ဂျော်နီလိုချင်သော မိန်းခလေး



ဆရာမ - ဂျော်နီ၊ မင်းအိမ်ထောင်ပြုမယ့် အမျိုးသမီးကို ဘယ်လို အမျိုးအစား ထဲကလိုချင်လဲ။

ဂျော်နီ - လ လို မျိုး မိန်းကလေးပါ ချာမ။

ဆရာမ - အံမယ်။ ဂျော်နီက ကဗျာ ဆန်လို့ပါလား။ လလို အေးချမ်းတဲ့ မိန်းခလေးမျိုးလား။

0 comments:

နှစ်ပေါင်း ၈၀ ကျော် မြဲမြန်သော အိမ်ထောင်ရေး


အမေရိကန်မှာ သက်တမ်း အကြာမြင့်ဆုံး အိမ်ထောင်ရေးလို့လည်း စံချိန်တင်ပါတယ်။

John က အသက် ၁၀၁ ရှိပြီ ဖြစ်ပြီး သူ့ရဲ့  အမျိုးသမီး Ann Betar ကတော့ အသက် ၉၇ နှစ် ရှိပါပြီ။ အိမ်ထောင်ကျစက အမျိုးသမီးဟာ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။

0 comments:

လင်ကွန်းနှင့် ကနေဒီကြား တူညီချက်များ



အမေရိကန် သမ္မတကြီးများ ဖြစ်ခဲ့တဲ့ Abraham Lincoln နဲ့ John F. Kennedy တို့ကြား ထူးထူးခြားခြား တိုက်ဆိုင်မှု များက  အောက်ပါ အတိုင်း ဖြစ်ပါတယ်။

0 comments:

ဓာတ်ခဲ မလိုအပ်သော အံ့မခန်း ရှေးကျကျ ဂဏန်းပေါင်းစက်



Curta လို့ခေါ်တဲ့ ဂဏန်းပေါက်စက်ဖြစ်ပြီး တီထွင်ဖန်တီးသူကတော့ Curt Herzstark အမည်ရ သြစတေးလျ အင်ဂျင်နေယာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်က ထုတ်လုပ်ဖြန့်ချိခဲ့ပြီး သူ့ရဲ့  တူမတူတဲ့ ဒီဇိုင်းနဲ့လုပ်ဆောင်ချက် များကြောင့် အောင်မြင်ခဲ့ ပါတယ်။ လျှပ်စစ်ဓာတ်အားလည်းမလို၊ ဓာတ်ခဲလည်း မလိုပဲ Curta အမည်ရ ဂဏန်း ပေါင်းစက်ဟာ အပေါင်း၊အနှုတ်၊ အမြောက်၊ အစား၊ နှစ်ထပ်ကိန်း အစရှိသဖြင့်အပြင် အခြားသော တွက်ချက်မှု ဆိုင်ရာများကိုလည်း ပြုလုပ်နိုင် တာကို တွေ့ရှိခဲ့ပါတယ်။

0 comments:

လိမ်အပြောနိုင်ဆုံး လူသား



စာသင်ခန်းထဲမှာ ကလေးနှစ်ယောက်ငြင်းခုံနေပါတယ်။

ဒါကြောင့် ဆရာမ ရောက်လာပြီး မေးတဲ့ အခါ ကျောင်းသား နှစ်ယောက်က ခုလို ပြန်ဖြေပါတယ်။

"သားတို့ နှစ်ယောက် ပိုက်ဆံ ၅ထောင်တန်ကို တူတူကောက်ရထားပါတယ် ဆရာမ။ အဲဒါ အလိမ်ပြောတတ်ဆုံးလူကို ပိုက်ဆံပေးကြေး ငြင်း ခုံ ပြိုင်နေကြတာပါ"

0 comments:

၆နှစ်သမီး သန်းကြွယ်သူဌေး မော်ဒယ်မလေး



Isabella Barrett လို့အမည်ရတဲ့ ၆ နှစ်အရွယ်ကလေးမငယ်လေးဟာ အမေရိကန်မှာ သန်းကြွယ်ချမ်းသာတဲ့မော်ဒယ်မလေး ဖြစ်ပါတယ်။

မော်ဒယ်အလုပ်တစ်ခုတည်းနဲ့ ချမ်းသာတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့  ကိုယ်ပိုင် စိတ်ကူး ဒီဇိုင်းနဲ့ ဖန်တီးတဲ့ လက်ကောက်နဲ့ လက်ဝတ်ရတနာ များရှိပြီး အသက် ၃၉ နှစ်အရွယ် အမေဖြစ်သူနဲ့ အတူ ကုမ္မဏီ တည်ထောင် ထုတ်လုပ်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁ သန်း ထက်မက အမြတ်ရရှိခဲ့ပါတယ်။

0 comments:

သခင်နှင့် စွန့်ခွာသူများ



ကမ္ဘာကျော် အမေရိကန် ကောင်းဘွိုင်၊ ဟာသသရုပ်ဆောင် Will Rogers ပြောသွားတဲ့ စကားတစ်ခု ရှိပါတယ်။

"If there are no dogs in heaven, then when I die I want to go where they went," -

"ခွေးတွေသာ နိဗ္ဗာန် မရောက်တာမှန်ရင် ကျနော်လည်း နိဗ္ဗာန် မသွားချင်တော့ဘူး။ ကျနော်သေတဲ့အခါ သူတို့သွားတဲ့နေရာကိုပဲ လိုက်သွားချင်တယ်။

0 comments:

ပျိုတိုင်းကြိုက်သော အမျိုးသားတို့ ပုံစံ


How to be a guy every girl wants အမည်နဲ့ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတဲ့ ဆောင်းပါးထဲမှ အချက်အချို့ ကို အခြေခံလို့ ဆီလျော်သလို ပြန်လည်ရေးသား မျှဝေခြင်း ဖြစ်ပါတယ်။

0 comments:

ဂျော်နီနှင့် ဆရာမ


သင်္ချာဆရာမက ဂျော်နီကို အောက်ပါမေးခွန်း မေးပါတယ်။

"လယ်ကွင်းထဲက သစ်ပင်တစ်ပင်မှာ ငှက် ၅ ကောင် နားနေတယ်။ တစ်ကောင်ကို သေနတ်နဲ့ ပစ်သတ်လိုက်တော့ အပင်မှာ ဘယ်နှစ်ကောင် ကျန်မလဲ"

0 comments:

ရုရှားတို့ တင့်ကား TOS


TOS လို့အမည်ပေးထားတဲ့ ရုရှားတို့ရဲ့ လျှို့ဝှက်တင့်ကားကို ၁၉၉၉ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

TOS ကို ဆိုဗီယက်ခေတ်ကတည်းက တည်ဆောက် ထားခြင်း ဖြစ်ပြီး ၁၉၈၈-၈၉ခုနှစ် အာဖဂန်နစ္စတန်မှ ဆိုဗီယက်စစ်ပွဲမှာ စတင်အသုံးပြုခဲ့ပါတယ်။ ၂၀၀၀ခုနှစ် Second Chechen စစ်ပွဲမှာလည်း အသုံးပြုခဲ့ ပါသေးတယ်။

0 comments:

ကမ္ဘာ့ဈေးအကြီးဆုံးခွေး



တိဘက်ခွေးလို့လည်းခေါ်တဲ့ Tibetan Mastiff ဖြစ်ပြီး ယင်းထဲမှာမှ တစ်ကောင် ကတော့ ယမန်နှစ်က တရုတ်ယွန်ငွေ ၁၀ သန်းကျော်နဲ့ ရောင်းချခဲ့ပါတယ်။

0 comments:

ဘီးတပ်ကုလားထိုင်ဖြင့် အိုလံပစ်ရေကူးဝင်ပြိုင်သူ



၁၉၉၆ ခုနှစ်ကစလို့ ရောဂါ တစ်ခုကြောင့် အောက်ပိုင်း သေသွား ပါတယ်။ သူမဟာ အရင်ကတည်း က ရေကူး၊ ရေငုပ်ဝါသနာ ထုံသူ ဖြစ်ပြီး အောက် ပိုင်းသေပေမယ့် ဘဝသေဖို့ လက်မြောက်ခဲ့သူ မဟုတ်ပါဘူး။

0 comments:

ခန္ဓာကိုယ်အစိတ်အပိုင်းများကို အင်္ဂလိပ်လိုမှတ်သားခြင်း



အင်္ဂလိပ်စာ သင်ခန်းစာလေးပါ။ သိပ်တော့ မခက်ပါဘူး။ တော်တော် များများ သိကြမှာပါ။ သို့ပေမယ့်  ပြောပါဆို ရင် ရုတ်တရက် ပြော လို့ခက်မယ့် ဝေါဟာရများ ဖြစ်ပါတယ်။

0 comments:

ခရီးဝေးသွားခြင်းက နာတာရှည်ရောဂါစွဲကပ်စေ


ခရီးဝေးသွားခြင်း ဆိုလို့ ဆက်တိုက် သွားရတာကိုပဲ မဆိုလို ပါဘူး။ နေ့စဉ် ရုံးတက်ဖို့အတွက် ယာဉ်၊ရထား အမျိုးမျိုး အသုံးပြု သွားလာနေသူများလည်း ပါဝင်ပါတယ်။

0 comments:

အမေရိကန်၊ ဘော်စတွန်တွင် လူသတ်သော အိုး သို့မဟုတ် Pressure Cooker



ပုံမှာ မြင်နေရတဲ့ Pressure Cooker က ဗုံးဖြစ်လိမ့်မယ်မလို့ ၂၀၀၆ မတိုင်မီက ဘယ်သူမှ ထင်မထားပါဘူး။

ခုတော့ ယင်းအိုးကြောင့် သေတဲ့သူတွေ အတော်လေးများနေပါပြီ။ ၂၀၀၆ က မွန်ဘိုင်းအကြမ်းဖက်မှုမှာ စတင်လူသိများသွားတဲ့ ယင်း အိုးကို အမေရိကန် စတော့ကလန်း၊ နယူးယောက်တိုင်း ရင်ပြင် တို့မှာ တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က လောလောလတ်လတ် ပဲ ဘော်စတွန်က အပြေးပြိုင်ပွဲ တစ်ခုမှာ ပေါက်ကွဲခဲ့ပါတယ်။ ၃ ဦးသေပြီး ၁၈၃ ဦး ဒဏ်ရာရသွားတဲ့ ယင်းဖြစ်ရပ်က အမေရိကန် ပြည်သူတို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။

0 comments:

ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အသားစားမစား


ဒီကိစ္စက အချို့  အမေးထူသူတွေကြားမှာ ပြောစရာ ရှိပါတယ်။ “ဘုရားဟောတော့ သူ့အသက် မသက်ရတဲ့၊ ဘာလို့ သူ့အသားတော့ စားကြတာလဲ” အဲဒီလိုမေးခွန်းမျိုးကို ကိုယ်တိုင်လည်း မေးခဲ့ဖူးသလို၊ အမေးလည်း ခံဖူးမယ် ထင်ပါတယ်။ ဒီတော့ ဆေးပညာရှုထောင့် ကနေပဲ အရင် သုံးသပ်ကြည့်ရတဲ့အခါ -

1 comments:

International news for myanmar သင်္ကြန် ပိတ်ရက် ယာယီ ရပ်နားခြင်း


International news for myanmar မှာ ရေးတဲ့သူ အများကြီး ရှိရင်လည်း အကောင်းသား။ တည်ထောင်တဲ့အချိန်ကနေ၊ ယနေ့အထိ မအားတဲ့ကြားကနေ ကျနော် မောင်အောင်ခမ်း တစ်ယောက်တည်း ကသာ  နေ့စဉ်ပုံမှန် ရေး သားလို့ တင်ပစ်လိုက်တာ ၁နှစ်ခွဲ မကတောင် ရှိပါပြီလေ။

1 comments:

လိပ်ပြာသန့်သန့် အိပ်စက်ခြင်း



အသက် ၇ နှစ်အရွယ် ကောင်မလေးနဲ့ ကောင်လေး တစ်နေရာ မှာ တွေ့ပါတယ်။

ကောင်မလေးမှာ သကြားလုံးများပါလာပြီး ကောင်လေးဆီမှာ ဖန်ဂေါ်လီလုံးများ ပါလာပါတယ်။

0 comments:

ပိုက်ဆံအလကားရလို့ပါ



လင်မယား နှစ်ယောက်တည်း နေတဲ့ အိမ်တစ်လုံးမှာပေါ့။

အမျိုးသားက အိပ်နေတယ်။ အမျိုးသမီးက ရေချိုးနေတယ်။ အိမ်ရှေ့ တံခါးခေါက်သံကြားတော့ ခန္ဓာကိုယ်ကို ပုဝါပတ်လို့ ပြေးဖွင့်ကြည့် ပါတယ်။

0 comments:

စတီးချောင်း ၁၃ ချောင်းထောက် မော်ဒယ်



အမေရိကန်နိုင်ငံက အသက် ၁၇ နှစ်အရွယ် Katrina Burgess အမည်ရ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

တစ်နာရီ မိုင် ၇၀ အထက် ပြေးတဲ့ ကားအက်ဆီးဒန့်မှာ ရစရာမကျန်အောင် တစ်ကိုယ်လုံးကျိုးပါတယ်။ ကျောရိုး၊ ခါးရိုး၊ တင်ပစုံရိုး၊ ဒူးဆစ်၊ခြေထောက် ရိုး၊ လက်မောင်းရိုး အစရှိသဖြစ် နေရာတော်တော် များများက အရိုးတွေ အကုန်ကြိုးသွားပါတယ်။ အက်ဆီးဒန့်ဖြစ်ပြီး အချိန်ပိုင်း အတွင်း ကယ်ဆယ်ရေးတို့ ရောက်ရှိလာပြီး နီးဆပ်ရာ ဆေးရုံကို ပို့ဆောင်ပါတယ်။

0 comments:

စပိန်တက္ကသိုလ်ကျောင်းတွင် ပြည့်တန်ဆာ ဘာသာရပ်ကို သီးသန့်သင်ကြား



တကယ်ကို မယုံနိုင်စရာပါပဲ။ သို့ပေမယ့် တကယ်သင်နေပါတယ်။ ဒီပလိုမာတန်း၊ ဘွဲ့တန်းတောင် ခွဲထားပါသေးတယ်။

၂၀၁၂ခုနှစ် ပညာသင်နှစ်မှ စတင်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ် ကျောင်း တစ်ခုက ဖြစ်ပါတယ်။ သင်ရုံးမှာ ကမ္ဘာ့ရှေး အကျဆုံး ပြည့်တာဆာ လုပ်ငန်းစတည်တဲ့ ဟိန္ဒူယ သမိုင်းထဲက Kama Sutra တို့အကြောင်းလည်း ပါဝင်ပါတယ်။

0 comments:

ဂျပန်နိုင်ငံမှ အမျိုးသမီး ဆာမူရိုင်း


အမှန်တော့ သူ့ကို ဆာမူရိုင်းလို့ မခေါ်ပါဘူး။ ဂျပန်လို Onna-bugeisha လို့ပဲခေါ်ပါတယ်။ ဆာမူရိုင်း အဆင့်အတန်းဝင် သူရဲခေါင်း ဖြစ်ပါတယ်။

ဆာမူရိုင်းဆိုတာကလည်း လူမျိုးစု မဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ့  အထက်တန်းစားလွှာကို အကာအကွယ်ပေးတဲ့ စစ်သည်အဖွဲ့အစည်း တစ်ခုအဖြစ် လက်ခံထားကြခြင်း ဖြစ်ပါတယ်။ စက်မှုမထွန်းကားမှီ ကာလက ဆာမူရိုင်းဟာ ဂျပန်နိုင်ငံရဲ့  စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့ မှာ အကြီးမားဆုံး ကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့ပါတယ်။

0 comments:

အဝတ်သန့်ရသည့် အကြောင်းအရင်း



ညားခါစ လင်မယား နှစ်ဦး အိမ်သစ်ကို ပြောင်းနေပါတယ်။ မနက် စာ စားတိုင်း ဘေးအိမ် (အိမ်နီးချင်း) က အဝတ်ထွက်လှမ်းတာ ကို ပြတင်းပေါက် ကနေ အမြဲလှမ်းမြင်ရပါတယ်။ သူတို့ အဝတ် လှမ်းတာကို မြင်တိုင်း မယားဖြစ်သူက သူ့အမျိုးသား ကို အောက်ပါ အတိုင်း ရေရွတ်ပြောဆိုလေ့ ရှိပါတယ်။

0 comments:

ဆော်လမွန်ငါးနှင့် တူနာငါး စားသုံးခြင်း


ဆော်လမွန် ငါးရော၊ တူနာ ငါး နှစ်မျိုးလုံးမှာ ငါးကြီးဆီ နဲ့ အိုမီဂါ-၃ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။

ဆော်လမွန်ငါးဟာ ကယ်လိုရီဓာတ် ကြွယ်ဝပြီး တူနာငါးကတော့ ပရိုတိန်း ဓာတ်ပိုကြွယ်ဝပါတယ်။ အမေရိကန်မှာ ဆော်လမွန်ငါးထက် တူနာငါး စားသုံးမှု ပိုများပါတယ်။ သို့ပေမယ့် တူနငါးဟာ မာကျူရီ ဓာတ် ပိုမို ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ် များ စားသုံးခြင်းကို အားမပေးပါဘူး။

0 comments:

သံယောဇဉ် တွယ်သူများ



တရုတ်နိုင်ငံ တောင်ပိုင်း Zhangzhou မြို့ က လမ်းတစ်နေရာ မှာ ဖြစ်ပါတယ်။

ခွေးမ တစ်ကောင် ကားအတိုက်ခံရလို့ အသက်မရှိတော့ ပါဘူး။  ခွေးအထီးက ဘေး ကနေ စောင့်ကြတ်ပေးနေပါတယ်။ အတိုက်ခံရတဲ့ ခွေးကို ဘယ်သူမှ လာမသယ်သေးတဲ့အတွက် ကားနောက်ထပ် ထပ်တိုက်မှာစိုးတဲ့အတွက် လမ်းရှင်းအောင် လမ်းလယ်ခေါင်မှာ ယာဉ်အန္တရယ် မမူပဲ ၆ နာရီကြာတောင် နေခဲ့ ပါတယ်။

ယင်း ခွေး နှစ်ကောင်ဟာ အရင်က အတူတူ တစ်တွဲတွဲ သွားလာတဲ့ အဖော်ကောင်းများ ဖြစ်ပြီး အမ တစ်ကောင် ကားအတိုက်ခံရတဲ့ အချိန်မှာတော့ နေရာမှ မရွေ့ နိုင်ပဲ ခွေးထီးခမျာ စောင့်ကြတ်နေ ခဲ့ ကြောင်း သိရပါတယ်။
-
Ref: heartfell
International news for myanmar
--

0 comments:

ရေသောက်ခြင်းက ဝိတ်ကျစေ


တော်တော်များများ သိပြီးသား ဖြစ်မယ်ထင် ပါတယ်။ ရေသောက်ခြင်းက တကယ် ဝိတ်ကျစေပါတယ်။

 ရေသောက်ခြင်းက ခန္ဓာကိုယ်တွင်းက ကယ်လိုရီတွေ ကို လောင်ကျွမ်းစေ ပါတယ်။ ဒါကြောင့် အဆီဖြစ်နိုင်ချေရှိမယ့် အဟာရဓာတ်များကို ဖျက်ဆီးပြီး ကျန်းမာစေပါတယ်။ ရေက သဘာဝ အဆိပ်ဖြေဆေး တစ်မျိုးလိုပါပဲ။ တစ်နေ့တာ မိမိစားသုံး သမျှ အစားအစာထဲက မလိုအပ်တဲ့ အဆီ၊အဆိပ်များ ကို ရေသောက်ခြင်းဖြင့် ဖယ်ရှားပေးပါတယ်။

0 comments:

ပါးစပ်မှ အကောင်ပေါက်သော ဖား


Gastric-Brooding အမည်ရတဲ့ ဖားမျိုး ဖြစ်ပါတယ်။ ဥကို ဝမ်းမှာ သိုလှောင်ပေမယ့် အကောင်ကျ ပါးစပ်ကနေ ပေါက်ပါတယ်။

0 comments:

ငါးက နှိပ်ပေးသော ငါးမာဆက်



Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။

ယင်း ငါးဆရာဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက် အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန်ဒန်မြို့ က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့ ရေကန်ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။

0 comments:

Paulo Coelho ပြောသော တိုင်းပြည်ပျက်မည့် ပုံပြင်



Paulo Coelho (ညာဘက်မှ တစ်ဦး) ဟာ ကမ္ဘာ့အတော်ဆုံး၊ လူဖတ် အများဆုံး၊ လူကြိုက်အများဆုံး စာရေးဆရာစာရင်းဝင်တဲ့ ဘရာဇီးက Artist တစ်ယောက်ပါ။ သူ့ပြောတဲ့ လူတန်းစား ပုံပြင်တစ်ပုဒ်က ဒီင်္လို ဖြစ်ပါတယ်။

0 comments:

ငှက်ပျောသီးခွံဖြင့် သွားကို ဖြူစေ



အလွယ်ကူဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လည်း ငှက်ပျော်သီးခွံနဲ့ သွားကို ဖြူစေပါတယ်။

လုပ်ပုံလုပ်နည်း ငှက်ပျောသီးရဲ့  အတွင်းခံနဲ့ သွားကို ပွတ်လိမ်းပေး ရမှာ ဖြစ်ပြီး ၂ မိနစ်အတွင်းကို ယခင်က ဝါနေတာတွေ၊ မဲနေတာတွေ သိသိသာသာ လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနစ်စ် ဓာတ်များက သွားမှာ ကပ်နေတဲ့ အညစ်အကြေး၊ ဂျိုးများကို ကွာစေပြီး ဖြူဝင်းစေ လို့ ဖြစ်ပါတယ်။

0 comments:

သတိ -- အစားသာကုန်အောင်စားပါ





ဖန်စီပစ္စည်းဆိုင် တစ်ဆိုင်လာလို့ လူငယ်လေး တစ်ဦး ပစ္စည်းဝယ်ပါတယ်။

"ခေါင်းဖီးလှလှလေး တစ်ခုပေးဗျာ။ ဒီည ကျနော့ကောင်မလေးအိမ်မှာ ဒင်နာ သွားစားမှာဆိုတော့ လက်ဆောင်လေး တစ်ခုပါတော့ မျက်နှာပန်း လှတာပေါ့" လို့ပြောတဲ့အခါ ဆိုင်ရှင် လူကြီးက တစ်ခုထုတ်ရောင်း ပါတယ်။

0 comments:

သေမင်းနှင့် ကစားသူ လူငယ်လေး


သေမင်းနဲ့ ကစားတယ်ဆိုလို့ စိန်ပြေးတန်းတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ အမြင့်ဆုံး တိုက်တာ အအောက်အအုံ၊ မျော်စင်တွေပေါ်ကနေ ဘာပစ္စည်း မှ မပါပဲ ကုတ်တက် ဓာတ်ပုံရိုက်ခြင်း ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကလည်း အခြားမဟုတ်ပါဘူး။ ဓာတ်ပုံရိုက်ဖို့ပါပဲ။ ဒီခေတ် မှာ လူတိုင်းက ဓာတ်ပုံ ဒေါင့်စုံရိုက်နိုင်နေပြီ။ Reality , Hearth Shock ဖြစ်စေမယ့် ပုံမျိုးကျတော့ ခပ်ရှားရှားမို့ ယူကရိန်းနိုင်ငံသား လူငယ်လေး Mustang Wanted က စတန့်ထွင်လိုက်ခြင်း ဖြစ်ပါတယ်။

0 comments:

ဂျာမနီက မြေအောက် ရထား ဂိတ်ပေါက်


ဂျာမနီနိုင်ငံ၊ Frankfurt မြို့ မှာ ရှိတဲ့ မြေအောက်ရထား ဂိတ်ပေါက် တစ်ခု ဖြစ်ပါတယ်။

Bockenheimer Warte ကိုသွားမယ့် မြေအောက်ရထားဘူတာရုံသို့ သွားရာ လမ်း ဖြစ်ပြီး ရထားတစ်စီးမြေအောက်ထိုးစိုက်နေတဲ့ ပုံစံမျိုး တည်ဆောက်ထားပါတယ်။ ၁၉၈၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန် တည်ဆောက်တုန်းက သိပ် မထူးခြားပေ မယ့် ၂၀၀၁ ခုနှစ်ရောက်မျာ သေချာ ပြန်လည် ပြုပြင် မှုကြောင့် တကယ့် ရထား တစ်စီး ထိုးစိုက်နေတဲ့ ပုံစံကို ရရှိခဲ့ပါတယ်။

0 comments:

ယီမင်နိုင်ငံမှ နှစ်တစ်ရာကျော် တံတား - Shahara Bridge


တောင်နှစ်လုံးကြား ဆက်သွယ်တဲ့ လမ်းမရှိပါဘူး။ ယင်းခရီးကိုသွားဖို့ အတွက် နှစ်နာရီတောင်ကြာပါတယ်။ သို့ပေမယ့် ယခုလို တံတား ထိုး လိုက်တော့ ခရီးက မိနစ်ပိုင်းပဲ ကြာပါတော့တယ်။

0 comments:

ခွေးလိုက်ပြီဆိုရင်



ခွေးတစ်ကောင်က လိုက်လာပြီး ကိုက်တော့မယ်ဆိုရင် လုံးဝမလုပ်သင့် တာက ပြေးတာပဲ ဖြစ် ပါတယ်။ ပြေးရင်ပြေးရာလမ်းကြောင်းနောက်လိုက်ပြီး မိအောင်လိုက်ကိုက် တတ်ပါတယ်။

0 comments:

ပန်းသီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူး


၁။ နှလုံးနှင့် ဆက်စပ်ရောဂါ လျော့ချပေးခြင်း။

၂။ အူလမ်းကြောင်း ရှင်းလင်းပေးခြင်းနှင့် အစာခြေဖျက် အား ကောင်းမွန်စေခြင်း။

၃။ အဆီပိုများ ဖယ်ရှားပေးခြင်း။ (ဝိတ်ကျလိုသူများ သောက်သုံးသင့်ခြင်း)

0 comments:

အရှေ့ တောင်အာရှမှ အချမ်းသာဆုံး ပုဂ္ဂိုလ်



ရောဘတ်ကွတ် ( Robert Kuok ) လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ဆိုင် ငွေကြေး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ အထက်မှာ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အဆင့် လေးဆယ်ကျော်မှာရှိတယ်လို့လည်း Bloomberg မှ စာရင်းကောက် ဖော်ပြပါတယ်။ Forbes မဂ္ဂဇင်းကတော့ ကမ္ဘာ့ အဆင့် ၇၀ ကျော်နေရာမှာ ထားရှိဖော်ပြပါတယ်။

0 comments:

ဘယ်ဘီးပေါက်သလဲ


တစ်ဆောင်တည်းအတူနေ ကောလိပ်ကျောင်းသား လေးဦးဟာ နှစ်ကုန် စာေးမးပွဲ မဖြေခင် တစ်ညမှာ လောင်းကစား ဆော့ပြီး သောက်စား ပျော် ပါးကြပါတယ်။ နောက်နေ့မနက်လည်းရောက်ရော စာမေးပွဲဖြေဆိုခန်းကို အချိန်ပြည့်ဖို့ နာရီဝက်အလိုမှ ရောက်လာပါတယ်။

0 comments:

စိတ်ကျန်းမာရေးအတွက် ကျင့်သုံးလိုက်နာရမည့် အချက် ၁၀ ချက်



စိတ်ကျန်းမာရေးအတွက် ကျင့်သုံး လိုက်နာရမယ့် အချက် ၁၀ ချက်ဆိုပြီး နိုင်ငံတကာ စိတ်ရောဂါပညာရှင်များက ယခုလို တိုက်တွန်း ထားပါတယ်။

0 comments: