ပေါင်ချိန် ၅၅ ပေါင် ဝိတ်ချနိုင်ခဲ့သူ



နယူးဇီလန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ဖြစ်သူ Elora Harre ဟာ ၂ နှစ်အတွင်း ပေါင်ချိန် ၅၅ ပေါင် ချနိုင်ခဲ့ပြီး လူအများရဲ့ လေးစား အားကျမှုကို ခံလာခဲ့ရပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ၂ နှစ် အသက် ၁၉ နှစ် အရွယ်တုန်းက ဘော်ဒီဆိုဒ်က ၂၄ ရှိပါတယ်။

0 comments:

အသက် ၁၀နှစ်ပေမယ့် တက္ကသိုလ်တက်ဖို့ အရည်အချင်းပြည့်တဲ့သူ



ဗြိတိန်နိုင်ငံမှ Esther Okade လို့ အမည်ရတဲ့ ၁၀ နှစ်အရွယ် ကလေးမလေး တစ်ဦး ဖြစ်ပါတယ်။ သူမဟာ အစိုးရကျောင်းနဲ့ ဘယ် ပုဂ္ဂလိက ကျောင်းမှ မတက်ဖူးပဲ သူတို့ဆီမှာ တက္ကသိုလ်ဝင်ခွင့် တစ်ခု ဖြစ်တဲ့ GCSE ကို ကို C Level နဲ့ အောင်မြင်ပြီး တက္ကသိုလ် တက်ခွင့်ရခဲ့ပါတယ်။

0 comments:

တစ်နာရီမိုင် ၁၀၀ အထိ ပြေးမယ့် လျှပ်စစ် စက်ဘီး



တစ်နာရီ မိုင် ၁၀၀ အထိ ပြေးနိုင်တဲ့ လှပ်စစ်စက်ဘီး ကို အမေရိကန်မှ တီထွင်သူ တစ်ဦးက တီထွင်လိုက်ပါတယ်။ သူ့မှာ ပါဝင်တဲ့ လျှပ်စစ်မော်တာရဲ့ အားကြောင့်မို့ အမြန်ဆုံးမောင်းမယ်ဆိုရင် တစ်နာရီ မိုင် ၁၀၀ လောက်အထိလည်း ပြေးပါတယ်။

0 comments:

ဘီယာကို မသောက်ပဲ သုံးစရာ အခြားနည်းလမ်းများ



ဘီယာကို သောက်စရာ အပြင် အခြားသော နည်းလမ်းများစွာဖြင့် အသုံးပြုလို့ ရပါသေးတယ်။ ဥပမာ သူ့ကို ရေချိုးသလို ချိုးဖို့ အသုံးပြုတာတို့ အသားစိမ်း၊ ငါးစိမ်းတို့ကို ချက်ခါနီး ဘီယာနဲ့ နှပ်ထားတာတို့ကို သိကြမှာပါ။ အဲ့လိုပဲ အလားတူ အမျိုးအစားများကို ဖော်ပြလိုက်ရပါတတယ်။ ဘီယာကို အခြား အသုံးပြုလို့ ရတဲ့ နည်းလမ်းများကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

0 comments:

တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ သိန်းရှာနိုင်တဲ့ ၁၅နှစ်သမီးရဲ့ ကလေးထိန်း စီးပွားရေး



ပုံမှာ မြင်တွေ့ရတဲ့ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးဟာ Noa Mintz လို့ အမည်ရပြီး ကမ္ဘာ့ အသက်အငယ်ဆုံး စွန့်ဦးတီထွင်သူ စာရင်းထဲမှာ ပါဝင်လာပါပြီ။ အကြောင်းကတော့ သူမဟာ ကလေးထိန်း စီးပွားရေး လုပ်ငန်းကို တည်ထောင်ပြီး နှစ်စဉ် ကုမ္ဗဏီဝင်ငွေ ၅ သိန်း ရှာဖွေ နိုင်နေလို့ ဖြစ်ပါတယ်။

0 comments:

ရင်သား သုံးခုရှိသော အမျိုးသမီးက အစစ်ဖြစ်ကြောင်းဆို



ရင်သား သုံးခု ပိုင်ဆိုင်ထားသော အမျိုးသမီးဟာ လက်ရှိ သူမရဲ့ ရင်သားဟာ သုံးခု ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ယင်းဟာ ပြီးခဲ့တဲ့ ၂ လ လောက်က အင်တာနက်မှာ အင်မတန် ခေတ်စားခဲ့ပြီး လူပြောများခဲ့ပါတယ်။ ယင်းဟာ အတုဖြစ်တယ်လို့လည်း ရေးသားခဲ့ကြပါတယ်။

0 comments:

ဥာဏ်ရည်မြင့်သော အမျီုးသမီးများ၏ အခက်အခဲ



ဥာဏ်ရည်မြင့်သော အမျီုးသမီးများမှာ ကြုံတွေ့ရတဲ့ အခက်အခဲ တစ်ခု ရှိပါတယ်။ ယင်းကတော့ ဘဝ လက်တွဲဖော် ရှာဖွေရန်ခက်ခဲ ခြင်း ဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ စိတ်ကြိုက် လက်တွဲဖော်ကို ရွေးချယ် ဆုံးဖြတ်ရန် ခက်ခဲခြင်း ဖြစ်ပါတယ်။

0 comments:

ကမ္ဘာ့အကြီးဆုံး တင်ပါး ပိုင်ရှင်



ပုံမှာ မြင်တွေ့နေရတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး တင် အရွယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပတ်လည် ကို ပေကြိုးနဲ့ တိုင်းရင် ၈ ပေတောင် ရှိပါတယ်။ နည်းတဲ့ အရွယ်ကြီး မဟုတ်ပါဘူး။

0 comments:

အသက်ရှည်တဲ့ အဖွားရဲ့ လျှို့ဝှက်ချက်



ကမ္ဘာ့ အသက်အရှည်ဆုံး လူသား ဖြစ်တဲ့ အမေရိကန်မှ Gertrude Weaver လို့ အမည်ရတဲ့ အဖွားအိုဟာ သူ့ရဲ့ အသက်ရှည်တဲ့ လျှို့ဝှက်ချက်ကို ဖောက်သည်ချခဲ့ပါတယ်။

0 comments:

ဆိုဗီယက်နဲ့ အမေရိကန် စစ်တပ်တို့ အနီးစပ်ဆုံး ထိပ်တိုက်တွေ့ချိန်



အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ ထပ်ခြမ်းကွဲစအချိန် စစ်အေးကာလက အချိန် ဖြစ်ပါတယ်။ အရှေ့ဂျာမနီဟာ ဆိုဗီယက် (ယနေ့ ရုရှား) ရဲ့ ထောက်ပံ့ အားပေးမှု အောက်ကို ရောက်ပြီး အနောက်ဂျာမနီက အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုကို ရောက်ရှိတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အမေရိက်နဲ့ ဆိုဗီယက် စစ်ဖြစ်ရန် နီးကပ်ဆုံး အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ သံအမတ် တစ်ဦး ဖြစ်သူ Allan Lightner ဟာ အရှေ့ဂျာမနီကို ဆွေးနွေးရေး ကိစ္စ သွားရန် ရှိတဲ့အချိန် အရှေ့ဂျာမနီ ကို ဝင်သွားတဲ့အခါ ဆိုဗီယက်တပ်မှ စစ်ဆေးမှုများ ပြုလုပ်လို့ နယ်စပ်မှာ စောင့်ဆိုင်းပါတယ်။ ဂျာမနီနှစ်ခြမ်း အုပ်တံတိုင်းကာရန် စီစဉ်နေတဲ့ အချိန်ကာလ ဖြစ်ပြီး အမေရိကန် နဲ့ ရုရှား စစ်တပ် နှစ်ဖက်က မီတာ ၁၀၀ အဝေးကနေ ယခုလို ချိန်ထားခဲ့ကြပါတယ်။ တစ်ဖက်ကို တင့်ကား ၁၀ စီးကိုယ်စီနဲ့ တူညီတဲ့ တပ်အင်အား ပမာဏ ရှိပြီး အသင့်အနေအထားနဲ့ စောင့်ကြည့်ခဲ့ကြ ပါတယ်။

အမေရိကန် သမ္မတ ကနေဒီရဲ့ ညီ ဖြစ်သူ အမေရိန် အမတ် တစ်ဦး ဖြစ်သူ Allan Lightner နဲ့ ရုရှား စပိုင် ဖြစ်သူ Georgi Bolshakov တို့ လျှို့ဝှက်တွေ့ဆုံမှု ပြီးနောက် စစ်မဖြစ်ပဲ ငြိမ်းချမ်းစွာနဲ့ တပ်များ ယုတ်သိမ်းခဲ့ ပါတယ်။ အောက်တိုဘာလ ၂၇ မှာ တပ်စွဲပြီး ၂၈ မှာ ပြန်လည် ဆုပ်ခွဲသွား ခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းအချိန်တုန်းက ဆိုဗီယက်နဲ့ အမေရိကန်ဟာ စစ်အင်အားအရရော အဘက်ဘက်အရရော ဘက်တူညီနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments:

ကမ္ဘာ့ အသက်အကြီးဆုံး ကြောင်



ပုံမှာ မြင်တွေ့နေရတဲ့ ကြေင်ဟာ ကမ္ဘာ့ အသက်အကြီးဆုံး ကြောင် ဖြစ်ပြီး လူ့အသက်နဲ့ တွက်ချက်ယူမယ်ဆိုရင် အသက် ၁၂၁ ရှိပြီ ဖြစ်ပြီး ကြောင် အသက် နဲ့ တွက်ချက်မယ် ဆိုရင်တော့ ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။

0 comments:

နိုင်ဂျီးရီးယားမှာ ကလေးစစ်သားများ



 နိုင်ဂျီးရီးယားနိုင်ငံမှာ ယနေ့လူသိများတဲ့ နိုင်ငံတကာက စောင့်ကြည့်နေရတဲ့ အကြမ်းဖက် အဖွဲ့ကတော့ ဘိုကိုဟာရန် ဖြစ်ပါတယ်။ သူတို့ဟာ ကလေးပေါင်း ရာဂဏန်းကို ပြန်ပေးဆွဲပြီး ၎င်းတို့ရဲ့ စစ်တပ်မှာ ပြန်လည် အသုံးချလျက် ရှိပါတယ်။

0 comments:

ပေ ၉၀၀၀ အမြင့် တောင်ပေါ်မှာ လက်ထပ်ခွင့်တောင်းသတဲ့



Rossel Sabourin လို့ အမည်ရတဲ့ အမျိုးသားဟာ ၂၀၁၂ ခုနှစ်တုန်းက သူ့ချစ်သူကို ပေ ၉၀၀ အမြင့်ရှိတဲ့ Canadian Rockies တောင်အမြင့်ကနေ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ယင်းဓာတ်ပုံကို ဒီရက်ပိုင်းမှာ အများသိအောင် ထုတ်ဖော်ပြသခဲ့ပြီး နာမည်ကြီးလာပါတယ်။

0 comments:

စူပါ ဗီလိန်နှင့် တူချင်သောကြောင့် နှာခေါင်းဖြတ် မျက်နှာပြင်သူ



Henry Damon  လို့အမည်ရတဲ့ မက္ကဆီကိုမှ အမျိုးသားဟာ စူပါ ဗီလိန် တစ်ဦးနဲ့ အင်မတန် ရုပ်တူလိုသောကြောင့် နှာခေါင်းဖြတ်လိုက်ကြောင်း သိရ ပါတယ်။ သူ့ရဲ့ မျက်နှာကို ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ နှာခေါင်းဖြတ်ထားတဲ့ အပြင် နဖူးနဲ့ မျက်ခုံးတစ်ဝိုက်ကိုလည်း ခုံးထ နေအောင် ဆေးထိုးထား ပါတယ်။

0 comments:

iTunes က သီချင်းများကို သင်မပိုင်



 iTunes မှ သီချင်းများကို မိမိဟာ ဝယ်ရတယ်လို့ ထင်ပါသလား။ အမှန်တော့ ယင်းက ငှားသုံးထားချင်းသက်သက်သာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အကယ်၍ မိမိ ကွယ်လွန်သွားရင်တောင် မိမိရဲ့ အကောင့်နဲ့ ဖွင့်ထားပြီး ပိုက်ဆံပေး သွင်းထားတဲ့ သီချင်းများကို နောက်တစ်ယောက်ဆီ ပြန်လွဲပေးခဲ့လို့ မရ ပါဘူး။

0 comments:

အိပ်ရာဝင်လည်း အင်တာနက်သုံးချင်သူများအတွက် ခေါင်းအုံး



အိပ်ရာဝင်လည်း အိပ်ရာပေါ်ကနေ အင်တာနက်ကို လက်မပင့်ပဲ သုံးလို့ရမယ့် ခေါင်းအုံးမျိုးကို ဂျပန်နိုင်ငံက ကုမ္ဗဏီတစ်ခုမှ ထုတ်လုပ် လိုက်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပါပဲ ခေါင်းအုံးပေါ်ကမှာ လက်တံတစ်ခုရှိနေပြီး ယင်းလက်တံမှာ ဖုန်းကို တပ်ဆင်နိုင်ပါတယ်။

0 comments:

Spray ဖြန်းလိုက်ရုံနဲ့ အိပ်ပျော်စေမယ်



ညအိပ်မပျော်သူများအတွက် ကုန်ပစ္စည်း တစ်ခုကို ၂၀၁၂ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့ကြဖူးပါတယ်။ ယင်းကတော့ Sprayable Sleep လို့ အမည်ရတဲ့ ရေမွေးကဲ့သို့ ဘူး ဖြစ်ပါတယ်။

0 comments:

3D, 4D တို့ထက် အဆင့်မြင့်တဲ့ 4DX ရုပ်ရှင်ရုံ



3D ပြီးတော့ 4D ရုပ်ရှင်ရုံ ပေါ်တာကိုလည်း သိကြမှာပါ။ ဒါ့အပြင် 4DX ဆိုတာ ၂၀၁၀ လောက်ကတည်းက ပေါ်နေတာကိုတော့ လူသိနည်းခဲ့ပါတယ်။ ကိုရီးယား နိုင်ငံမှ ကုမ္ဗဏီတစ်ခုမှ စတင် တိထွင်နိုင်ခဲ့ပြီး Avator, Frozen, Gravity တို့လို ဇာတ်ကားမှာ အသုံးပြုခဲ့တော့ ပိုမို လူသိများခဲ့ပါတယ်။ ကမ္ဘာမှာ ယင်း ရုပ်ရှင်ရုံပေါင်း ၄၀ ကျော် ရှိနေပါပြီ။

0 comments: