ်သာလန်နိုင်ငံ တိရစ္ဆာန် ဥယျာဉ် တစ်ခုမှာ ဂေါ်ရီ လာ (Bokito အမည်ရ) မျောက်ဝံတစ်ကောင်ရဲ့  တိုက်ခိုက်မှုကို လူသုံးလေးယောက် လောက် ခံလိုက်ရပါတယ်။

0 comments:

ရောင်မကုန်လျှင် မီးရှို့ သော LV ဖက်ရှင်



LV (Lousi Vuitton) ဆိုတာ ပြင်သစ်နိုင်ငံ အခြေဆိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ပစ္စည်းကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ အထူးဖြင့် LV အမှတ်တံဆိပ်နဲ့ ပိုက်ဆံအိပ်များက ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် သားရေသား စစ်စစ်နဲ့ ဈေးကြီးကြီးထုတ်လုပ်ရောင်းချပါတယ်။

0 comments:

ဆင်များ ကြောက်သည့်အခါ



ဆင်များ သွားလာတဲ့အခါ တစ်ကောင်အမြီးကို တစ်ကောင်နှာမောင်းနဲ့ ချိတ်ပြီး သွားတဲ့ အကျင့်တစ်ခု ရှိပါတယ်။

အထူးသဖြင့် ဆင်သားအမိများ ပြုလုပ်တတ်ပြီး အင်အားကြီးတဲ့ အမေ ဆင်ကြီးရဲ့  အမြီးကို သားငယ်၊သမီးငယ် ဆင်များက သူတို့နှာမောင်း များနဲ့ တစ်ဆင့်ပြီး တစ်ဆင့်ချိတ်လို့ သွားကြပါတယ်။

0 comments:

မိမိကြောင့် သာသနာ မညိုးနွမ်းစေပါနှင့်



အလုပ်လုပ်နေစဉ် Facebook Message ဖြင့် မိတ်ဆွေ တစ်ဦးက အောက်ပါစာ ပို့လာပါသည်။

"သာမညဆရာတော်ဘုရား၏ အိမ်မက်အရ လူသားတို.ကောင်းကျိုး အတွက် ဗုဒ္စံဓမ္မံ သံဃာ အန္တော အန္တငါးပါးကို အိပ်ရာဝင်တိုင်း မမေ့နဲ.ကြနှင့် ဥပုဒ်သီလဆောင့်ကြပါ။ သားကြီးငါးကြီးတို.ကိုရှောင်ကြဉ်ပါ။ မကောင်းသော ဒုစရိုက်အလုပ်ကိုရှောင်ကြဉ်ပါ။ ရှောင်ကြဉ်သောသူများ သာမညဆရာတော် ဘုရားအကျိုးပေးမည်။ ဒီစာကိုရသူ တိုင်း(၉)စောင်ဖြန်.ေ ၀ပါ (၉)ရက် အတွင်း တခုခုအကျိုးပေးလိမ့်မည်။ မော်လမြိုင်မြို. ရဟန်းတစ်ပါး သည် ဒီစာကိုရပြီးဖြန်.ဝေခဲ့သဖြင့် သိန်း(၇၀)ထီပေါက်ခဲ့ပါ သည်။ ကျန်အမေအို တစ်ယောက်သည် ဒီစာကိုရပြီးမယုံကြည်စိတ်ဖြင့် မဝေခဲ့သောကြောင့် အမေအို၏ သမီးသည် အလိုလိုနေရင်းသေဆုံး ခဲ့ရသည်။နောက် မှဒီစာကိုသတိရ၍ဖြန်.ဝေခဲ့ရာ အမေအို၏သမီး ရက်လည်နေ့မှာပဲ ထီဆုကြီးပေါက်ခဲ့သည်။ ဒီစာကိုယုံကြည်မှု.ထားပါဒီစာကိုလူ(၂၀)ဝေပေးပါ သင်ကံကောင်းလာလိမ့်မည်။"

0 comments:

ဟောင်ကောင် ကျားသုံးကောင်



ဟောင်ကောင် ကျားသုံးကောင်ဆိုပြီး ဂျက်ကီးချန်းကိုယ်တိုင် ဂုဏ်ယူပြီး Facebook မှာ တင်လိုက်တဲ့ ပုံလေးပါ။

0 comments:

တိုက်တန်းနစ် နောက်တစ်စီး ဆောက်မည်



တကယ်ဆောက်မှာပါ။ Clive Palmer လို့အမည်ရတဲ့ သြစတေးလျနိုင်ငံက နံပါတ် ၆ မြောက် အချမ်းသာဆုံး သတ္တုတွင်း ဘီလျံနာက ဆောက် မှာ ဖြစ် ပါတယ်။

သင်္ဘောနာမည်ကိုလည်း Titanic II လို့ပဲ အမည်ပေးထားပါတယ်။ တိုက်တန်းနစ်  အနောက်မှာ နံပါတ် ၂ ဖြည့်ရုံလေးပါပဲ။ အရွယ်အစား ကလည်း အရင်အတိုင်းပဲ ဖြစ်ပါတယ်။ အရင်တိုက်တန်းနစ်လိုပဲ အင်္ဂလန် ကနေ အမေရိကန် နယူးယောက်မြို့ အထိ ပြေးဆွဲမှာ ဖြစ်ပါတယ်။

0 comments: