တနင်္လာနေ့၏ စိတ်ဝင်စားဖွယ် အချက်အလက်များ



တနင်္လာနေ့ကို သိပ္ပံပညာရှင်များက ယခုလို အဖြေထုတ်ထားပါတယ်။

၁။ တနင်္လာနေ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံနေ့ (Suicide day)

ကမ္ဘာတစ်လွှားက သေကြောင်းကြံသူများကို စစ်တမ်းကောက် လေ့လာရာ အများစုဟာ တနင်္လာနေ့မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံ ကြပါတယ်။ အားလပ်ရပ်မှာ ၁၃ ရာခိုင်နှုန်းသာ သေကြောင်းကြံပေမယ့် တနင်္လာနေ့မှာ ဆိုရင် အမျိုးသား ၁၆ ရာခိုင်နှန်း၊ အမျိုးသမီး ၁၇ ရာခိုင်နှုန်း သေကြောင်း ကြံ ကြပါတယ်။

0 comments:

နေကို စပိန်အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်သည်ဟုဆို၊ အသုံးပြုခတောင်း



၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဖြစ်ပါတယ်။ စပိန်နိုင်ငံတွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက နေကို သူမ ပိုင်ဆိုင်တယ်လို့ ပြောဆိုပြီး နေရောင်ခြည် အသုံးပြုခ တောင်းခံတဲ့ ကိစ္စ ဖြစ်ပါတယ်။

သူမ ရဲ့ စိတ်ကူး ဒီလို ဖြစ်ပါတယ်။ အမေရိကန် ဘီလျံနာ တစ်ဦးဟာ လကမ္ဘာမှာ မြေကွက်တစ်ခု ဝယ်ယူပြီး သူပိုင်တဲ့ မြေကွက်လို့ ကြေညာ ခဲ့ပါတယ်။ ဒါကြောင့်မို့ အသက် ၄၉ နှစ် အရွယ် စပိန်နိုင်ငံမှ အမျိုးသမီး Angeles Duran  ကလည်း နေလုံးကြီးကို သူပိုင်ကြောင်း စာရွက်စာတန်း ပြု လုပ်လာပါတယ်။ ဒေသခံ ရှေ့ နေအချို့ နဲ့ တရားဝင်စာရွက် စာတန်းများ ပြု လုပ်ပြီး ဆိုလာစနစ်ရဲ့  အလယ် ဗဟိုတည့်တည့်က (ကမ္ဘာနှင့် ကီလိုမီတာ ၁၄၉ သန်း ပျှမ်းမျှဝေးသော)  နေကို သူမပိုင်ဆိုင်တယ်လို့ ကြေညာ လိုက်ခြင်း ဖြစ်ပါတယ်။

0 comments:

တစ်ချိန်တုန်းက ညီအစ်ကိုဖြစ်သော Puma နှင့် Adidas



ကမ္ဘာ့ထိပ်တန်း အားကစား ပစ္စည်းထုတ်လုပ်တဲ့ Puma နဲ့ Adidas ကို တော်တော်များများ သိကြပါတယ်။ ယင်း ကုမ္မဏီနှစ်ခုကို တည်ထောင်သူများက ညီအစ်ကို နှစ်ဦး ဖြစ်ပါတယ်။

ဂျာမနီ နိုင်ငံသားများ ဖြစ်ပြီး Adidas တည်ထောင်သူက ညီငယ် Rudolf Dassler, Puma တည်ထောင်သူက Adolf Dassler ဖြစ်ပါတယ်။ ညီငယ် Rudolf က ၁၉၂၄ ခုနှစ်ကလို့ အားကစားပစ္စည်း ထုတ်လုပ်တဲ့ ကုမ္မဏီကို စတင်တာ ဖြစ်ပါတယ်။ ၁၉၂၈ နယ်သာလန် အိုလံပစ်အထိတောင် သွားရောက် ရောင်းချခဲ့ပါတယ်။ ၁၉၃၆ခု ဘာလင် အိုလံပစ်ကျတော့ အမေရိကန် အသင်းတစ်ခုအတွက် ဖိနပ်များ စပွန်ဆာပေးနိုင်ခဲ့ပါတယ်။

0 comments:

ဂေါ်ဖီထုပ် (မုန်လာထုပ်) မှရသော ကျန်းမာရေး အကျိုးကျေးဇူး


ဂေါ်ဖီထုပ် (မုန်လာထုပ်) (Cabbage) မှ ရတဲ့ ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရှိပါတယ်။
- ခန္ဓာကိုယ်တွင်း နေရာအများစုက အညစ်အကြေးတွေကို သန့်ရှင်း ပေးပါ တယ်။ ကိုယ်တွင်း ဗိုင်းရက်တွေကို နှိမ်နှင်းပေး တဲ့ ပိုးသတ်ဆေး တစ်မျိုး လည်း ဖြစ်ပါတယ်။

- ဝမ်းပုံမှန် မသွားသူများ စားသုံးသင့်ပြီး သွေးဖိအားများသူ များလည်း မှီဝဲသင့်တဲ့ ဟင်းအမယ်တစ်မျိုး ဖြစ်ပါတယ်။

0 comments:

Maryland မှ တကယ့် ဟီးရိုး- လင်းနို့လူသား



အမေရိကန်နိုင်ငံ အရှေ့ ပိုင်း Maryland ပြည်နယ်ရှိ မီလျံနာ တစ်ဦး ဖြစ်ပါ တယ်။

လင်းနို့လူသား ကားနဲ့ လင်းနို့လူသား ဝတ်ဆုံကို ငွေကြေးအကုန်ကျခံ ဝယ်ယူပြီး ဖျားနာနေတဲ့ ကလေးငယ်များရှိရာ ဆေးရုံတွေကို ယခုလို လည့်ပတ်သွားလာပါတယ်။

0 comments:

အမေရိကန်အရှေ့ ပိုင်းသို့ ကြီးမားသော စန္ဒီဟာရီကိန်း ရောက်ရှိ

 အောက်တိုဘာလ ၂၉ ရက် ညက စပြီး Sandy (စန္ဒီ) အမည်ရ ဟာရီကိန်းအမျိုးအစားတစ်ခုက အမေရိကန် နိုင်ငံ အရှေ့ ဘက်ပိုင်းသို့ ဦးတည်တိုက်ခတ်ခဲ့ပါတယ်။

0 comments:

သီတင်းကျွတ် လပြည့်နေ့ အတွက် International news for myanmar ၏ ဆုတောင်း ဆန္ဒ



သီတင်းကျွတ် လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့လေးမှာ ပြည်တွင်း ကကော၊ ပြည်ပကို ရောက်နေသူ ဗုဒ္ဓဘာသာဝင်များကော ကောင်းမှု ကိုသိုလ်အမျိုးမျိုး ပြုလုပ်နေကြမယ်လို့ ယူဆပါတယ်။

ကောင်းမှုကုသိုလ်ပြုတယ်ဆိုလို့ ရွှေတိဂုံဘုရား၊ နီးစပ်ရာ ဘုရားများသို့ သွားရောက် ဖူးမျော်နေရုံနဲ့ မလုံလောက်သေးပါဘူး။ ဗုဒ္ဓဘာသာ သာသနာ မပျောက်ပျက်နိုင်အောင်၊ ဆက်လက် ပြန့်ပွားလာအောင် အမှတ်ရ၊ အသိဝင် စေမယ့် နေ့လေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားသွားပြီးရင် အိမ်မှာဖြစ်ဖြစ်၊ နီးစပ်ရာ ဘုရားကျောင်းကန် ဖြစ်ဖြစ် အဘိဓမ္မာတရားများကို ဖတ်ရှုလေ့လာ၊ နာကြားစေလိုပါတယ်။

0 comments:

A-Team ရုပ်ရှင်မှာ သရုပ်ဆောင်မယ့် ဧရာမ လက်မောင်းပိုင်ရှင် Tiny Iron



Tiny Iron ဆိုတာ အသက် ၂၈ နှစ်အရွယ် ကာယဗလမောင် တစ်ဦး ဖြစ် ပါတယ်။ အနုပညာရှင်များရဲ့  ကိုယ်ရံတော် အဖြစ်လည်း လုပ်ကိုင်ပါတယ်။

သူ့ရဲ့ လက်မောင်းကြွက်သားဟာ လုံးပတ် ၂၄ လက်မအထိ ညစ်ထုတ်နိုင်ပြီး ကမ္ဘာ့ လက်မောင်း ကြွက်သား ဒုတိယအကြီးဆုံး လူသား ဖြစ်ပါတယ်။ သူ့အရှေ့ မှာ American Gregg Valentino က ၂၇ လက်မ ပတ်လည် အထိ လက်မောင်းကြွက်သား ညစ်ထုတ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ အရပ် အမောင်းအားဖြင့်လည်း ၆ ပေရှိတဲ့အတွက် ရုတ်တရက်မြင်လိုက်ရင် လူသန်ကြီး တစ်ယောက်ပမာ ထင်ရပါတယ်။

0 comments:

အပန်းရောင် လင်းပိုင်



အပန်းရောင်လင်းပိုင်များ တကယ်ရှိပါတယ်။ အမေဇုန် လင်းပိုင်လို့ လည်း ခေါ်ပြီး အမေဇုန်မြစ်၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား၊ အီကွေဒေါ၊ ဗင်နီဇွဲလား စတဲံ တောင်အမေရိက တိုက်တွင်းက မြစ်တွေ မှာ နေထိုင် ကျက်စားပါတယ်။

0 comments:

အနီရောင်ဖုံးသော ကမ်းခြေ( အနီရောင် ကမ်းခြေ)



ကမ်းခြေတစ်ခုလုံး အနီရောင်သန်းနေတယ်ဆိုလို့ အနီရောင်ဆေး များ လောင်းထားခြင်း မဟုတ်ပဲ သဘာဝအတိုင်း အနီရောင် သန်းနေ တာ ဖြစ်ပါတယ်။

0 comments:

ရေခဲလူသား


နယ်သာလန်နိုင်ငံမှ ဒတ်ခ်ျလူမျိုး အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ Wim Hof လို့အမည်ရပါတယ်။

ရေခဲရေနဲ့ အမြဲရေချိုးပြီး အာတိတ်ရေခဲပြင်မှာလည်း ရေကူးခဲ့သူ ဖြစ် ပါတယ်။ ဒါကြောင့် ဂင်းနစ်စာအုပ်မှာ ၁၈ ခုအထိ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အံ့မခန်း လူသား ဖြစ်ပါတယ်။

0 comments:

အလှူအဒါန်း ရက်ရောသော ဟယ်ရီပေါ်တာ စာရေးဆရာမ



အသက် ၄၇ နှစ်ရှိပြီ ဖြစ်တဲ့ ဗြိတိန်ဖွား ဟယ်ရီပေါ်တာ ဝတ္တု စာရေး ဆရာမ J. K. Rowling ဟာ ဘီလျံနာမှန်း တော်တော်များများ သိကြပါတယ်။

၂၀၀၇ ကစလို့ အောင်မြင်မှု အရှိန်မြင့်ခဲ့ပြီး တစ်နှစ်တာ သြဇာအလွမ်းမိုးဆုံး အမျိုးသမီး၊ ဗြိတိန်၏ အချမ်းသာဆုံး ၁၂ ယောက်မြောက် ပုဂ္ဂိုလ်၊ Person of the Year အစရှိတဲ့ ဆုများကို တစ်နှစ်ထက်တစ်နှစ် ရရှိလာပြီး ၂၀၁၁ ခုနှစ် မတ်လမှာ သူမဟာ ကမ္ဘာ့ ထိပ်တန်း ဘီလျံနာ တစ်ဦး ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက တရားဝင် ကြေညာခဲ့ပါတယ်။

0 comments:

ကမ္ဘာ့အလှဆုံး ဖား- အမေဇုန် နို့နှစ်ရောင်ဖား



အမေဇုန် နို့နှစ်ရောင်ဖား (Amazon Milk Frog) ကို တောင်အမေရိက တိုက်မှာပဲ မြင်တွေ့နိုင်ပါတယ်။ သြစတေးလျတိုက်မှာလည်း အနည်းငယ် ကျက်စားတယ်လို့ သိရပါတယ်။

0 comments:

နဂါး ပုတ်သင်ညို


သြစတေးလျနိုင်ငံမှာ တွေ့မြင်ရတဲ့ ပုတ်သင်ညိုတစ်မျိုး ဖြစ်ပြီး သူ့ကို thorny dragon, Thorny Devil ဆိုပြီး အမျိုးမျိုးခေါ်ပါတယ်။

သူဟာ သာမန် ပုတ်သင်ညိုတွေနဲ့ မတူပဲ ဆူးတောင်တွေ ပါနေတာကို ယခုလို မြင်တွေ့ ရပါတယ်။ ဆူးတောင်ရဲ့ အဓိကလ
ုပ်ဆောင်ချက် က ရေဓာတ် များစုစည်း ဖို့ ဖြစ်ပါတယ်။ သူတို့နေတဲ့ နေရာက လည်း ရေခြားတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝ လေထု က ရေငွေ့တွေကို ခန္ဓာကိုယ်က ဆုပ်ယူပြီး ပါးစပ်ထဲသို့ ရောက်လာအောင် အဆင့်ဆင့် သယ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဆူးတောင် လုပ်ဆောင်ချက်ထဲမှာ ရေသယ်တာလည်း ပါဝင်ပါတယ်။

အရှည်အားဖြင့် ၈ လက်မအထိ ရှိနိုင်ပြီး အမက အထီးတွေထက် အရွယ် ပိုကြီးတတ်ပါတယ်။ ပုရွတ်ဆိတ်ကြိုက်တဲ့ သတ္တဝါဖြစ်ပြီး တစ်ရက်ကို ပုရွတ်ဆိပ် အကောင် ထောင်ချီ စားသုံးနိုင်ပါတယ်။ နေရာ ဒေသ အလိုက် အရောင်ပြောင်းလဲနိုင်စွမ်းရှိပါ တယ်။ မြေနီပေါ်သွားရင် မြေနီရောင် ပြောင်းပြီး သစ်ပင်စိမ်းပေါ်တက်ရင် သစ်ပင်စိမ်း အစရှိသဖြင့် ပြောင်းလဲနိုင်ပါတယ်။ ဒါကတော့ အခြား ပုတ်သင်ညိုများရဲ့ သဘာဝနဲ့ အတူတူပဲ ဖြစ်ပါတယ်။

အဓိက ထူးခြားချက်က ဆူးတောင်များ ပါရှိနေရခြင်း ဖြစ်ပြီး နဂါးပေါက်လို့တတောင် တင်စားခေါ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်အနေ နဲ့ကော၊ ဆေးဖော်ရန်အတွက်ကော ဖမ်းဆီးတတ်တဲ့ အတွက် ရှားပါးမျိုးစိတ် စာရင်းထဲ ထည့်ထားတဲ့ ပုတ်သင်ညို မျိုးစိတ် တစ်ခု ဖြစ်တယ်လို့ သိရပါ တယ်။
---
Ref: wiki

0 comments:

ကမ္ဘာ့အရှည်ဆုံး ဆံပင်အမောက်ထောင်နိုင်သူ



ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသားကတော့ ဂျပန်နိုင်ငံမှ အသက် ၄၀ အရွယ် ဖက်ရှင် ဒီဇိုင်နာ Kazuhiro Watanabe ဖြစ်ပါတယ်။

လက်ရှိ သူထောင်ပြခဲ့ ဆံပင်ကတော့ အမြင့် ၃ပေ ၈.၆ လက်မ (၁.၃ မီတာ) ရှိပါတယ်။ သူ့ဆံပင် ဒီလိုရှည်ပြီး ထောင်လို့ ရအောင် ၁၅ နှစ်တိတိ အချိန်ယူထားပါတယ်။ ၁၅ နှစ်လုံးလုံး ဆံပင်ကို တစ်နေ့ ဂျယ် တစ်ဘူး၊ ဆံပင်ဖြန်း စပရေး ၃ ဗူး အကုန်ကျခံပြီး အမောက် မထောင်ထောင်အောင် မွေးထားတဲ့ ဆံပင် ပုံစံ ဖြစ်ပါတယ်။

0 comments:

စပိန်နိုင်ငံမှ ကလေးခုန်ပွဲတော်



စပိန်နိုင်ငံ၊ မြောက်ပိုင်း Burgos မြို့ အနီးရှိ Castrillo de Murcia ရွာတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ရိုးရွားပွဲတော် တစ်ခု ရှိသည်။ ၎င်းမှာ ကလေးခုန်ပွဲတော် (Baby Jumping Festival) ဖြစ်ပြီး နှစ်စဉ် ဇွန်လတွင် ကျင်းပသော ပွဲတော် ဖြစ်ကြောင်း သိရသည်။

0 comments:

မြေငလျင်တွင် အသက်ပေးကယ်ဆယ်သော အိန္ဒိယ စစ်သားများ


၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက အိန္ဒိယနိုင်ငံအရှေ့ ပိုင်း Sikkim ပြည်နယ် တွင် ပြင်းအား ၆.၉ မဂ္ဂနီကျု ရှိသော မြေငလျင် လှုပ်ခတ်ခဲ့ရာ ဒေသခံ ၁၁၁ ဦးသေဆုံးခဲ့ကြောင်း မှတ်တမ်းအရ သိရသည်။

0 comments:

ငါးပျံ (Flying fish)



မိုးပေါ်ပျံတတ်တဲ့ ငါးပျံ များကို စာဖတ်သူတော်တော်များများ သိရှိမယ် ထင်ပါတယ်။ သူ့ကို Flying fish / လက်တင်လို - Exocoetidae  လို့ခေါ်ပါတယ်။

ရေပေါ်မှာ ပေ ၂၀ အထိ ပျံနိုင်တယ်လို့ လေ့လာ တွေ့ရှိထားပါတယ်။ အချိန်အားဖြင့် တွက်ရင် ၄၅ စက္ကန့်အထိ အကြာဆုံး လေပေါ်မှာ ပျံနိုင်ပါတယ်။ သူ့မှာပါတဲ့ ငါးတောင်ပံက သာမန်ငါးတွေထက် ပိုမို အားကောင်းပြီး လေရဲ့   Direction ကိုလည်း တွက်ချက်တတ်တဲ့အတွက် လေပေါ်မှာ ပျံနိုင်ခြင်း ဖြစ်ပါတယ်။

0 comments:

ကုန်း၊ရေ နှစ်မျိုးမောင်းနှင်နိုင်မည့် လေးဘီးဆိုင်ကယ် စတင်ရောင်းချ



၂၀၀၆ ခုနှစ်က Prototype စတင်မိတ်ဆက်ပြီး အမေရိကန်မှာ ယခု စတင်ရောင်းချပြီ ဖြစ် တဲ့ လေးဘီး ဆိုင်ကယ် ဖြစ်ပါတယ်။

ကုန်းပေါ်မောင်း လေးဘီးဆိုင်ကယ်တစ်ဖြစ်လဲ ရေပေါ်မှာလည်း ရေဆိုင်ကယ် အနေနဲ့ မောင်းနှင်ရမယ့် မော်တော်ယာဉ် ဖြစ်ပါတယ်။ ကုန်းပေါ်မှာရော၊ ရေပေါ်မှာပါ တစ်နာရီ ၄၅ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါ တယ်။ ၁၀၀ ကီလိုဝပ်အားထုတ်တဲ့ အင်ဂျင် ပါရှိပြီး ရေပေါ်မှာဆိုရင် ၂ နာရီ ကုန်းပေါ်မှာဆိုရင် မိုင်ပေါင်း ၃၇၀ မောင်းနှင်နိုင်အောင် ဆီအလုံအလောက် ပါဝင်ပါတယ်။

0 comments:

သင်္ဘောတင်သော သင်္ဘော



သင်္ဘောတင်တဲ့ သင်္ဘောဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံက ဖြစ်ပြီး သက္ကရာဇ် ၂၀၀၀ ခုနှစ်က တည်ဆောက်ခဲ့တဲ့ သင်္ဘော ဖြစ်ပါတယ်။ ယနေ့တိုင် ပင်လယ်ကူးနေဆဲ ဖြစ်ပါတယ်။

ကုန်မပါတန်ချိန် - ၅၁၈၂၁ တန်၊ အရှည် ၇၃၈ ပေ၊ အကျယ် ၂၀၆ ပေ၊ ရေဆူးအမြင့်ပေ ၃၀.၈ ပေ အတိုင်းကိုယ်စီ ရှိပြီး သင်္ဘောရဲ့  အမည်ကတော့ Blue Marlin ဖြစ်ပါတယ်။ သင်္ဘောပေါင်း မြောက်များစွာ တင်ဆောင်ထားမှုကို ယခုလို မြင်တွေ့ ရပါတယ်။

Ref:fleetmon.com

0 comments:

ကနေဒါမှ ကမ္ဘာကျော် တောင်တန်း Kjerag



ကနေဒါနိုင်ငံ အရှေ့ မြောက်ပိုင်း Forsand ဒေသမှာရှိတဲ့ တောင်တန်း များ ဖြစ်ပါတယ်။ ကေဂျာရက် (Kjerag) သို့မဟုတ် ကိုင်ရက် (Kiragg) လို့လည်း ခေါ်ပါတယ်။

အမြင့်ပေပေါင်း ၃၆၄၂ ပေရှိပြီး ခုံပျံအားကစား (BASE jumping) ဝါသနာ ပါသူများ သွားရောက် နေရာ ဖြစ်ပါတယ်။ တောင်တက်သမားများလည်း လာရောက်ပြီး ကမ္ဘာတစ်ဝန်းက Jumping သမားများအတွက် အကောင်း ဆုံး နေရာတစ်ခုလို့တောင် တင်စားထားပါတယ်။

0 comments:

မိကျောင်းနှင့် ညီအစ်ကိုလိုနေထိုင်သူ



ဗဟိုအမေရိက၊ ကော်စတာရီကာနိုင်ငံရှိ တောတွင်း တစ်နေရာတွင် ဖြစ် သည်။

အခြား တံငှာသည် တစ်ဦး၏ ပစ်ခတ်မှုကြောင့် သေလုနီးနီးဖြစ်နေသော မိကျောင်း တစ်ကောင်ကို Chito အမည်ရ တံငှာသည် က တွေ့ရှိခဲ့သည်။ ထို့ကြောင့် လှေပေါ်ဆွဲတင်ခဲ့ပြီး အိမ်သို့ခေါ်ဆောင်ပြုစုခဲ့သည်။

0 comments:

ကော်ဖီဖြင့် ဆွဲသော ပန်းချီကား



အနုပညာရှင် Josephine Ryan ဖန်တီးသော ပန်းချီကား ဖြစ်ပါတယ်။ ဘာ ပန်းချီဆွဲ ကိရိယာများ အသုံးမပြုပဲ ကော်ဖီနဲ့ ဖြန်းပက်ပြီး ဆွဲထားတဲ့ ပန်းချီကား ဖြစ်ပါတယ်။

ကော်ဖီနဲ့ ရေးဆွဲထားတဲ့ မိန်းကလေးတစ်ဦးပုံ ပန်းချီကားကို ယခုလို မြင်တွေ့ ရပါတယ်။
--
Via:mazefact

0 comments:

သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင့်



သစ်သီးဝလံအချို့ ရဲ့ အစေ့ကို စားလို့ရတယ်လို့ ထင်နေသူများ ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို မစားသင့်ပါဘူး။ (သာမန်- အပြင်အသားစားရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)

0 comments:

ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါ - ငါးဘောလုံး (Puffer fish)



Puffer fish ကိုအမျိုးမျိုးခေါ်ပါတယ်။ ငါးဘောလုံး၊ ကမ္ဘာ့ငါး၊ ပူဖာငါး၊ ငါးလေးထိုး၊ ပင်လယ်ဘူဇွာ တို့အပြင် အခြားနည်းလမ်း အမျိုးမျိုးနဲ့လည်း ခေါ်ဝေါ်ပါသေးတယ်။

သူ့ကို ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါလို့ သတ်မှတ်ထားပါတယ်။ အမျိုးအစားပေါင်း ၁၂၀ ရှိပြီး ၁၂၀လုံး အဆိပ်ပြင်းတာ ဖြစ်ပါတယ်။ အဆိပ် ပြင်းတဲ့ အရည်အသွေးချင်းတော့ မတူပါဘူး။ ဂျပန်မှာဆိုရင် ပင်လယ် Puffer ကို စားသုံးနေပါသေးတယ်။ သူတို့ဆီမှာ ရှိတဲ့ စားဖိုမှူးများ က စားလို့ရတဲ့ အစိတ်အပိုင်းကို အသေအချာ သိလို့ပဲ ဖြစ်ပါ တယ်။ တော်ရုံ လူတော့ မစားရဲပါဘူး။ ဂျပန် တံငှာသည် အနည်းငယ်ပဲ စားသောက်ရဲ တာ ဖြစ်ပါတယ်။

0 comments:

နာဇီတို့၏ ကမ္ဘာ့အကြီးဆုံး သံလမ်းပေါ် တင့်ကား



Railway gun လို့ခေါ်တဲ့ သံလမ်းပေါ်သွား စစ်လက်နက် (ဒုံးကျည်ပစ်စင်) ဟာ ဒုတိယ ကမ္ဘာစစ်ကာလမှာ အသုံးများတဲ့ လက်နက် ဖြစ်ပါတယ်။ ယနေ့တိုင်လည်း အသုံးပြုမှု ရှိနေပါသေးတယ်။

နယ်စပ်တိုက်ပွဲတွေမှာ ပိုမိုအသုံးဝင်ပြီး အဝေးပစ် လက်နက် ဖြစ်ပါတယ်။ ယင်းလက်နက် တည်ဆောက်မှုများမှာ သမိုင်းတွင်ခဲ့တဲ့ Railway gun ကတော့ ဟစ်တလာရဲ့  ဂျာမနီ နာဇီ တပ်မတော်ပိုင်တဲ့ Schwerer Gustav အမည်ရ လက်နက်စင် ဖြစ်ပါတယ်။

0 comments:

ဥပုဒ်စောင့်သော သစ်ကျုတ်နှစ်ကောင်



အာဖရိ ကျားသစ် (ချီတာ)ခေါ် သစ်ကျုတ်နှစ်ကောင်၏ အမူအရာကို ဓာတ်ပုံဆရာ Michel Denis မှ ယခုကဲ့သို့ အမိအရိုက် ရိုက်ကူးနိုင်ခဲ့သည်။ ကင်ညာနိုင်ငံ ဆာဖီတောတွင်း တစ်နေရာတွင် ဖြစ်သည်။

ယင်း သစ်ကျုတ်နှစ်ကောင်သည် အသက် ၁၈ လကတည်းက မိခင်မှ ခွဲထွက် ကာ နှစ်ဦးတည်း အတူနေထိုင် ကျက်စားသော သတ္တဝါများ ဖြစ်ကြသည်။ အမဲအတူလိုက်ခြင်း၊ အတူဆော့ကစားခြင်းဖြင့် အသက်ရှင် နေထိုင်ပြီး တစ်နေ့ အာဖရိက တောဆိတ် (Impala) အုပ်စုနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ သည်။ သစ်ကျုတ်တို့ရန်ကို ကြောက်လှန့်၍ တစ်ဖွဲ့လုံး ထွက်ပြေးရာ အကောင်ပေါက်လေး တစ်ကောင် မှာ မလျင်မြန်ခဲ့ပေ။ ညီနောင်နှစ်ကောင် ၏  လက်အောက်သို့ ရောက်ရှိရလေတော့သည်။

0 comments:

မသန်သော်လည်း စွမ်းသူ



အမေရိကန်နိုင်ငံ၊ Ohio ပြည်နယ် Lakewook မြို့ ရှိ အလယ်တန်း ကျောင်း တစ်ခု တွင် ဖြစ်သည်။

ကိုယ်အင်္ဂါ ချို့ တဲ့သော်လည်း ခြေထောက်နှစ်ဖက်ဖြင့် သင်ကြားနိုင်သော ဆရာမလေးကို ယခုကဲ့သို့ တွေ့မြင် ရသည်။ လက်နှစ်ဖက် မပါသော်လည်း ပညာသင်ကြား တတ်မြောက်ကာ ဆရာပြန်လုပ်နိုင်ပြီး ကိုယ်လက် အင်္ဂါ ပြည့်စုံသူများက ဒီထက်မက ပိုမို ထူးချွန်တတ်မြောက် သင့်ကြောင်း ကျောင်းသားများကို ဆုံးမ စကား ပြောလေ့ ရှိသည်။

 အသက် ၂၄ နှစ်ရှိပြီ ဖြစ်ပြီး သင်္ချာ ဘာသာရပ် သင်ကြားပြသရာတွင် ထူးချွန်သူ ဆရာမ တစ်ဦး ဖြစ်ကြောင်း သိရသည်။
--
Ref:smaefact.

0 comments:

ကမ္ဘာ့ဈေးအကြီးဆုံး အကြွေစေ့



ကမ္ဘာ့ဈေးအကြီးဆုံး အကြွေစေ့အဖြစ် အမေရိကန်နိုင်ငံမှ ပထမဆုံး ထုတ်ဝေခဲ့သော Flowing Hair dollar မှ စံချိန်တင်ထားသည်။

၁၇၉၄ ခုနှစ်မှ ၁၇၉၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော (အကြွေစေ့) ဒေါ်လာ ဖြစ်သည်။ စပိန်နိုင်ငံ၏ ဒေါ်လာကို အခြေခံကာ ဖန်တီးထားပြီး ဒီဇိုင်နာ Robert Scot ၏လက်ရာ ဖြစ်သည်။ အမေရိကန် ငွေတိုက် ဝန်ကြီး Alexander Hamilton အကြံပေးမှုကြောင့် ပထမဆုံး ဖြစ်ပေါ်လာသော အမေရိကန်တို့၏ ဒေါ်လာ ငွေကြေး ဖြစ် သည်။ ငွေ ၉၀ ရာခိုင်နှုန်း၊ ကြေးနီ ၁၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်း တည်ဆောက် ထားသည်။

0 comments:

စကားနှင့် ပရိယာယ် (must read Corporate Lessons)- (joke)



စကားတိုင်းမှာ သူ့ဝေါဟာရနဲ့ သူရှိပါတယ်။ အောင်ဖောက်ပြပါ စကားများက ယခုလို အဓိပ္ပာယ် တွေ ရှိနေပါသေးတယ်လို့ အနောက်တိုင်းမှာ ယခုလို လက်ခံထားကြပါတယ်။

ရတယ်လေ။ငါတို့ ဒါကို လုပ်လိုက်မယ် - ဆိုလိုရင်း-  မင်းဒါလုပ်ရမယ်

"We Will Do It" -  Means???         >U Will Do It

မင်း တော်တော်လုပ်နိုင်တာပဲ -ဆိုလိုရင်း  -  အလုပ်မျာများ အခိုင်းခံရပါမယ်။

0 comments:

Miss International 2012 နောက်ဆုံးရလဒ်

 အောက်တိုဘာ ၂၀။   ။ Miss  International 2012 နောက်ဆုံး (ဖိုင်နယ်) ပြိုင်ပွဲကို အေက်တိုဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။

နောက်ဆုံးပွဲစဉ်၏ ရလဒ်အရ ဂျပန်နိုင်ငံမှ လက်ရွေးစင်မယ် Ikumi Yoshimatsu က သရဖူ ဆွတ်ခူးခဲ့သည်။ ဖင်လန်နိုင်ငံ၊ သီရိလင်္ကာ၊ ဒိုမီကန် နှင့် ပါရာဂွေး နိုင်ငံမှ လက်ရွေးစင်မယ်များက Runner up ဆုများ အစဉ်လိုက်ရရှိခဲ့သည်။

0 comments:

ဆံပင်အတွက် ကြက်သွန်နီ



ကြက်သွန်နီကို ဆံပင်အရှည်မြန်ရန် နှင့် နက်မောင် သန်စွမ်းစေရန် အသုံးပြုနိုင်သည်။

 ကြက်သွန်နီကို အပိုင်းပိုင်းလှီးပြီး ခေါင်းလျှော်ရေထဲကို စိမ်ထားရမည်။ ၁၅ ရက်ကြာပါက ယင်းခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်နိုင်မည် ဖြစ်သည်။ အနောက်တိုင်းတွင် ဆံပင်အရှည်မြန်ရန်နှင့် နက်မောင် သန်စွမ်းရန် ယင်း သဘာဝ နည်းလမ်းကို အသုံးပြုသူများ ရှိကြောင်း သိရသည်။
--
Ref: Medicalfreak

0 comments:

ကမ္ဘာ့အကြီးဆုံး အိမ်မွေးကြောင်


Rupert အမည်ရ ကြောင်လေးဟာ အသက် ၂ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် ဝိတ်အားဖြင့် ပေါင် ၂၀ ကျော်ပြီဖြစ်တဲ့အတွက် နောင်နှစ် အနည်းငယ်မှာ ကမ္ဘာ့ အကြီးဆုံး အိမ်မွေးကြောင် ဖြစ်လာမယ်လို့ ပိုင်ရှင်က ကြွေးကြော်ထားပါတယ်။
----
Ref:weirdworld

0 comments:

ကျန်းမာအောင်နေနည်း (Health tips to keep you healthy)


၁။ တစ်ရက် ကြက်သွန်ဖြူ တစ်လုံး စားသုံးခြင်း

ကြက်သွန်ဖြူ (Garlic) ကို နိုင်ငံတကာမှာ Mother of all cures လို့ လက်ခံထားကြပါတယ်။ အနာရောဂါ အာလုံးကို ပျောက်ကင်းစေတဲ့ ပင်မဆေးဘုရင် ဖြစ်ပါတယ်။ ကြက်သွန်ဖြူ တစ်ဖူး (တစ်လုံး) (5ml) ဟာ ဓာတုဗေဒ အဆိပ်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါကို ၄၈ ရာခိုင်နှုန်း ပျောက် ကင်းစေတယ်လို့ ဆိုပါတယ်။ ကူးဆက်ရောဂါများကို လည်း ကာကွယ်ပေး ပါတယ်။ ဒါကြောင့် ကိုယ်စားတဲ့ ဟင်းလျာအစားအစာ များမှာ ကြက်သွန် ပါနေဖို့ လိုပါတယ်။

0 comments:

တစ်နာရီ မိုင် ၁၀၀၀ ပြေးမည့် Bloodhound SSC



Bloodhound SSC ကို ၂၀၁၃-၂၀၁၄ မှာ ဂင်းနစ်စံချိန်တင်မယ့် ကား ဖြစ်ပါ တယ်။

ရည်ရွယ်ချက်က ကမ္ဘာ့အမြန်ဆုံး မြေပေါ်သွား စက်တပ်ယာဉ် ဖြစ်ဖို့ ဖြစ်ပါ တယ်။ ၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ပြီး ယခု အပြီးသတ်နေပြီလို့ သိရပါတယ်။ အမြန်ဆုံး တစ်နာရီ မိုင် ၁၀၀၀ (တစ်နာရီ ၁၆၀၉ ကီလိုမီတာ) အထိ မောင်းနှင်မှာ ဖြစ်ပါတယ်။ Rolls-Royce ကုမ္မဏီထုတ် ဂျက်လေယာဉ် က တာဘိုလေစက်တပ် EJ200 အင်ဂျင်၊ Falcon ထုတ် HTP ဟိုင်းဘ ရစ် ရော့ကတ်အင်ဂျင်၊ Cosworth ထုတ် ၂၀၁၀ မော်ဒယ် ဖော်မြူ လာဝမ်း အင်ဂျင် V8 APU အစရှိသဖြင့် ဂျက်လေယာဉ် အင်ဂျင်၊ ရော့ကတ် အင်ဂျင် နဲ့ ဖော်မြူလာဝမ်းက အားအပြင်းဆုံး အင်ဂျင် စုစုပေါင်း သုံးခုတောင် တပ်ဆင်ထားပါတယ်။

0 comments:

သစ်ရွက်ခြောက် တောက်တဲ့



ရုတ်တရက်ကြည့်လိုက်ရင် သစ်ရွက်ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တောင် သတိမထားမိသူဖို့ သစ်ရွက်ခြောက် လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့  သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။

0 comments:

ရှုံးနိမ့်ခြင်းဟူသည်



လူတစ်ယောက်လမ်းလျှောက်လာရင်း ဆင်တစ်ကောင်ကို တွေ့တော့ ရပ်တန့်လိုက်ပါတယ်။ ဆင်ရဲ့ ရှေ့ ခြေထောက်မှာ ကြိုးလေး သေးသေးနဲ့ ချီပြီး မြေပြင်မှာ တုတ်ရိုက် ထားတာကို တွေ့ပြီး အံ့သြသွားလို့ ဖြစ်ပါတယ်။

ဒါကြောင့် ဆင်ဘေးမှာ ရှိနေတဲ့ ဆင်ထိန်းကို သွားမေးလိုက်ပါတယ်။

0 comments:

စပျစ်သီး၏ ကျန်းမာရေးအကျိုးပြုပုံ


စပျက်သီး က ပန်းနာ၊ နှလုံးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်၊ အစာမကြေ၊ ပင်ပန်း၊ ကျောက်ကပ်နာ၊ ကင်ဆာ၊ အမြင်အာရုံဆုံးရှုံးခြင်း၊ မျက်စိမှုန်ခြင်း၊ ဝမ်းနှင့် ပက်သက်သော ရောဂါ တို့ကို ပျောက်ကင်းစေပါတယ်။

ပြီးတော့ စပျစ်သီးဟာ သဘာဝဖြေဆေး တစ်မျိုးလည်း ဖြစ်တယ် လို့ ဆေး ပညာ ရှင်များက ဆိုထားပါတယ်။
----
Ref:medicfact

0 comments:

ရှားပါး သိန်းငှက်မျိုး Blyth's Hawk



သိန်းငှက် အုပ်စုဝင် ငှက်မျိုးဖြစ်ပြီး Blyth's Hawk လို့အမည်ရပါတယ်။

အလယ်အလတ်စား အရွယ်ရှိပြီး စင်္ကာပူ၊ ဆူမားတြား၊ ဘော်နီယိုကျွန်း၊ ပင်နီစူလာ မလေးရှား တို့မှာ နေထိုင် ကျက်စားပါတယ်။ သစ်ပင်စည် အတွင်းမှာ အသိုက်လုပ်နေထိုင်ပြီး ဥတစ်ခါ ဥရင် တစ်လုံးပဲ ဥတတ်ပါတယ်။ ဒါကြောင့်လည်း ရှားပါး သိမ်းငှက်မျိုးစိတ် စာရင်း ဝင်နေရခြင်း ဖြစ်ပါတယ်။

0 comments:

ဂေါလစ် ကျားငါး


အာဖရိကမှာ တွေ့ရှိတဲ့ ငါးမျိုးတစ်မျိုး ဖြစ်ပါတယ်။ Goliath Tigerfish လို့ အမည်ပေးထားပြီး အသားစား ငါးမျိုး ဖြစ်ပါတယ်။

Goliath အမည်က အစ္စရေးပုံပြင်ထဲက စစ်သူရဲကောင်းရဲ့ နာမည် ဖြစ်ပါ တယ်။ သူ့လိုပဲ ကြောက်စရာကောင်းလောက်အောင် အစွမ်း ထက်လို့ ဖြစ် ပါတယ်။ ငါးလို ရေထဲမှာ နေထိုင်ပြီး ကျားတစ်ကောင်လို အမဲ လိုက် ပါတယ်။ ဒါကြောင့် သူ့ကို Goliath Tigerfish (ဂေါလစ် ကျားငါး)လို့ အမည် ပေး လိုက်ခြင်း ဖြစ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ ငါးသရဲလို့ လည်း ခေါ်ပါသေး တယ်။

0 comments:

ကမ္ဘာ့ငွေကြေး အဖောင်းပွဆုံး နိုင်ငံ



ကမ္ဘာ့ငွေကြေး အဖောင်းပွဆုံး နိုင်ငံကို ဇင်ဘာဘွေမှန်း လူတိုင်း သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

ဇင်ဘာဘွေမှာ ဟမ်ဘာဂါ တစ်လုံးကို ဇင်ဘာတွေ ဒေါ်လာ ၁၅ သန်း ကုန်ကျပါတယ်။
----- :)

0 comments:

ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ



ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ  တွေ့ရှိထားပါတယ်။

1 comments:

မုန်လာဥနီ၏ ကျန်းမာရေးအကျိုးပြုပုံ


မုန်လာဥနီရဲ့ ကျန်းမာရေး အကျိုးပြုပုံကို စာဖတ်သူ အများစု သိရှိမယ်ထင်ပါတယ်။

၁၀၀ မီလီ ဂရမ် မုန်လာဥနီ တစ်တောင့် မှာ ပါဝင်တဲ့ ဓာတ်များကတော့

Vitamin A --93%
Vitamin C --12%
Vitamin D
Vitamin E
Vitamin K
9.4 mcg
Thiamin --3%
Riboflavin --3%
Niacin --8%
Vitamin B6 --8%
Folate--5% အစရှိသဖြင့်တို့ ဖြစ်ပါတယ်။

0 comments:

အမျိုးသမီးများအတွက် ကော်ဖီအကျိုးပြုပုံ


Harvard တက္ကသိုလ်ရဲ့  လေ့လာ တွေ့ရှိ
ချက် ဖြစ်ပါတယ်။ ကော်ဖီသောက်တဲ့ အမျိုးသမီး များဟာ စိတ်ကျရောဂါ ဖြစ်နိုင်ချေ နည်းပါတယ်။ စိတ်ဓာတ်ကျ ဆင်း နေမှုမှုကိုလည်း လျော့နည်းလာစေပါတယ်။

ကော်ဖီပုံမှန်သောက်သုံးတဲ့ အမျိုးသမီးဟာ ကော်ဖီ လုံးဝ မသောက်တဲ့ အမျိုးသမီးများထက် Depression ဝင်နိုင်ချေ နည်းတယ်လို့ ဆိုပါတယ်။
----
Ref: Medic facts

0 comments:

ကမ္ဘာ့ကြောက်မယ်ဖွယ်အကောင်းဆုံး စက်ဘီး ခရီး



အိုင်ယာလန်ကျွန်းရှိ Moher ချောက်ကမ်းပါးတွင် စက်ဘီးမောင်း အားကစားသမား Hans Rey နှင့် Steve Peat တို့ စက်ဘီးဖြင့် ဖြတ်သန်းမောင်းနှင် နေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။

အနက်ပေများစွာ မြင့်မားေoာ မိုဟာ ကျောက်ကမ်းပါးဘေးတွင် ဖြတ် ၍ မောင်းပြနိုင်ခဲ့သော Rey နှင့် Peat ကို ကမ္ဘာ့ကြောက်မယ်ဖွယ် အကောင်းဆုံး စက်ဘီးခရီးနှင်သူ အဖြစ် အံ့သြ အသိအမှတ်ပြုခဲ့ရသည်။
----
Ref: unusualfact

0 comments:

အိုင်စလန်ကျွန်းမှ သဘာဝ ရေပန်း (ရေပွက်)



အိုင်စလန်ကျွန်းစုနိုင်ငံမှာ နာမည်ကြီးတဲ့ သဘာဝနေရာတစ်ခုကတော့ Strokkur အမည်ရတဲ့ ရေပွက် (Geyser) ဖြစ်ပါတယ်။

အလိုအလျောက်ရေများ ပန်းထွက်နေပြီး သဘာဝရေပန်းလို့တောင် တင်စား ပါတယ်။ ၄ မိနစ် နဲ့ ၈ မိနစ်ကြားမှာ တစ်ခါပန်းထွက်ပြီး ရေတစ်ခါ တက်ရင် ၁၅ မီတာနဲ့ မီတာ ၂၀ ကြားမှာ ဖြစ်ပါတယ်။ တစ်ခါခါကျရင် မီတာ ၄၀ အထိတောင် မြင့်တက်ပါတယ်။

0 comments:

ကမ္ဘာ့အဆင်းရဲဆုံး သမ္မတက ပိုင်ဆိုင်မှုရဲ့  ၉၀ ရာခိုင်နှန်းကို လစဉ်လှူဒါန်း



ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ စာရင်းထဲမှာ ဥရုဂွေး သမ္မတ José Mujica လည်း လည်း ပါဝင်ပါတယ်။ သူ့ရဲ့ လစာက တစ်လကို အမေရိကန်ဒေါ်လာ ၁၂၅၀၀ ရှိပေမယ့် လစဉ် ၁၂၅၀ ပဲ သူ့အတွက်ချန်ပါတယ်။ ကျန်တာကို လှူဒါန်းမှုမှာ အသုံးပြုတယ်လို့ သိရပါတယ်။

0 comments:

ကိုကာကိုလာအချိုရည်၏ အသုံးဝင်ပုံ


ကိုကာကိုလာအချိုရည်ဟာ အားဖြည့်အချို ရည်တစ်မျိုး ဖြစ်ပြီး အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။

သံချေးများ ဖယ်ရှားခြင်း

ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။

0 comments:

လူသား ဂဏန်းပေါင်းစက်၏ လျှို့ ဝှက်ချက်



လူသား ဂဏန်းပေါင်းစက်အဖြစ် ဂင်းနစ် စံချိန်တင်ထားသူကတော့ အမေရိကန်မှ Scott Flansburg အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။

သူကိုယ်တိုင်ကလည်း သင်္ချာနဲ့ ကျောင်းပြီးထားသူ ဖြစ်ပြီး သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။ သာမန် သင်္ချာထူးချွန်သူတစ်ဦးထက်လည်း ၁၅ မိနစ်စောပြီးတော့ အပေါင်း၊အနှုတ်၊ အစား၊ မြောက်လဒ်တို့ရဲ့ အဖြေကို ပြောနိုင်ပါတယ်။ သာမန်လူ ဂဏန်းပေါင်စက်နဲ့ အဖြေကို လိုက်ရှာနေချိန် အဖြေကို လက်တန်းပြောနိုင်သူ ဖြစ်ပါတယ်။

0 comments:

ပင်လယ်ပြင် အလယ်က မြို့ 



ပင်လယ်ပြင်အလယ်က မြို့ ဆိုတာ တကယ်ရှိပါ တယ်။ ပြင်သစ်နိုင်ငံ အနောက်မြောက်ဘက်ပိုင်း ပင်လယ်ရေပိုင်နက်က ဖြစ်ပြီး Mont Saint Michel  အမည်ရ မြို့ ငယ်လေး ဖြစ်ပါတယ်။ သက္ကရာဇ် ၇၀၉ ခုနှစ် ကတည်းက ရှိတာ ဖြစ်ပြီး ကျွန်းငယ်လေးကို မြို့ လိုဖြစ်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

0 comments: