စပိန်နိုင်ငံမှ ကလေးခုန်ပွဲတော်



စပိန်နိုင်ငံ၊ မြောက်ပိုင်း Burgos မြို့ အနီးရှိ Castrillo de Murcia ရွာတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ရိုးရွားပွဲတော် တစ်ခု ရှိသည်။ ၎င်းမှာ ကလေးခုန်ပွဲတော် (Baby Jumping Festival) ဖြစ်ပြီး နှစ်စဉ် ဇွန်လတွင် ကျင်းပသော ပွဲတော် ဖြစ်ကြောင်း သိရသည်။

သက္ကရာဇ် ၁၆၂၀ မှ စတင်ကျင်းပသော ပွဲတော် ဖြစ်ပြီး စပိန်နိုင်ငံရှိ ခရစ်ယာန် ပုတ်ရဟန်းမင်းကြီး Benedict မှ စတင်ကျင်းပပေးခဲ့သော ပွဲ ဖြစ် သည်။ ၎င်းတို့၏ အယူအဆမှာ မွေးဖွားလာသော ကလေးတွင် ကပ်ပါ လာသော ကံကြမ္မာဆိုးများ၊ အပြစ်များကို ပြေပျောက်စေရန် အမည် ရန် ဖြစ်ပြီးလူတစ်ယောက်က မကောင်းဆိုးဝါးကဲ့သို့ ဝတ်ဆင်ကာ ကလေးကို ခုံကျော်ရခြင်း ဖြစ်သည်။

နှစ်စဉ် ပွဲတော်ရောက်တိုင်း ပွဲတော်မတိုင်မှီ ၁၂ လအတွင်း မွေးဖားသော ကလေးငယ်အားလုံးကို ယခုကဲ့သို့ ခင်း၍ ခုံကျော်စေသည်။ ယင်း ဓလေ့ထုံးစံ ကို စပိန်နိုင်ငံတစ်ဝန်းလုံးမှ ပြည်သူများ ရှေးအခါက ယုံကြည်ကြပြီး ခေတ်ပြောင်းလာသည်နှင့် အမျှ ယုံကြည်သူ နည်းလာသည်။ ဥရောပ တစ်တိုက်လုံး ယုံကြည်ပြီး စပိန်အထိ လာရောက်သည်အထိ ရှိခဲ့ဖူးသည်။

သို့သော် ယနေ့အခါ စပိန်နိုင်ငံတွင်းမှ ယုံကြည်သူ အနည်းငယ်သာ ကျန် ရှိတော့ပြီး ယနေ့တိုင် ကျင်းပဆဲ ဖြစ်သည်။ ပွဲတော်ချိန်ရောက်သည့် အခါ Castrillo ရွာခံနှင့် စပိန်နိုင်ငံတစ်ဝန်းမှ ယုံကြည်သူများ အားလုံး လာရောက်ပြီး မိမိကလေးငယ်များကို ယခုကဲ့သို့ ခင်းကျင်းပြီး ခုံကျော်စေ သည်။

ကမ္ဘာလှည့်ခရီးသည်များလည်း လာရောက်လေ့လာပြီး နှစ်စဉ် လူစည် ကား သော ရိုးရားပွဲတော် တစ်ခုအဖြစ် တည်ရှိနေသေးကြောင်း သိရသည်။
--
Ref:wiki

0 comments: