ငါးပျံ (Flying fish)



မိုးပေါ်ပျံတတ်တဲ့ ငါးပျံ များကို စာဖတ်သူတော်တော်များများ သိရှိမယ် ထင်ပါတယ်။ သူ့ကို Flying fish / လက်တင်လို - Exocoetidae  လို့ခေါ်ပါတယ်။

ရေပေါ်မှာ ပေ ၂၀ အထိ ပျံနိုင်တယ်လို့ လေ့လာ တွေ့ရှိထားပါတယ်။ အချိန်အားဖြင့် တွက်ရင် ၄၅ စက္ကန့်အထိ အကြာဆုံး လေပေါ်မှာ ပျံနိုင်ပါတယ်။ သူ့မှာပါတဲ့ ငါးတောင်ပံက သာမန်ငါးတွေထက် ပိုမို အားကောင်းပြီး လေရဲ့   Direction ကိုလည်း တွက်ချက်တတ်တဲ့အတွက် လေပေါ်မှာ ပျံနိုင်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် အခြား ရေသတ္တ၀ါတို့ လာရောက် တိုက်ခိုက်တဲ့အခါ ရေပေါ်မှာ ခုန်ပျံ ထွက်ပြေးနိုင်မှာ ဖြစ်ပါတယ်။ သဘာဝကပေးတဲ့ စွမ်းအင်တစ်ခု ဖြစ် ပါတယ်။ ပင်လယ်ရေထဲမှာလည်း အမြန်ကူးခတ်နိုင်သလို ရေပေါ်လည်း ခုန်တက်ပျံပြီး ကူးနိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့ သွားနှုန်းဟာ တစ်နာရီ ၄၃ မိုင်နှုန်း ဖြစ်ပါတယ်။ ယင်းသွားနှုန်းဟာ ရေပေါ် ပြေးဆိုင်ကယ် တစ်စီးနီး နီး မြန်တဲ့ သွားနှုန်း ဖြစ်ပါတယ်။

အစုအဖွဲ့လိုက်နေထိုင်တတ်တဲ့ သဘာဝ ရှိပါတယ်။ ယင်းငါးပျံ (Flying fish) ကို ဂျပန်တို့ နှစ်သက်စွာ စားသုံးပါတယ်။ ဂျပန် ဆူရှီတွေထဲမှာ ထည့်ပေါင်း တပ်ပြီး အိန္ဒိယ၊ ထိုင်း၊ အင်းဒိုနီးရှားနိုင်ငံတို့မှာလည်း စားသုံးကြပါတယ်။

သဘာဝအားဖြင့် ပင်လယ်ထဲမှာ နေထိုင်ကျက်စားတတ်ပေ မယ့် ရေချို မှာ နေထိုင်တဲ့ ငါးပျံများလည်း ရှိပါတယ်။ အရွယ်အစား ကတော့ သေးသေးလေးကနေ ၅ လက်မ၊ ၁၀ လက်မ အမျိုးမျိုး ကွဲပြားပါတယ်။ အမေရိကန် ငါးပျံ၊ အင်ဒိုနီးရှားငါးပျံ၊ အာတိတ် ငါးပျံ၊ ဂျပန်ငါးပျံ ဆိုပြီးတော့ မျိုးစတ်ပေါင်းများစွာလည်း ရှိနေတတ်သေးတယ်လို့ သိရပါတယ်။
----
Ref:wiki

0 comments: