မြန်မာပြည်က ရေပန်းစား တိုယိုတာ ကလူဂျာ

တိုယိုတာ ကလူဂျာတွေ တော်တော်များများ တွေ့မြင်နေ ရပါပြီ။ မြန်မာပြည် စရောက်စက သိန်း ၆၀၀၊ ၇၀၀ အထိ ဈေးမြင့်ခဲ့ပေမယ့် ယခုချိန်မှာတော့ သိန်း ၂၀၀ ဝန်းကျင် နဲ့ ရနိုင်တဲ့ကားများ ဖြစ်ပါတယ်။ စီးချင်သပ ခပ်ကောင်းကောင်းဆိုရင်တော့ သိန်း ၃၀၀ ပတ်လည်မှာပဲ ရှိမယ့်ကားဖြစ်ပါတယ်။


ပထမမျိုးဆက်၊ ဒုတိယမျိုးဆက်လို့ ထုတ်ထားပေ မယ့် မြန်မာပြည်ရောက်တာကတော့ ပထမမျိုးဆက်လောက် ပဲ ဖြစ်ပါတယ်။ ဂျပန်လေလံဈေးထဲမှာလည်း ကလူဂျာကို ၂၀၀၇ မော်ဒယ် ဂိတ်ဆုံးပဲတွေ့မြင်ရပါတယ်။ မြန်မာပြည်က စလစ်အပ် အဝယ်သမားတွေအတွက် အံ့ကိုက်ဖြစ်တဲ့ကားများ ပဲ ဖြစ်ပါတယ်။ ကလူဂျာက တိုယိုတာ ကမ်မရီ ပလက်ဖောင်း က ကားဖြစ်ပြီး 4Runner နဲ့အမျိုးတော်ပါတယ်။ 4Runner ဆီစားကြီးလို့ ကြိုက်သူ နည်းပါတယ်။

ကလူဂျာလည်း ဆီစားသက်သာတယ်လို့ မဆိုလိုပါ။ ကီလိုမီတာ တစ်ရာကို ၁၂.၃ လီတာ ကုန်တယ်လို့ စမ်းသပ်ချက်ရလဒ်က ပြောဆိုပါတယ်။ သုံးပြီးကားစီးတဲ့ အတွက် သူပြတဲ့အတိုင်းပဲ fuel economy ကဟုတ်ချင်မှ ဟုတ်မှာပါ။ Hybrid ဗားရှင်းတောင် ၂၀၀၅ နဲ့ ၂၀၀၇ ကြားမော်ဒယ်ကြားမှာ ထုတလုပ်ထား တယ်ဆိုပါတယ်။ Hybrid မှာတော့ ကီလိုမီတာ တစ်ရာကို ၉.၄ လီတာပဲ ကုန်မှာ ဖြစ်ပါတယ်။ ဒါက လေးဘီးမောင်းစနစ်မှာ စမ်းသပ် ထားတဲ့ ရလဒ် ဖြစ်ပါတယ်။

အစက သူ့ကို Highlander လို့အမည်ပေးထားပါတယ်။ Hyundai ကထုတ်တဲ့ ကားနဲ့ နာမည်တူနေတဲ့အတွက် ဂျပန်လို ကူရူဂ (Kuruga) လို့ပေးရမှာ ကလူဂျာ (Kluger) လို့အမည်တွင်လာတဲ့ကား ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၂၄၀၀ စီစီကတော့ အသေးဆုံးဆိုက်ဖြစ်ပြီး I4 အင်ဂျင်အမျိုးအ စား ဖြစ်ပါတယ်။ နောက်ထပ် နှစ်မျိုးကတော့ ၃လီတာ V ပစ်စတင် ၆လုံးပူး အင်ဂျင်၊ ၃.၃လီတာ Vပစ်စတင် ၆လုံးပူး အင်ဂျင်တို့ ဖြစ်ပြီး စုစုပေါင်းသုံးမျိုးပဲ ထုတ်လုပ်ထားပါ တယ်။ လေးဘီးမောင်း Hybrid က ၂၀၀၅ နောက်ပိုင်းမှ အပိုလျှပ်စစ်မော်တာအနေနဲ့ ပေါင်းစပ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ လေးဘီးမောင်းစနစ်မှာ ဘီးအတွက် အကူထောက်ပံ့ပေး မှာ ဖြစ်ပါတယ်။

တံခါး ငါးပေါက် SUV ဖြစ်ပြီး အပို -စပယ်ယာဘီး ကို အောက်ခြေမှာ တပ်ဆင်သယ်ဆောင်သွားနိုင်ပါတယ်။ ဝယ်လက်စမှာလည်း စပယ်ယာဘီးအပိုပါတတ်ပါတယ်။ ဂီယာ ၄ ချက် အော်တိုဗားရှင်းစတင်ခဲ့ပေမယ့် ၂၀၀၄ နောက် ပိုင်းမော်ဒယ်ဆိုရင် ၅ ချက်အော်တိုကိုသာ တွေ့မြင် ရမှာ ဖြစ် ပါတယ်။

တိုယိုတာ ဟာရီယာထွက်တဲ့ ၂၀၀၆ မတိုင်ခင်က တိုယိုတာရဲ့  ရောင်းအားအကောင်းဆုံး SUV ဖြစ်ပါတယ်။ လုံခြုံရေးအပိုင်း မှာလည်း အမှတ်ကောင်းတဲ့အတွက် ဥရောပ၊ အမေရိက၊ အာရှ ဈေးကွက်တွေမှာ ဂုဏ်ကြီးတဲ့ ကား ဖြစ်ပါတယ်။ Anti-lock ဘရိတ်၊ ဘရိတ် အထောက်အခံစနစ်၊ အီလက် ထရောနစ် ဘရိတ်မျှဝေစနစ်၊ မော်တော်ယဉ် တည်ငြိမ်ထိန်း ချုပ်စနစ်၊ Traction ထိန်းစနစ် စတာတွေလည်း ပါဝင်ပါ တယ်။ ၂၀၀၄ နောက်ပိုင်းထုတ် ကလူဂျာများ မှာ လေအိတ်စ နစ်ပါဝင်လာပါတယ်။ တာယာဘီးရဲ့ ဖိအား ဘယ်လောက် ရှိတဲ့ဆိုတာကို တိုင်းတာ မှတ်သား သတင်းပေးတဲ့ Sensor လည်း ပါဝင်ပါသေးတယ်။

LCD တီဗီ၊ Audio Player, Navigation, ပါဝါဝင်းဒိုး၊ ဘက်မှန်၊ စမတ်ကီး တံခါးသော့ပိတ်၊သော့ဖွင့် စနစ်၊ ဘက် ကင်မရာ၊ Sun-roof အစရှိသဖြင့်တို့ကို ၂၀၀၄ အထက်မော်ဒယ်များမှာ ကြိမ်းသေတွေ့မြင်ရမှာ ဖြစ်ပါ တယ်။ နောက်ပိုင်း ပြန်လည်တပ်ဆင်ပေးမှုကြောင့်လည်း ပိုမိုစုံလင်စွာ ပါရှိတတ်ပါသေးတယ်။

ခရီးသည် ၇ယောက် ဆန့်တဲ့ ကားကြီး ဖြစ်ပါတယ်။ အရှည် ၁၈၄.၄ လက်မ၊ အကျယ် ၇၁.၉ လက်မ၊ အမြင့် ၆၆.၅ လက်မ ကိုယ်စီ အတိုင်းရှိပြီး ပေါင် ၃၇၈၄ ပေါင်လေးတဲ့ ကားကြီး ဖြစ်ပါတယ်။ ယနေ့ မြန်မာပြည် ကားရှိုးရွန်း၊ ကားပွဲစားတန်းတွေမှာရော အလွယ်တကူ တွေ့မြင်နိုင်ပြီး ကားလေလံဝဘ်ဆိုဒ်များမှာလည်း ယန်း ၁၀ သိန်း ကလူဂျာ များကို ရှာဖွေ တွေ့ရှိနိုင်ပါတယ်။
---
http://www.colayonline.com.mm/automobile/portal.html#auction











0 comments: