ကလေးငယ်အတွက် လူစွမ်းကောင်း ဖြစ်ခဲ့သူ Temar



ပုံအထက်မှာ မြင်တွေ့နေရတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသားဟာ ကလေးငယ် ပြန်ပြေးဆွဲခံရမယ့် အခြေအနေကနေ လွတ်မြောက်သွားအောင် ကယ်တယ်ပေးခဲ့သူ ဖြစ်ပါတယ်။ Temar Boggs လို့အမည်ရတဲ့ အသက် ၁၅ နှစ် လူငယ် ဖြစ်ပြီး အဲ့တုန်းက ၂၀၁၃ ဇူလိုင်ဆိုတော့ ယခုဆိုရင် တစ်နှစ်ကျော်မက ရှိနေပါပြီ။

၎င်းတို့ နေထိုင်တဲ့ ရပ်ကွက်ထဲမှာ အသက်ငါးနှစ်အရွယ် ခလေးမလေး ပျောက်ဆုံးကြောင်း ရဲများ ပြာဆိုလို့ ရှာနေချိန် လူငယ်ဟာ သူ့သူငယ်ချင်းနဲ့အတူ စက်ဘီးစီးနေပါတယ်။ မမျော်လင့်ပဲ လမ်းတစ်နေရာမှာ ကားပေါ်မှာ ခလေးမလေးကို တွေ့ပါတယ်။ ကလေးမလေးကို ကားပေါ်တင်ပြေးခြင်း ဖြစ်ပါတယ်။ ဒါကို မြင်တော့ Temar နဲ့ သူငယ်ချင်းဟာ စက်ဘီးကို အရှိန်မြင့်မောင်းနှင်ပြီး လိုက်တဲ့အခါ ၁၅ မိနစ်အတွင်း ကားကို အမှီလိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကားထဲက လူဟာလည်း ကလေးငယ်ကို ချပြီး ပြန်ထွက်ပြေးတာကြောင့် ကလေးငယ်ကိုပါ ပြန်လည် ကယ်ဆယ်နိုင်ခဲ့ ပါတယ်။ ကလေးငယ်ဟာ ကယ်ဆယ်တဲ့ လူငယ်ကို အားကိုးတကြီး ပြေးဖက်လို့ ငိုပြီး အမေကို ခေါ်ပေးဖို့ တောင်းဆိုပါတယ်။

ဒါကြောင့် သူမ အမေဆီ ပို့ဆောင်ပေးခဲ့ပြီး ယင်း မြို့မှာ နေထိုင်တဲ့ လူတိုင်းက Temar နဲ့ သူငယ်ချင်းကို သူရဲကောင်း စစ်စစ်များ အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။ ကလေးငယ်ရဲ့ မိခင်လည်း သူ့ကို ထွေးပွေ့လို့ ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments:

သူငယ်ချင်း ဈာပနကို ဘနားနားအရုပ်များလို့ ဝတ်ပြီးတတ်တဲ့ သူငယ်ချင်းများ


ဗြိတိန်နိုင်ငံက စစ်တပ်တစ်တပ်က တပ်စု တစ်ခုဟာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး လူငယ် စစ်သား တစ်ဦး မမျော်လင့်ပဲ အသက်ဆုံးရှုံးသွားပါတယ်။ ယင်းကတော့ ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်ပြီး မတော်တဆ ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ကို ပြန်လည် တွေ့ရှိအောင် ကြိုးစားခဲ့ရပြီး တွေ့ရှိချိန်မှာ သေဆုံးနေ ပါပြီ။

0 comments:

ပျောက်ဆုံးသွားသောအဲအေးရှားအင်ဒိုနီးရှားလေယာဉ် နှင့် ကုမ္ပဏီ ထုတ်ပြန်ချက်



အဲအေးရှားနှင့်အင်ဒိုနီးရှားမှတာဝန်ရှိသူများ၊အင်ဒိုနီးရှားအမျိုးသားရှာဖွေရေးနှင့်အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့(BASARNAS)၊အင်ဒိုနီးရှားလေဆိပ်မှာ တာဝန်ရှိသူများ၊ Angkasa Pura I မှ လေဆိပ်တာဝန်ခံများ သည် ပျောက်ဆုံး သွားသူ မိသားစုများနှင့်တွေ့ဆုံ၍ နောက်ဆုံးဖြစ်စဉ်များကို အကြောင်းကြား ရန် ဖြစ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် အထောက်အကူပေးမည်ဖြစ်ကြောင်း မကြာသေးမီက ဆာရာဘရာတွင် သတင်းထုတ်ပြန် ပြောကြားခဲ့ပါတယ်။

0 comments:

ဇနီးအတွက် လက်စွပ် ကိုင်းခွက် ဝယ်ပေးသတဲ့


ဗြိတိန်နိုင်ငံမှာ ဖြစ်ပါတယ်။ Jonathan H လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ ချစ်ဇနီးကို စနောက်ချင်စိတ်နဲ့ ဝယ်ပေးလိုက်တာကတော့ လက်စွပ် ကိုင်းခွက် ဖြစ်ပါတယ်။ သူမရဲ့ ချစ်သူကို ခရစ်စမတ်လက်ဆောင် အနေနဲ့ ဘာလိုချင်လဲလို့မေးခဲ့ ပါတယ်။

0 comments:

ငါးနှစ်သမီးလေးရဲ့ ပန်းချီကို Facebook မှာ ပေါင်ငွေ ၁၅၀၀ နဲ့ ရောင်းထွက်



ပုံမှာ မြင်တွေ့နေရတဲ့ ဗြိတိန်နိုင်ငံက ငါးနှစ်အရွယ် ကလေးငယ်လေးဟာ ခရစ်စမတ်မှာ အလှူလုပ်ချင်ရှာ ပါတယ်။ ဒါကြောင့် အိမ်ခြေမဲ့ လူတစ်ဦးကို လက်ဆောင် ပစ္စည်းပေးနိုင်လောက်တဲ့ ငွေကြေးကို ရှာဖို့ ကြိုးစားခဲ့ပါတယ်။ ဗြိတိန်ပေါင် ၂၁ ပေါင် လောက်သာ လိုချင်သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ ပန်းချီဆွဲပြီး ယင်း စာရွက်ပေါ်က ပန်းချီကို သူမရဲ့ အလှူပေး Facebook Page ပေါ်မှာ တင်ခဲ့ ပါတယ်။

0 comments:

ကမ္ဘာ့နံပါတ် ၁ တိုက်လေယာဉ်


ကမ္ဘာ့ နံပါတ် ၁ တိုက်လေယာဉ် အနေနဲ့ Lockheed Martin F-22 Raptor ကို ရွေးချယ်ထားကြပါတယ်။ သူက အမေရိကန်မှာ ထုတ်ပြီး စုစုပေါင်း အစီး ၁၉၀ ဝန်းကျင်သာ ရှိတဲ့ လေယာဉ် ဖြစ်ပါတယ်။ တစ်စီးတစ်စီးရဲ့ တန်ဖိုးဟာလည်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရှိပြီး တစ်ခါတစ်ခါ Upgrade လုပ်ရင်လည်း သန်း ၁၀ ဂဏန်း ကုန်ပါတယ်။

0 comments:

အနောက်တိုင်းမှာ နာမည်ကျော်နေတဲ The Interview ရုပ်ရှင်


The Interview  လို့အမည်ရတဲ့ ရုပ်ရှင်အကြောင်းကို သိသူများလည်း သိကြမှာပါ။ သူဟ နိုင်ငံရေး ဟာသကား ဖြစ်ပြီး အမေရိကန်က ဂျာနယ်လစ် ၂ ဦး က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကို သတ်ဖို့ ဘယ်လိုကြိုးစားတယ် ဆိုတာကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ အမှန်တော့ ယင်းက အစစ်အမှန် မဟုတ်ပါဘူး။

0 comments:

ကျွန်းထဲက ကန်ထဲက ကျွန်းထဲကကန်


ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရဲ့ တောင်ပိုင်း ၃၁  မိုင် အကွာမှာ ရှိတဲ့ ပင်လယ်ထဲက Luzon ကျွန်းရဲ့ အလယ်ခေါင်မှာ Taal Volcano မီးတောင် ရှိပါတယ်။ သူ့ရဲ့ တည်ဖွဲနေပုံက ထူးဆန်းပါတယ်။ ပင်လယ်ထဲက ကျွန်းထဲက ကန်ထဲမှာ ကျွန်းထထဲမှာ ကန် တစ်ကန် ရှိနေခြင်း ဖြစ်ပါတယ်။

0 comments:

Google Translate ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီ


အင်တာနက် အသုံးပြုနေသူ အတော်များများလည်း သိပြီးသား ဖြစ်ကြမှာပါ။ ယင်းကတော့ Google Translate မှာ မြန်မာဘာသာ ပါဝင်လာခြင်း ဖြစ်ပြီး စတင် အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာ ကို ပြန်လို့ ရသလို၊ အင်္ဂလိပ်ဘာသာ ကနေ လည်း မြန်မာဘာသာကို ပြန်လို့ ရပါတယ်။

0 comments:

အမေရိကန်ပြည်ထောင်စု နည်းပညာအရာရှိချုပ် Megan Smith


ကမ္ဘာ့ နည်းပညာလောကမှာ အလွမ်းမိုးနိုင်ဆုံး အမျိုးသမီး ၇ ဦးမှာ ထပ်ဆုံး အဖြစ် ဖော်ပြခံရသူ ကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Megan Smith လို့ အမည်ရတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရှိပြီ ဖြစ်ပြီး သူမရဲ့ အလုပ် သက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုများ ရရှိခဲ့ပါတယ်။

0 comments:

ဆစ်ဒနီက ကော်ဖီဆိုင် အနုကြမ်းဝင်စီးမှု အနီးမှာ Selfie ရိုက်သူများပြားခဲ့


မနေ့မနက်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က ကော်ဖီဆိုင် အနုကြမ်းဝင်စီးမှုကို သိကြမှာပါ။ ကော်ဖီဆိုင်ကို လက်နက်ကိုက် အကြမ်းဖက်သမား တစ်ယောက်က ဝင်စီးပြီး ဓားစာခံ ၂၄ ဦးထားရှိခဲ့ခြင်း ဖြစ်ပါတယ်။

0 comments:

Facebook မှာ အရက်မူးနေတဲ့ ပုံတွေတင်မရအောင် Facebook က ဖန်တီး


Facebook က နည်းပညာ တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ယင်းကတော့ အရက်မူးနေတုန်း ပုံတင်လို့မရအောင် ဖြစ်ပါတယ်။ အရက်တော့ မမူးတော့ဘူး။ ဒါပေမယ့် ရိုက်ထားတဲ့ ပုံက မူးနေတဲ့ ရုပ်နဲ့ ဖြစ်နေရင် Facebook ပေါ် မရောက်ရှိအောင် ဖြစ်ပါတယ်။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ယင်းအတွက် လက်ရှိ Facebook မှာ အသုံးပြုနေတဲ့ မျက်နှာ ခွဲခြမ်းစိတ်ဖြာ လေ့လာ နည်းပညာကိုပဲ ထပ်မံ အဆင့်မြင့်တင်လိုက်ခြင်း ဖြစ်ပါတယ်။

0 comments:

နောက်ထပ် iPhone မျိုးဆက်


နောက်ထပ် iPhone မျိုးဆက် အဖြစ် iPhone7 ကို ဒီဇိုင်နာ တစ်ဦးက ယခုလို ဖန်တီးခဲ့ ပါတယ်။ iPhone 6S လို့လည်း အမည်ရမယ့် ဖုန်း ဖြစ်ပြီး ထူးခြားချက် သိပ်ရှိမသွား ပါဘူး။ အကြောင်းကတော့ လက်ရှိ iPhone6 ကိုပဲ ငယ်အောင် လုပ်ထားလို့ ဖြစ်ပါတယ်။

0 comments:

အမေရိကန်ဒေါ်လာ ၁၁ သန်းတန် မာစီဒီး ရွှေပြိုင်ကား



မာစီဒီး (Mercedes McLaren SLR) ကို ဆွစ်ဇာလန်နိုင်ငံမှာ ဒီဇိုင်နာ Ueli Anliker အလှဆင်ထားပုံကို ယခုလို မြင်တွေ့ မှာ ဖြစ်ပါတယ်။


တကယ့်ရွှေအစစ်တွေနဲ့ ကားကို ခြယ်သပြင်ဆင် လိုက်ပြီး ရွှေ ၁၁ ပေါင် အသုံးပြုထားပါတယ်။ ဒါကြောင့် ကာလပေါက်ဈေးအရ ရွှေ ချည်းသက်သက်ကို အမေရိကန်ဒေါ်လာ ၃ သိန်း အကုန်ကျခံထားပါတယ်။ ကားတစ်ခုလုံးကို ယခုလို ပုံပေါက်အောင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅.၄ သန်းအကုန်ကျခံထား ရတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ပြန်လည်းရောင်းချရာမှာတော့ အမေရိကန်ဒေါ်လာ ၁၁ သန်းသတ်မှတ်ထားပါတယ်။


တာယာအလွိုင်းဘီးကအစ ရွှေရည်သုတ်လိမ်းထားတဲ့အတွက် သူခိုးလုံးဝကပ်လို့မရအောင် အာရုံခံအားကောင်း တဲ့ သူခိုးအချက်ပြစနစ် (ultra-sensitive burglar alarm system) တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြားသော လုံခြုံရေးအချက်ပြစနစ်များစွာ တပ်ဆင်ထားရှိပြီး သာမန်ကားတွေမှာတောင် အသုံးမပြုတဲ့ လုံခြုံရေးစနစ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကားရဲ့တန်ဖိုး ကုန်ကျစရိတ်ကြီးမားသွား ခြင်း ဖြစ်ပါတယ်။


၂၀၁၁ ခုနှစ် ဒီဇင်ဘာလက ထုတ်ဖော်ပြသခဲ့တဲ့ ရွှေမာစီဒီး ကို Red Gold Dearm လို့ အမည်ပေးထားတယ်လို့ သိရပါ တယ်။ 


Ref: autoblog

အောင်ခမ်း (www.innewsmyanmar.com)


.

0 comments:

စိန်မိုးရွာတဲ့ ဂြိုလ် နှစ်ခု


စနေဂြိုလ်နဲ့ ကြာသပတေးဂြိုလ်တို့မှာ စိန်မိုး ရွာသွန်း ပါတယ်။ အကြောင်း ကတော့ ယင်းတို့ အပေါ်မှာ ဖြစ်ပွားတဲ့ မိုးကြိုး မုန်တိုင်းများက methane ကို ကာဘွန် အဖြစ် ပြောင်းလဲပေးပြီး အောက်ကို စိန်တုံးအဖြစ် ကျဆင်းစေ ပါတယ်။

0 comments:

နေရောင်ခြည်စွမ်းအင်ယူမယ့် မျက်မှန်


သက္ကရာဇ် ၂၀၀၈ ခုနှစ်ကတည်းက တောင်ကိုရီးယားမှ တီထွင်ပညာရှင် ၂ ဦးဟာ နေရောင်ခြည် စွမ်းအင်ကို ဆုပ်ယူနိုင်မယ့် နေကာမျက်မှန်အား ဖန်တီးခဲ့ ပါတယ်။ ယင်းမျက်မှန်ကို တပ်ထားပြီး နေရောင်ထဲမှာ လမ်းလျှောက်ရင် ရောင်ခြည်ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးနေမှာ ဖြစ်ပြီး ကြိုးနဲ့ တပ်ပြီးဖုန်းကို ထိုးထားရင် ဖုန်းအား ဖြည့်လို့ ရသလို၊ iPod, iPad တို့ကို တပ်ထားပြီးတော့လည်း အားဖြည့် နိုင်မှာ ဖြစ်ပါတယ်။

0 comments:

လူသတ်သမားဝတ်ဆုံ ဝတ်ထားလို့ တကယ်လို့ ထင်ပြီး LAPD ရဲတို့ ပစ်သတ်ခဲ့


Scream ရုပ်ရှင်စီးရီး ကြည့်ဖူးသူတို့ ယင်းထဲက ဗီလိန် လူသတ်သမားကို သိကြ ပါလိမ့်မ်။ မျက်နှာလုံးစွတ်ပြီး အနက်ရောင် ဝတ်ဆုံနဲ့ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကို ဟောလိဝုဒ် လမ်းမထက်မှာ လူတစ်ယောက် ဝတ်ဆင်ပြီး လျှောက်သွားနေတော့ ရဲနှစ်ဦးရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။

0 comments:

အရုပ်တွေကို အစစ်နဲ့ တူအောင် ဖန်တီး


အမေရိကန်မှ အမျိုးသမီး ဓာတ်ပုံဆရာမ တစ်ဦးဟာ သူစုစည်းထားတဲ့ အရုပ်မတွေကို လူအစစ်နဲ့ တူအောင် ဖန်တီး ဓာတ်ပုံရိုက်ရာ လူသိများလာပါတယ်။ ယင်းအရုပ်များဟာ ကလေးဆော့တဲ့ အရုပ်များ မဟုတ်ပါဘူး။ လူကြီးတွေ ဆော့တဲ့ sex toy ဖြစ်ပြီး လူတွေနဲ့ အရွယ်အစား အတူညီ ရှိပါတယ်။

0 comments:

ဘာပီဇာ စားချင်တာလဲကို ခန့်မှန်းတွက်ချက်ပြီး ချပေးမယ့် စက်ရုပ် မီနူး


Pizza Hut ကနေ နေပြီးတော့ အသစ် မိတ်ဆက်မယ့် စက်ရုပ် မီနူးက မိမိ ဘာ ပီဇာကို စားချင်တယ် ဆိုတာကို တွက်ချက်ပြီး ချပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ပီဇာဆိုင် ရောက်ပြီးတော့ ဘာ စားလို့ စားရမှန်း မသိတဲ့ သူများအတွက် ဖြစ်ပါတယ်။

0 comments:

ဝိုင်သည် တိတ်တဆိတ် လူသတ်သမား ဖြစ်


ဗြိတိန်နိုင်ငံ ကျန်းမာရေး ဆိုင်ရာ စစ်ဆေးလေ့လာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ ဝိုင်တစ်ခွက်ဟာ ဗော့ကာ သုံးခေါက် မော့စာထက် ပိုပြီးတော့ အဆိပ်ပြင်းကြောင်း သိရပါတယ်။ ဒါကြောင့်မို့ ဝိုင်သောက်သုံးမှုကို လျော့ချရန် လိုအပ် ကြောင်း သတိပေးလိုက်ပါတယ်။

0 comments:

အသံထက် ၆ဆ မြန်တဲ့ လေယာဉ်


Aurora  လို့အမည်ရတဲ့ အသံထက် ၆ဆ မြန်တဲ့ လေယာဉ်ကို အမေရိကန်တို့ဟာ ၁၉၈၉ ခုနှစ်ကတည်းက စတင် တီထွင်နေကြောင်း သတင်းထွက်ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာပဲ တစ်နာရီကို မိုင်ပေါင်း ၄၀၀၀ ကျော် သွားနိုင်တဲ့ အမျိုးအစားကိုလည်း ဖန်တီးနိုင်ခဲ့ကြောင်း ဆိုပါတယ်။

0 comments:

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်က ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ကွန်ပြူတာ ကို တွေ့ရှိပြီးတဲ့နောက် ကမ္ဘာ့ ပထမဆုံး ကွန်ပြူတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ရှိတာ ဖြစ်ကြောင်း အတည်ပြုလိုက် ပါတယ်။

0 comments: