နာဇီတို့၏ ကမ္ဘာ့အကြီးဆုံး သံလမ်းပေါ် တင့်ကား



Railway gun လို့ခေါ်တဲ့ သံလမ်းပေါ်သွား စစ်လက်နက် (ဒုံးကျည်ပစ်စင်) ဟာ ဒုတိယ ကမ္ဘာစစ်ကာလမှာ အသုံးများတဲ့ လက်နက် ဖြစ်ပါတယ်။ ယနေ့တိုင်လည်း အသုံးပြုမှု ရှိနေပါသေးတယ်။

နယ်စပ်တိုက်ပွဲတွေမှာ ပိုမိုအသုံးဝင်ပြီး အဝေးပစ် လက်နက် ဖြစ်ပါတယ်။ ယင်းလက်နက် တည်ဆောက်မှုများမှာ သမိုင်းတွင်ခဲ့တဲ့ Railway gun ကတော့ ဟစ်တလာရဲ့  ဂျာမနီ နာဇီ တပ်မတော်ပိုင်တဲ့ Schwerer Gustav အမည်ရ လက်နက်စင် ဖြစ်ပါတယ်။

အလေးချိန် - ၁၃၅၀ တန်

အရှည်   - ၁၅၅ပေ ၂ လက်မ

အကျယ်  - ၂၃ ပေ ၄ လက်မ

အမြင့်  -  ၃၈ ပေ ၁ လက်မ

လိုအပ်သော လူအင်အား  - ၂၅၀ ဦးရေ ( ၃ ရက်အတွင်း ယင်း လက်နက်ကို တပ်ဆင်ဖို့ လိုအပ်တဲ့ အင်အား ဖြစ်ပါတယ်။) ၂၅၀၀ ( သံလမ်း လမ်းကြောင်း ဖောက်ရန်၊ ခံတပ်မြေနေထား တူးဖော်ပေးရန် ဖြစ်ပါတယ်။)၊ လေကြောင်း ပစ် တပ်ရင်း ၂ ခု ( လေကြောင်း တိုက်ခိုက်မှု ဒဏ်မှ ကာကွယ်ရန် လိုအပ်သော အင်အား ဖြစ်သည်။)

ပစ်ခတ်မှုစွမ်းရည် - နာရီဝက်ကို ဒုံးကျည် တစ်စင်း ( တစ်ရက်ကို ဒုံးကျည် (လောင်ချာ ၁၄ လုံး ပစ်လွတ်နိုင်စွမ်း ရှိသည်)

လောင်ချာပြေးအကွာအဝေး  - မိုင် ၃၀ (အဝေးဆုံး)

ယာဉ်သွားနှုန်း - တစ်နာရီ ၉ မိုင်

ထုတ်လုပ်သည့် အရေအတွက် - အမွာ ဖြစ်ပြီး နှစ်စီးထုတ်လုပ်ထားသည်။

တည်ဆောက်သည့် ခုနှစ် - ၁၉၄၁ခုနှစ်

အသုံးပြုသည့် ကာလ -   ၁၉၄၁ ခုနှစ်- ၁၉၄၅ ခုနှစ်

တစ်စီးအတွက် ကုန်ကျစရိတ် -ဂျာမနီငွေ (Reichsmark) ၇ သန်း

တည်ဆောက်တဲ့ ရည်ရွယ်ချက်က ပြင်သစ်စစ်ပွဲမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် တည်ဆောက်မှု နှေးကွေးခဲ့ပြီး ပြင်သစ်စစ်ပွဲမှာ အသုံးမပြုဖြစ်ခဲ့ ပါဘူး။ ကုမ္မဏီကတော့ ဂျာမနီ မှ Krupp ဖြစ်ပြီး ကုန်ကျစရိတ်ကို ဂျာမနီ တပ်မတော်မှ အကုန်ကျခံခဲ့ပါတယ်။ ယနေ့မှာ တော့ ယင်း သံလမ်းပေါ် ပစ်စင် မရှိတော့ပါဘူး။ သို့ပေမယ့် ဂျာမနီရဲ့  စစ်လက်နက်သစ် စီမံကိန်းမှာ Schwerer Gustav ထက်အရွယ်ကြီးမားတဲ့ Railway Gun ပါဝင်တယ်လို့ သိရပါတယ်။
---
Ref:wiki

0 comments: