ကုန်း၊ရေ နှစ်မျိုးမောင်းနှင်နိုင်မည့် လေးဘီးဆိုင်ကယ် စတင်ရောင်းချ



၂၀၀၆ ခုနှစ်က Prototype စတင်မိတ်ဆက်ပြီး အမေရိကန်မှာ ယခု စတင်ရောင်းချပြီ ဖြစ် တဲ့ လေးဘီး ဆိုင်ကယ် ဖြစ်ပါတယ်။

ကုန်းပေါ်မောင်း လေးဘီးဆိုင်ကယ်တစ်ဖြစ်လဲ ရေပေါ်မှာလည်း ရေဆိုင်ကယ် အနေနဲ့ မောင်းနှင်ရမယ့် မော်တော်ယာဉ် ဖြစ်ပါတယ်။ ကုန်းပေါ်မှာရော၊ ရေပေါ်မှာပါ တစ်နာရီ ၄၅ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါ တယ်။ ၁၀၀ ကီလိုဝပ်အားထုတ်တဲ့ အင်ဂျင် ပါရှိပြီး ရေပေါ်မှာဆိုရင် ၂ နာရီ ကုန်းပေါ်မှာဆိုရင် မိုင်ပေါင်း ၃၇၀ မောင်းနှင်နိုင်အောင် ဆီအလုံအလောက် ပါဝင်ပါတယ်။

နယူးဇီလန်အခြေဆိုက် Gibbs Technologies ကုမ္မဏီက ထုတ်လုပ်ပြီး အမေရိကန်မှာပဲ စတင်ရောင်းချအုံးမှာ ဖြစ်ပါတယ်။ ကုန်းပေါ်မှာ ဘီးနဲ့ မောင်းပေမယ့် ရေပေါ်သွားတဲ့အခါ ပန်ကာနဲ့မောင်းမှာ ဖြစ်ပါတယ်။ ဘီးကို ခေါက်ပြီး သိမ်းထားမှာ ဖြစ်ပါတယ်။

ဒီလို အဆင့်မြင့်နည်းပညာနဲ့ လေးဘီးဆိုင်ကယ်ကို Gibbs Quadski လို့ အမည်ပေးထားပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၀၀၀ (လေးသောင်း) နဲ့ ရောင်းချတယ်လို့ သိရပါတယ်။
--
Ref:Gibbs

0 comments: