စူပါမားကတ်က ကြက်သားများ နဲ့ ကျန်းမာရေး ပြဿနာ


ဗြိတိန်နိုင်ငံမှာ လက်တလော နာမည်ကြီးနေတဲ့ ကျန်းမာရေး သတင်းကတော့ စူပါမားကတ်က ပါကင်ပိတ် ကြက်သားများ ဖြစ်ပါတယ်။ ယင်း ကြက်သားများထဲမှာ  campylobacter  လို့ အမည်ရတဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး ယင်းပါဝင်မှုနှုန်းများရင် အဆိပ် ဖြစ်ပါတယ်။

0 comments:

ဆလောက်ကောင်လေးနဲ့အတူ ကြီးပြင်းတဲ့ ကလေးငယ်


ဆလောက် (Sloth) လို့အမည်ရတဲ့ အကောင်ဟာ တောင်အမေရိကမှာ ရှင်သန်ပေါက်ဖွားတဲ့ မျောက်နဲ့ အနည်းငယ် ဆင်တူတဲ့ သတ္တဝါမျိုး ဖြစ်ပါတယ်။ အရွယ်အစားဖြင့် တစ်နှစ်သား ကလေးငယ် လောက်အထိ ကြီးပြင်းနိုင်တဲ့ အကောင်မျိုး ဖြစ်ပါတယ်။

0 comments:

သင် အသက် ဘယ်လောက်ရှည်မယ်ဆိုတာ တိုင်းတာပေးမယ့် နာရီ


ပုံမှာ မြင်တွေ့နေရတဲ့ နာရီ ဖြစ်ပြီး ဆွီဒင် နိုင်ငံက တီထွင်ပညာရှင် Fredrik Colting က တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၄၉.၉၉ ဗြိတိန်ပေါင် တန်ကြေးရှိတဲ့ နာရီလေးပါ။ ဖန်တီးသူကတော့ The Happiness Watch လို့အမည်ပေးထား ပေမယ့် အများစုကတော့ Death watch လို့ခေါ်ပါတယ်။

0 comments:

မျက်လုံးတစ်လုံးအတွက် တစ်လုံးပေးနေရမယ်ဆိုရင်


An eye for an eye make the world blind လို့ ဂန္ဓီက ပြောဆိုခဲ့ ပါတယ်။ တကယ် အမှန်ပါပဲ။ မျက်လုံး တစ်လုံး ဖောက်သွားတဲ့အတွက် ဖောက်သွားသူရဲ့ မျက်လုံး တစ်လုံးကို ပြန်လိုက်ဖောက်နေမယ် ဆိုရင် ကမ္ဘာကြီး တစ်ခုလုံးက မျက်ကန်းတွေ ဖြစ်သွားပါလိမ့်မယ်။

0 comments:

ငါးရဲ့ လျှာကို စားတဲ့ ပိုးကောင်



ပုံမှာ မြင်တွေ့နေရတဲ့ ပိုးကောင်ဟာ ငါးရဲ့ လျှာကို စားသုံးတဲ့ ပိုးကောင် ( (parasite) ဖြစ်ပါတယ်။ ပင်လယ်သတ္တဝါတစ်မျိုး ဖြစ်ပြီး ငါးရဲ့ ပါးစပ်ထဲကနေ ဝင်ပြီးရင် တစ်ကိုယ်လုံး အထိတောင် ဝါးမြိုသွားနိုင်တဲ့ ပိုးကောင်မျိုး ဖြစ်ပါတယ်။ ယင်း ပိုးကောင်များကို ဖမ်းမိတဲ့ ငါး အချို့မှာ မြင်တွေ့ရတတ်ပါတယ်။

0 comments:

ဂျပန် ကာတွန်းအရုပ်နဲ့ တူတဲ့ ဆွီဒင်က အဆိုတော် Yohio



Yohio ဆိုတာ ဆွီဒင်နိုင်ငံက အသက် ၁၉ နှစ်သာ ရှိသေးတဲ့ Heavy Metal အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဆွီဒင်နိုင်ငံ အနောက်တိုင်းသား တစ်ဦး စစ်စစ် ဖြစ်ပေမယ့် ရုပ်ရည်သွင်ပြင်က ဂျပန်လို ဖြစ်နေပါတယ်။

0 comments:

ရုရှားဟက်ကာများကို သင့်ရဲ့ ကွန်ပြူတာ ကင်မရာကနေ သင့်ပုံနဲ့ ဗီဒီယိုများယူနိုင်


ရုရှားနိုင်ငံမှ ဟက်ကာ တစ်စုဟာ ကမ္ဘာတစ်ဝန်းက ကွန်ပြူတာနဲ့ အသုံးပြုသူများရဲ့ ကွန်ပြူတာကင်မရာ (webcam) ကနေ ဓာတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးရယူနိုင်ကြောင်း သိရပါတယ်။ ရယူနိုင်တယ်ဆိုတာ security အားဖြည့် နည်းပြီး ကွန်ပြူတာ ဗဟုသုတ နည်းသူများထံမှသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်း နည်းပညာသာ နေရာအနှံ့ ရောက်သွားရင် အားလုံးအတွက် စိတ်ပူရပါတယ်။

0 comments:

အွန်လိုင်းမှာ ကားဘယ်လို ကောင်းကောင်းဝယ်မယ် ?

နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ အချိန်အကုန်ကျသက်သာစေမဲ့ နည်းလမ်းတွေက များစွာ ပေါ်ပေါက်လာပါတယ်။ ကား တစ်စီးဝယ်ချင်လို့ပဲ ဖြစ်ဖြစ် အခြား ကုန်ပစ္စည်းတွေကို မှာယူချင်လို့ပဲ ဖြစ်ဖြစ် အရင်လို အရောင်းဆိုင်တွေကို တစ်ဆိုင်ပြီး တစ်ဆိုင်အပြင်မှာ အချိန်ကုန်ခံပြီး ရှာမနေတော့ပါဘူး. အွန်လိုင်း ဆိုင်တွေနဲ့ ဖုန်းနံပါတ် လိပ်စာတွေကို ရှာပြီး သေချာမှ နောက်ဆုံး အဆင့်အနေနဲ့ အပြင်မှာ လူကိုယ်တိုင် ကြည့်ပြီး ၀ယ်ကြပါတော့တယ်။ ပုံမှန်အားဖြင့်တော့ ပြည်တွင်းက လူအများစုဟာ ကားနဲ့ အခြား တန်ဖိုးကြီး ပစ္စည်းတွေကို ၀ယ်ရာမှတော့ လူကိုယ်တိုင် အပြင်မှာ ကြည့်ပြီး ၀ယ်ချင်တဲ့သူတွေကများပါတယ်။အခုဆို ပြည်တွင်းမှာ ရောင်းသူနဲ့ ၀ယ်သူတွေကို ဆက်သွယ်ပေးတဲ့ အွန်လိုင်း ၀န်ဆောင်မှု ဆိုဒ်တွေ အများကြီး ရှိလာပါပြီ။ ကားအတွက်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ ကားဝယ်ယူရောင်းချမှုတွေကို ပေးစွမ်းနေတဲ့ motors.com.mm တို့လိုသော နိုင်ငံခြား အခြေစိုက် ကုမ္ပဏီတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အွန်လိုင်းမှာ ကားဝယ်တော့မယ်ဆို စဉ်းစားရမှာက အပြင်နဲ့ တူတူလောက်ပါပဲ။ တစ်ခုရှိတာ အွန်လိုင်းက ၀ယ်မယ်ဆို စုံစမ်းမေးမြန်းမှုတွေမှာ တော့ သေချာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ထိုအတွက်ကိုတော့ အွန်လိုင်းမှာ ရှိပြီး ယုံကြည်ရတဲ့ ကားစင်တာတွေနဲ့ ကုမ္ပဏီတွေကို ချိတ်ဆက်ပေးနေတဲ့ ဆိုဒ်တွေမှာ ၀င်ရောက် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။  အွန်လိုင်းမှာ ကားကို အဆင်ပြေစွာ ၀ယ်ယူနိုင်စေဖို့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။



ဝယ်ယူလိုတဲ့ အရာကို စိတ်ထဲအရင်ထားခြင်း
တကယ်လို့ ကားတစ်စီး ၀ယ်ယူတော့မယ်ဆိုရင် ကိုယ်ရဲ့ လိုအပ်ချက်ကို အရင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကိုယ်က လိုအပ်လို့ ၀ယ်ယူခြင်းလား၊ (သို့) အခြား အကြောင်းအရာတွေကြောင့်လား ပေါ့။ ဒါတွေကို အရင် စဉ်းစားပြီးမှာ နောက်ထပ် စဉ်းစားရမှာ က ကိုယ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကားအမျိုးအစားကို ရှာဖွေခြင်းပါပဲ။ ထိုအကြောင်းအရာနဲ့ တစ်ဆက်တည်းမှာတော့ အင်ဂျင်အရွယ်အစားနဲ့ ဆီစား စတဲ့ အကြောင်းအရာတွေကိုပါ ထပ်မံ ဖြည့်သွင်းပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။


ဈေးနှုန်းကို နှိုင်းယှဉ်ခြင်း
အွန်လိုင်းမှာ ရောင်းသူတွေက တစ်ယောက်နဲ့ တစ်ယောက်က ဈေးတင်ထားတာ မတူနိုင်ပါဘူး။ ဈေးနိမ့်တဲ့ကားက ဘာလို ဈေးနိမ့်ရတာလဲ။ ဈေးမြင့်တဲ့ကားက ဘယ်လို
အချက်တွေကြောင့်ဈေးမြင့်ရတာလဲ
အစရှိသဖြင့် အကြောင်းအရာတွေကို သိရှိဖို့လိုပြီး ဈေးကို ချိန်ဆနိုင်မှာ ဖြစ်ပါတယ်။ ထိုအပြင်ဈေးတွေက ကားရဲ့ ဘရန်၊ ကားရဲ့ မော်ဒယ် ၊ ထုတ်လုပ်တဲ့ နှစ်စတဲ့ အကြောင်းအရာတွေပေါ်မှာ မူတည်ပြီး ကွဲပြားမှာ ဖြစ်ပါတယ်။ စတဲ့ အကြောင်းအရာတွေကို ချိန်ညှိကြည့်ကြည့်ပြီးဆိုရင်တော့ ဈေးကို ကိုယ်သုံးနိုင်တဲ့ ပမာဏနဲ့
 ထပ်ပြီး တွက်ချက်နိုင်ပြီး ဖြစ်ပါတယ်။


ရောင်းသူကို ဆက်သွယ်ခြင်း 

ရွေးချယ်ထားတဲ့ကားရှိပြီး ဆိုရင်တော့ရောင်းသူကို ဆက်သွယ်ဖို့ လိုအပ်လာပြီးဖြစ်ပါတယ်။  ၀ယ်ယူဖို့အတွက် သိဖို့လိုအပ်တဲ့ အချက်အလက်တွေ အားလုံးအတွက် တိုက်ရိုက် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။


မိုင်နှုန်း

ကားတစ်စီးရဲ့ မောင်းနှင်ထားတဲ့ မိုင်နှုန်းကို အတိအကျ သိရှိနိုင်တာလည်းတစ်ပတ်ရစ်ကားတွေကို ၀ယ်ယူရာမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။


ကားပိုင်ရှင် အရေအတွက်

ဒါဟာ ကားဝယ်ယူမည့်သူအတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ရောင်းချသူဟာ ထိုမေးခွန်းကို ဖြေဆိုဖို အနည်းငယ် တုံဆိုင်းနေနိုင်ပါတယ်။ တကယ်လို့ တိတိကျကျမဟုတ်ဖူးဆိုရင် သူကိုတော့ ထပ်ခါ ထပ်ခါ ဖြစ်ဖြစ် မေးရမှာ ဖြစ်ပါတယ်။ သို့မဟုတ်ရင်၊ သံသယတစ်ခုခု စိတ်ထဲမှာ ဖြစ်ရင် နောက်ရောင်းချသူတစ်ဦးကို စောင့်နေနိုင်ပါတယ်။

မှန်ကန်တဲ့ ကား အစိတ်အပိုင်းများ


အရေးကြီးတဲ့နောက်တစ်ချက်အနေနဲ့ ကားဟာ သူနဲ့ မှန်ကန်တဲ့ အစိတ်အပိုင်းနဲ့လားဆိုတာ မေးဖို့ လိုပါတယ်။ ထိုအချက်ကတော့ နောက်တစ်ကြိမ် ထိုကားရဲ့ မောင်းနှင်ထားတဲ့ သက်တမ်းအကြောင်းကို ပြန်ပြီး ပြောပြနိုင်ပါတယ်။ 


ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း
ထိုအချက်ကတော့ နောက်ဆုံး အဆင့်နီးပါး ဖြစ်နေပါပြီး ရောင်းချသူကို အချက်အလက်တွေ အားလုံး မေးပြီးပြီး ဆိုရင်တော့ ကားကိုစစ်ဆေးဖို့ သွားကြည့်ရူရပါမယ်။ ထိုနေရာမှာတော့ အင်ဂျင်နဲ့ ချက်စီ နံပါတ်တွေကိုပါ ထည့်ပြီး ပြောရပါမယ်။ ကားရဲ့ စာရွက်စာတမ်းတွေထဲမှာ ပါရှိတာနဲ့ အပြင်မှာ တွေ့တဲ့ ချက်စီ နံပါတ်တွေကို ကိုက်ညီကြည့်ရူနိုင်ပါတယ်။ ထို အချက်တွေက ကားစပြီး တင်ပို့မှုတွေတုန်းက အကြောင်းအရာတွေအကြောင်းကို ပြန်ပြီး သိရှိစေမှာ ဖြစ်ပါတယ်။ ထို သို့ သင့်ရဲ့ ၀ယ်ယူမှု စိတ်တိုင်းမကျ မခြင်း ငွေပေးချေခြင်းကို အလျှင်စလို မပြုသင့်ပါဘူး။


အသေးစိတ် ကြည့်ရူခြင်း

ကားရဲ့ ဘန်ပါ၊ ဖန်ဒါတွေကို နေရောင်ထဲမှာ ခြစ်ရာနဲ့ အက်ရာတွေအတွက် စစ်ဆေးရပါမယ်။ ထိုနေရာမှာ တစ်စုံတစ်ရာသော ပြုပြင်ထားမှုတွေဟာ မတော်တဆမှု တစ်ခုခုရဲ့ အရိပ် လက္ခဏာ တစ်ခုခု ဖြစ်နိုင်ပါတယ်။ လေကာနဲ့ ပြတင်းပေါက်များကိုလည်း သေချာစွာ ကြည့်ရူရပါမယ်။ ပြီးတော့ ကားဘော်ဒီ လိုင်းတွေမှာလည်း ကြည့်ရူရမှာဖြစ်ပြီး တံခါး အစွန်းတွေနဲ့ ကားပန်နယ်၊ စတဲ့ နေရာတွေမှာလည်း ကြည့်ရူဖို့ လိုအပ်ပါတယ်။

.

နိဂုံးချုပ်
နောက်ဆုံး ကားဝယ်ယူဖို့ ဆုံးဖြတ်ချက်တစ်ခု အနေနဲ့  ကားရဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို အမြင်အားဖြင့် နေရာတိုင်းမှာ စိတ်တိုင်းကျလားဆိုတာကို သေချာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေ အားလုံးကို စိတ်တိုင်းကျမှ ဈေးညှိခြင်းကို ပြန်လည် လုပ်ဆောင်သင့်ပါတယ်။ ၀ဘ်ဆိုဒ်ပေါ်မှာ ရောင်းချဖို့ တင်ထားတဲ့ ဈေးနဲ့ တကယ်တမ်းရောင်းချတဲ့ ဈေးနဲ့က ကွာဟခြင်း ဖြစ်နိုင်ပါတယ်။ အရင်က ခေါ်ဈေးကို မှတ်ထားပြီး ကိုယ်ကြည့်ခဲ့ စစ်ဆေးချက်တွေမှာ ပေါ်မှာ အနာအဆာတွေ အနည်းအများနဲ့ မှုတည်ပြီး ဈေးလျော့ခိုင်းနိုင်မှာ ဖြစ်ပါတယ်။













0 comments:

လက်ထက်တဲ့နေ့မှာပဲ ရုပ်ရည်မနှစ်သက်လို့ အမျိုးသားက ကွာရှင်းခွင့်တောင်း


ဆော်ဒီအာရေဗျိယမှ အနည်းငယ်သော လူတို့သာ ကျင့်သုံးတော့တဲ့ ဓလေ့တစ်ခုကတော့ လူချင်း မတွေ့ဖူး ပေမယ့် မင်္ဂလာဆောင်ခြင်း ဖြစ်ပါတယ်။ မင်္ဂလာဆောင်တဲ့ နေ့မှ တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ မြင်ဖူးကြခြင်း ဖြစ်ပါတယ်။ တစ်လောက ယင်း မင်္ဂလဆောင်ပွဲ တစ်ခုကနေ ဝမ်းနည်းစရာ ဖြစ်ခဲ့ပါတယ်။ ယင်းကတော့ အမျိုးသားဟာ သတို့သမီးကို မြင်ပြီး ချက်ချင်းပဲ ကွာရှင်းခွင့်တောင်းပြီး ကွာရှင်းခဲ့တဲ့ မင်္ဂလာပွဲပဲ ဖြစ်ပါတယ်။

0 comments:

Wi-Fi အသံကို နားထောင်နိုင်တဲ့ နည်းပညာ



ပုံမျာ မြင်တွေ့နေရတဲ့ ဗြိတိန်က Frank Swain လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ Wi Fi အသံကို နားထောင်နိုင်စွမ်း ရှိပါတယ်။ သူက နားအကြား ချို့ယွင်းသွားပြီးတဲ့ နောက် ယင်း စွမ်းပကားကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

0 comments:

တရုတ်ပြည်က sex toy စက်ရုံ


တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ sex toy အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာပါတယ်။ ယင်း အရုပ်များကို နိုင်ငံတကာသို့ ဖြန့်ချိ ရောင်းချ နေခြင်း ဖြစ်ပါတယ်။

0 comments:

အိုစမာ ဘင်လာဒင်ကို သတ်ခဲ့သူ


ပုံမှာ မြင်တွေ့နေရတဲ့ စစ်သားဟာ အိုစမာ ဘင်လာဒင်ကို သတ်ခဲ့သူ ဖြစ်ပြီး Rob O’Neill လို့ အမည်ရပါတယ်။ အသက် ၃၈ နှစ် ရှိပြီ ဖြစ်ပြီး အမေရိကန် မရိမ်း တပ်ဖွဲ့မှာ ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ မရိမ်းထဲမှာကိုမှ စိစစ်ပြီး အရွေးချယ်ခံထားရတဲ့ SEALS အဖွဲ့မှာ ပါဝင်သူ ဖြစ်ပါတယ်။

0 comments:

ဒေးဗစ်ဘက်ခမ်းရဲ့ သား အာစင်နယ်တွင် ကစားမည်


ဒေးဗစ် ဘက်ခမ်းရဲ့သား Brooklyn Beckham ဟာ အာစင်နယ် အသင်းနဲ့ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပြီ ယခုနှစ် စတင် ကစားတော့မှာ ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ အသက် ၁၅ နှစ်အရွယ်သာ ရှိသေးတဲ့ သူ့ရဲ့ အကြီးဆုံးသားကို ဘောလုံးအကယ်ဒမီ ပို့ခဲ့တာ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဘောလုံးကန်ခြင်း ဝါသနာ ပါပြီး ယင်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစပါတယ်။

0 comments:

ဓာတ်ပုံများကို အွန်လိုင်းမှာ လွယ်တကူ တည်းဖြတ်နိုင်တဲ့နေရာ


www.picmonkey.com ဟာ ကမ္ဘာ့အကောင်းဆုံး ဝဘ်ဆိုဒ် ၁၀၀ စာရင်းမှာ ပါဝင်တယ် ဆိုပြီးတော့ PC Magazine က ရွေးချယ်ဖော်ပြ ခဲ့ပါတယ်။ တကယ်လည်း သူဟာ အသုံးပြုရ အင်မတန် ကောင်းပါတယ်။ မိမိတို့ ကွန်ပြူတာထဲမှာ Photoshop မရှိတဲ့သူတွေ အတွက် လွယ်တကူ အသုံးပြုနိုင်တဲ့ အွန်လိုင်း ပုံ တည်းဖြတ်စရာ နေရာလေး တစ်ခုပါပဲ။

0 comments:

အသက် ၁၁ နှစ်သာရှိပေမယ့် အိုမင်းနေတဲ့ ကလေးငယ်


Ashanti Elliot Smith လို့ အမည်ရတဲ့ အသက် ၁၁ နှစ်သာ ရှိသေးတဲ့ ဗြိတိန်က ကလေးငယ်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းတဲ့ ရောဂါ ဝေဒနာကို ခံစားနေရ ပါတယ်။ သူမဟာ အိုမင်းမြန်တဲ့ ရှားပါး ရောဂါ အပြင် ဆံပင်တွေ အကုန်မကျန် ပျောက်တဲ့ ရောဂါကိုပါ တွဲဖက်လို့ ခံစားနေရပါတယ်။

0 comments:

ဟာသဥာဏ်ရွှင်သောသူကို အမျိုးသမီးတို့ ကြိုက်နှစ်သက်


အနောက်တိုင်းက လေ့လာ တွေ့ရှိတဲ့ စစ်တမ်းအရ ရုပ်ရည်အသွင်သဏ္ဍာန် အားဖြင့် စွဲဆောင်မှု ရှိတဲ့ အမျိုးသားများထက် ဟာသဥာဏ် ရွှင်တဲ့ အမျိုးသားများကို အမျိုးသမီးတို့က ပိုမို ကြိုက်နှစ်သက်သက်ကြောင်း သိရ ပါတယ်။

0 comments:

ကိုယ်ခန္ဓာကို ပြုပြင်ပြောင်းလဲပေးနိုင်မည့် အားကစားများ


အထူးသဖြင့် အဝလွန်သူ၊ အဆီပို ရှိသူများ အနေနဲ့ လေ့ကျင့် သင့်တဲ့ အားကစားနည်း ၇ မျိုး ရှိပါတယ်။ ယင်း ၇ မျိုးဟာ အမျိုးသမီးကိုရော၊ အမျိုးသား ကိုရော ကိုယ်ခန္ဓာ အချိုးအစား ညီသွားအောင် ပြုပြင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဝလာချင်သူများ ကတော့ အစားအသောက်ပါ အာဟာရပြည့်ပြည့် စားသောက်ဖို့ လိုအပ် ပါတယ်။

0 comments:

မြေခွေးလင်းနို့ သို့မဟုတ် မြေခွေးပျံ

ပုံမှာ မြင်တွေ့နေရတဲ့ သတ္တဝါကို မြေခွေးလင်းနို့ လို့လည်း ခေါ်ပါတယ်။ သူက ဧရာမ လင်းနို့ ဖြစ်ပြီး အရွယ်အစား အင်မတန် ကြီးတာကြောင့် Megabat လို့လည်း ခေါ်ပါတယ်။ အမည် အပြည့်အစုံကတော့ Flying Fox Megabat ဖြစ်ပါတယ်။

0 comments:

အိမ်သာထဲက မြွှေကိုက်လို့ ဆေးရုံ တက်ရသတဲ့


ထိုင်းနိုင်ငံမှာ ဖြစ်ပါတယ်။ အသက် ၅၇ နှစ် အရွယ် အမျိုးသမီး တစ်ဦးဟာ အိမ်သာ တက်ရင်း အိမ်သာပေါက်ထဲကနေ ထပေါက်တဲ့ မြွှေကြောင့် ဆေးရုံ တင်လိုက်ရပါတယ်။ မြွှေဟာ ဧရာမ မြွှေကြီး ဖြစ်ပါတယ်။ ထပြီး ထွက်ပြေးဖို့ ကြိုးစား ပေမယ့် မြွှေရဲ့ လှမ်းပက်မှုကို ခံရပါ သေးတယ်။

0 comments:

တစ်နှစ်ကို ဗြိတိန်ပေါင် ၁သောင်းကျော်ဖိုး အွန်လိုင်းပြိုင်ပွဲ ဆုရသူ


Holly Smith လို့ အမည်ရတဲ့ ဗြိတိန်နိုင်ငံက လူငယ် အမျိုးသမီး တစ်ဦးဟာ တစ်နှစ် မှာ အွန်လိုင်း မဲပေါက်နှုန်း ဝင်ငွေ ဗြိတိန်ပေါင် ၁သောင်းကျော် ရှိပါတယ်။ သူမဟာ ကျန်းမာရေး ချို့တဲ့ပြီး အပြင်သွားဖို့ အဆင်မပြေတော့ အသက် ၂၁ နှစ် အရွယ်ကစလို့ အွန်လိုင်းမှာ ပြိုင်ပွဲတွေကို လိုက်လံ ယှဉ်ပြိုင်ပါတော့တယ်။

0 comments:

Minions ရုပ်ရှင်ဇာတ်ကားသစ်



Minions အမည်ရ ရုပ်ရှင်ဇာတ်ကားသစ် အတွက် အမြည်းထွက်ရှိလာပါပြီ။ ရုံတင်မှာကတော့  အတော်လေး လိုနေပါသေးတယ်။ ၂၀၁၅ ခုနှစ် ဇွန်လ လောက်မှ ဖြစ်ပါတယ်။ ဒီဇာတ်ကားက အရင်ဇာတ်ကားတွေနဲ့ မတူတော့ပဲ Minion ကောင်လေးများကို အဓိက ဇာတ်ကောင်အဖြစ် တည်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

0 comments:

Right to die အတွက် ကြိုပမ်းသူလေး တကယ် အဆုံးစီရင်ခဲ့


ပုံမှ မြင်တွေ့နေရတဲ့ အမျိုးသမိး ဟာ Brittany Maynard လို့ အမည်ရပြီး ယခု ရက်ပိုင်းလေးတင် ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မိမိကိုယ်ကို အဆိပ်သောက် သက်သေတဲ့ ဆေးသောက်လို့ ကိုယ်တိုင် အဆုံးစီရင်ခဲ့သူ ဖြစ်ပါတယ်။ ယင်းကိုလည်း တရားဝင် ဥပဒေနဲ့ သူမ ပြုလုပ်ခဲ့တာပါ။ သူမဟာ ဦးနှောက်ကင်ဆာ ရှိနေပြီး လောကကို အမြန်ဆုံး စွန့်ခွာချင်နေသူ ဖြစ်ပါတယ်။ ယင်းဝေဒနာကို မခံစားနိုင်တော့တာကြောင့် Right to die ဆိုတဲ့ campaign ကို စတင်ခဲ့သူ ဖြစ်ပါတယ်။

0 comments:

Avengers 2 မေလ ၂၀၁၅ ရုံတင်မည်


Avengers: Age of Ultron လို့ အမည်ပေးထားတဲ့ ဒုတိယမြောက် Avengers ရုပ်ရှင်ကို မေလ ၂၀၁၅ ခုနှစ်မှာ ရုံတင်မှာ ဖြစ်ပါတယ်။ အရင်တစ်ခေါက်က Hero များအပြင် Hero တွေ ပိုစုံလာပါတယ်။ ရန်သူ Hero များပါ ပါလာခြင်း ဖြစ်ပါတယ်။

0 comments:

We are selling "International news for myanmar"



1) "Domain"
Domain url is three years old already. Got high DA. short and easy to remember. www.innewsmyanmar.com

2) "Website"
Website bases on blogspot. It is easy to migrate to any platform. Already got page view of over 1.18 million. Content Articles on website are more than 1700. All are own creation, translated from global news and media. We don't copy. All are own creation.

0 comments: