ပီဇာက ပေးသော သင်ခန်းစာ



ရောင်းသူ - အကို ပီဇာ ဘယ်နှစ်စိတ်ပိုင်းပေးရမလဲ ။ ၈ စိတ်ပိုင်းလိုက် မယ်နော်။

ဝယ်သူ   - အို....။  ၆ စိတ်ပိုင်းပဲ ပိုင်းပါ။ ၈ စိတ်ဆို ကျနော် မကုန်ဘူး။

0 comments:

ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ



ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။

0 comments:

မွေးလွန်းသူ ဇာပန



အမျိုးသမီး တစ်ဦးပေါ့။ ပထမ အိမ်ထောင်မှာ သားသမီး ၁၃ ဦး ထွန်းကား ပါတယ်။ အမျိုးသား ကွယ်လွန်တော့ ဒုတိယက အိမ်ထောင် ပြုပါတယ်။ သားသမီး ၇ ဦး ထွန်းကားပါတယ်။ ဒုတိယ အမျိုးသား ကွယ်လွန်ပြန်တော့ တတိယ အိမ်ထောင်ပြုပါတယ်။ သားသမီး ၆ ဦး ထပ်ထွန်းကား ပါတယ်။

0 comments:

လေဆင်နှာမောင်း မဟုတ်သော မီးဆင်နှာမောင်း



လေဆင်နှာမောင်းတော့ လူတိုင်းသိပေမယ့် မီးဆင်နှာမောင်းတော့ သိသူ နည်းပါတယ်။ တကယ်ရှိပါတယ်။ သူ့ကို အင်္ဂလိပ်လို - Fire whirl / Fire devil / Fire tornado လို့လည်း ခေါ်ပါတယ်။

0 comments:

ကြောင်ဘိုးဘိုး ခေါ် Pallas's cat



ပုံမှာမြင်တွေ့နေရတဲ့ ကြောင်မျိုးက နေရာတိုင်းမှာတော့ ရှိမှာမဟုတ်ပါဘူး။ ကမ္ဘာ့အရှားပါးဆုံး ကြောင် တစ်မျိုးလည်း ဖြစ်ပါတယ်။

0 comments:

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ




ဂျင်း

သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။

0 comments:

ဆီချိုရောဂါသည်များအတွက် ကျန်းမာစေမည့် အမူအကျင့်များ


၁။ အချိန်မှန်စားပါ။ စားချိန်ကျော်လွန်မှ စားခြင်းကို လုံးဝရှောင်ကြဉ်ရမည်။

၂။ လမ်းလျှောက်ပြီး၊ ပင်ပန်းပြီး ချက်ချင်း မစားပါနှင့်။

၃။ အချိုပေါ့သော အစားအစာများကိုသာ စားသုံးပါ။

0 comments:

ယောင်္ကျားဖြစ် အမျိုးသမီးတို့ အကြောင်း



အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုမှာပေါ့။ အမျိုးသမီးတွေချည်းကို သီးသန့်စုရုံးပြီး တည်မြဲတဲ့ အိမ်ထောင်ဘဝတစ်ခု တည်ဆောက်ခြင်းဆိုတဲ့ အကြောင်း အရာကို ဟောပြောပို့ချနေချိန်မှာ ဖြစ်ပါတယ်။

0 comments:

အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး



Gaboon Viper လို့ခေါ်ပြီး သိပ္ပံအမည်ကတော့ Bitis gabonica ဖြစ်ပါတယ်။ အာဖရိက တိုက် အလယ်ပိုင်းမှာ နေထိုင်ကျက်စားပြီး ကမ္ဘာ့အဆိပ်အပြင်း ဆုံး မြွှေများ စာရင်းများလည်း ပါဝင်ပါသေးတယ်။

0 comments:

အိုင်းစတိုင်းနှင့် ချာလီတို့ တွေ့ဆုံမှု



ညစာစားပွဲတစ်ခုမှာပေါ့။ ကမ္ဘာကျော် လူရွှင်တော် ချာလီချက်ပလင်နဲ့ သိပ္ပံပညာရှင် အိုင်းစတိုင်းတို့ တွေ့ဆုံပါတယ်။ တွေ့ဆုံတော့ ချာလီချက်ပလင် က ယခုလို စကားဆိုပါတယ်။

"ကျနော့ကို လူတွေက နားလည်လို့ လက်ခုတ်သြဘာ ပေးတယ်။ ခများ ကိုကျ လူတွေ ဘာမှနားမလည်လို့ လက်ခုတ်သြဘာ ပေးတယ်"

0 comments:

ဂျပန်တွင် အသက် ၁၀ နှစ်ပြည့်မှ စာမေးပွဲ ဖြေရသည့် အကြောင်း


ဂျပန်နိုင်ငံမှာ ၃ တန်းအရွယ် (အသက် ၉ နှစ် အရွယ်) အထိ ဘာ စာမေးပွဲ မှ ဖြေစရာ မရှိပါဘူး။

ကျောင်းတက်ရပါတယ်။ စာလုပ်ရပါတယ်။ သို့ပေမယ့် စားမေးပွဲ မဖြေရပါ ဘူး။ အကြောင်းကတော့ ကျောင်းတက်တဲ့ ပထမ ၃ နှစ်တာကာလရဲ့   မျော်မှန်းချက်ဟာ ပညာမဟုတ်ပဲ အကျင့်စာရိတ္ထဖြစ်လို့ ဖြစ်ပါတယ်။ ယင်း ပထမ ၃ နှစ်အတွင်းမှာ စာ ထက် ကိုယ်အမူအရာ၊ နှုတ်အမူရာ၊ လူမှု ဆက်ဆံ ရေး အစရှိသဖြင့် ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့ စာတွေ ကိုသာ အလေးပေး သင်ကြားပါတယ်။

0 comments:

လေယာဉ်ကိုအနီးကပ်မြင့်ရသည့် နယ်သာလန်က Sint Maarten ကမ်းခြေ


လူဦးရေ ၄ သောင်းဝန်းကျင်ပဲ ရှိတဲ့ Sint Maarten ကျွန်းမြို့ ငယ်လေးက the princess Juliana  အမည်ရ နိုင်ငံတကာ လေဆိပ်တစ်ခု ဖြစ်ပါတယ်။ Photoshop နဲ့ ပြုပြင်ထားခြင်း မဟုတ်ပါဘူး။

0 comments:

အမေရိကန်အိမ်ဖြူတော် ကျဆုံးခြင်း သို့မဟုတ် White House Down ရုပ်ရှင်


မရိကန် အိမ်ဖြူတော် အပြင်မှာ တကယ် ကျဆုံးမဆုံးတော့ မသိဘူး။ White House Down  ရုပ်ရှင်ထဲမှာတော့ ဖွတ်ဖွတ်ကြေသွားတဲ့ အမေရိကန် အိမ်ဖြူတော် ကို မြင်တွေ့ရမှာပါ။

0 comments:

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ


ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

0 comments:

အိပ်သည်ဖြစ်စေ မအိပ်သည် ဖြစ်စေ



ကိုယ်ပိုင်ကားဖြင့် ခရီးဝေးသွားတဲ့ အမျိုးသမီး တစ်ဦးဟာ ပင်ပန်းလို့ ဟိုတယ်တစ်ခုမှာ ဝင်တည်းပါတယ်။

သူမအနေနဲ့ လေးနာရီပဲ ခဏအိပ်ပြီး ခရီးဆက်သွားဖို့ ဖြစ်ပါတယ်။ လေးနာရီ အိပ်ပြီးနောက် အောက်ဆင်းလာ ပြီး ဟိုတယ်တည်းခိုခ ရှင်းပါတယ်။

0 comments:

ဒူဘိုင်းမှ ကမ္ဘာ့ဈေးအကြီးဆုံး ရဲကားများ



ပုံမှာ မြင်တွေ့နေရတဲ့ ကားအားလုံးက တကယ်ပဲ ဒူဘိုင်းမြို့ မှာ ရဲကား အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကားများ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၂.၂ သန်း တန်ဖိုးရှိတဲ့ ၂၀၁၃ ထွက် အသစ်ဆက်ဆက် အီတလီ Lamborghini Aventador LP4 တောင် ယူအေအီးနိုင်ငံ ဒူဘိုင်း မြို့ မှာ အစီးရေ ရာဂဏန်းကျော် ရဲကား အဖြစ် မောင်းနှင်နေကြပါတယ်။ အီတလီ Ferrari မှ ထုတ်တဲ့ အမေရိကန်ဒေါ်လာ သိန်းချီတန် Ferrari FF ပြိုင်ကားများလည်း ယူအေအီးအစိုးရမှ မှာယူပေးထားပါတယ်။

0 comments:

ဂြိုလ်သားကျွန်း


ထူထူးဆန်းဆန်း အပင်တွေ ပေါက်လို့ ဂြိုလ်သားကျွန်း (Alien Island) လို့ ခေါ်ပါတယ်။ Socotra ကျွန်းစုကတော့ တရားဝင် အမည် ဖြစ်ပါတယ်။

0 comments:

အရက်သောက်ခြင်းက ရေဒီယိုဓာတ် အဆိပ်သင့်မှု ပျောက်ကင်းစေ



တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာ တွေ့ရှိချက် ဖြစ်ပါတယ်။ တကယ် လည်း ရေဒီယိုဓာတ် ရောင်ခြည် အဆိပ်သင့်မှုကို အရက်က ကာကလည်း ကာကွယ်ပေးသလို ပျောက်လည်းပျောက်ကင်းစေတယ် လို့ အမေရိကန် ဆေးပညာရှင်များက ၂၀၀၈ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

0 comments:

နွားကွဲလျှင်ကျားဆွဲတတ်သလို (ပြည်ပရောက် မြန်မာများ ဖတ်ရန်)



ပုံမှာကတော့ ကျွဲတစ်အုပ်နဲ့ ခြေင်္သေ့တစ်ကောင်ရဲ့  ဖြစ်ရပ်လေးပါ။ စင်္ကာပူမှာ လက်တွေ့မြင်လိုက်ရ တဲ့ ဖြစ်ရပ်လေး တစ်ခုပြောပြချင်လို့ပါ။

2 comments:

အမေ့လက်ရာ



Facebook မှာပေါ့ သမီးရည်းစား ၂ ယောက် Chat နေကြတယ်။

ကောင်မလေး - မောင်။ ခဏလောက်နေပါအုံး..။ စကားပြောချင်သေးလို့ပါ။

0 comments:

အစ္စရေး သမ္မတရာထူး လက်ခံရန် အိုင်းစတိုင်း ငြင်းဆန်ခဲ့ဖူး


တော်တော်လူသိနည်းသော အိုင်းစတိုင်းနဲ့ ပက်သက်တဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။

၁၉၅၂ ခုနှစ်က အစ္စရေးရဲ့  ပထမဆုံး သမ္မတ Chaim Weizmann ကွယ်လွန် ပါတယ်။ ယင်းနောက် အစ္စရေး ဝန်ကြီးချုပ်က ဂျာမန်ဖွား အမေရိကန်ရောက် ရူပဗေဒ ပညာရှင် Albert Einstein ကို သမ္မတရာထူးဖြင့် လာရောက် လုပ်ကိုင်ရန် တောင်းဆိုခဲ့ပါတယ်။

0 comments:

ကွန်ပြူတာ မှတ်ဥာဏ်ပါသော ကမ္ဘာ့အကောင်းဆုံး အမဲလိုက် သေနတ်



ယနေ့ခေတ် အမဲလိုက် သေနတ်အများစုဟာ ကိုက် တစ်ထောင် အကွာမှာ ရှိတဲ့ ပစ်မှတ်တစ်ခုကို ပစ်မယ်ဆိုရင် ၆ ပေလောက်ထိ height losses ထည့်သွင်း တွက်ချက်ရပါတယ်။

0 comments:

ဂျော်နီ နှင့် ဥာဏ်စမ်းမေးခွန်း



သူငယ်တန်း ကျောင်းသား ဂျော်နီ တစ်ယောက် အတန်းထဲမှာ စာသင်နေတုန်း ဆရာမကို စကား သွားပြောပါတယ်။

"ဆရာမ. တား သုံးတန်း တက်ချင်ပါတယ်။ အိမ်က တား အမထက် စာပို့ရလို့ သုံးတန်း ပို့ပေးပါ"

2 comments:

အနမ်းလွန်က နားပင်းတတ်သည်



တကယ်ဖြစ်သွားတာလေးပါ။ တရုတ်ပြည်၊ Guangdong ပြည် နယ် တောင်ပိုင်းက မြို့ ငယ်လေး တစ်ခုမှာပါ။ အသက် ၂၀ အရွယ် အမျိုးသမီး တစ်ယောက် သူ့ချစ်သူနဲ့ နမ်းပြီးတော့ ဘယ်ဘက်နား တစ်ဘက် ကမ်းသွားခြင်း ဖြစ်ပါတယ်။

0 comments:

ဘယ်ရီးသီးတို့ ကျန်းမာရေးအကျိုးပြုပုံ


ဘယ်ရီသီး Berry မျိုးစိတ်ထဲမှာ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ ထော ပတ်သီး၊ သစ်ကြားသီး၊ မက်မုံသီး၊ ငှက်ပျောသီး၊ ကော်ဖီစေ့ အစရှိ သဖြင့် အမျိုးအစားပေါင်း ၂၆ ခုမက မရှိပါတယ်။

ယင်းအစားအစာများထဲမှာ ကိုနှစ်သက်ရာကို ရွေးချယ် လို့ နေ့စဉ် စားသုံး သင့်ကြောင်း ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ သူအဓိက အကျိုးပြုတာကတော့

0 comments:

အိုင်တီပစ္စည်းက စိတ်ကျရောဂါဖြစ်စေ



မြန်မာပြည်မှာတော့ အဲ့လောက်သိပ်မဖြစ်သေးပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာတော့ နည်းပညာ ပစ္စည်းများကို အလွန်အမင်း စွဲလမ်းနေကြပါပြီ။

0 comments:

လူလည် အိမ်ထောင်ရှင်


အမျိုးသား တစ်ဦးပေါ့။ သူ့ဇနီးဖြစ်သူထံ ဖုန်း မတ်ဆေ့ခ်ျပို့ပါတယ်။

"ခင်ရေ။ အဝတ်တွေအားလုံး ဒီည အပြီးလျှော်ပါ။ ညစာ ကြက်သားဟင်း ချက်ပါ။ ပြန်တာ နည်းနည်းနောက်ကျမယ်။ နက်ဖန် အတွက် အဝတ်ကို မီးပူ တိုက်ထားပေးပါ"

0 comments:

မသေသော်လည်း တကယ်သေသွားရသော အမျိုးသမီး


ရုရှားနိုင်ငံ၊ ပြည်နယ်တစ်ခုက အသက် ၄၉ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ဖြစ်ပါတယ်။ ဆရာဝန်က သေတယ်ပြောလို့ သဂြိုလ်ခါနီးမှ ပြန်နိုးတော့ တကယ်သေသွား ရပါတယ်။ နာမည်ကတော့ Fagilyu Mukhametzyanov ပါ။ 

0 comments:

ဖယောာင်းတိုင်မီးက လူ့ကျန်းမာရေးကို ထိခိုက်စေ



အိမ်တံခါး အလုံပိတ်ပြီး ဖယောင်းတိုင်မီးထွန်းခြင်းက လူ့ကျန်းမာရေး ကို သိသိသာသာ ထိခိုက်စေကြောင်း သိရပါတယ်။

ဖယောင်းတိုင်မှာပါတဲ့ ရေနံဆီ၊ လောင်စာ၊ ဖယောင်း တို့ ရောမွှေလောင် ကျွမ်းမှုကြောင့် ထွက်လာတဲ့ အငွေ့ဟာ အနံ့အားဖြင့် မပြင်းထန်ပေမယ့် ရှုရှိုက်မိရင် အဆိပ်အတောက် ဖြစ် ရ လောက်အောင် ဆိုးကျိုး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖယောင်းတိုင် ထွန်းရင် လေဝင်လေထွက် တစ်နေရာရာမှာ ရှိဖို့ လိုအပ်ပါတယ်။

0 comments:

စိတ်ကျန်းမာရေးအတွက် ကျင့်သုံးလိုက်နာရမည့် အချက် ၁၀ ချက်


စိတ်ကျန်းမာရေးအတွက် ကျင့်သုံး လိုက်နာရမယ့် အချက် ၁၀ ချက်ဆိုပြီး နိုင်ငံတကာ စိတ်ရောဂါပညာရှင်များက ယခုလို တိုက်တွန်း ထားပါတယ်။

0 comments:

တိဘက် မှ ကမ္ဘာ့သမိုင်းဝင် Potala နန်းတော်


တရုတ်ပြည်၊ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  Lhasa မြို့ ၊ Potalaka တောင်ပေါ်မှာ တည်ရှိလို့ ယင်းကို အစွဲပြုပြီး Potala နန်းတော် လို့အမည်ပေးထားပါတယ်။ ၁၉၉၄ ခုနှစ်က စတင်လို့ ကမ္ဘာ့သမိုင်းဝင် အမှတ်အသား နေရာများ စာရင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။

0 comments:

ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွှေ - Inland taipan


အရှည်အားဖြင့် ၅ပေ ၉ လက်မ ကနေ ၈ ပေ ၂ လက်မလောက်ထိ ရှည်နိုင်တဲ့ မြွှေမျိုး ဖြစ်ပါတယ်။

Inland taipan လို့ခေါ်ပြီး Fierce Snake လို့လည်း အမည်ရပါသေးတယ်။ သြစတေးလျနိုင်ငံ အရှေ့ အလယ်ပိုင်းမှာ ရှင်သန်ပေါက်ဖွားပြီး ရာသီပေါင်းစုံမှာ ရှင်သန်နေထိုင်နိုင်ပါတယ်။ နွေရာသီမှာ ညိုဝါဝါ အရောင် ပြောင်းပြီး ဆောင်းရာသီမှာ အနက်ရောင်၊ ညိုရင့်ရောင် တို့ကို ပြောင်းလဲသွားပါတယ်။

0 comments: