မျိုးသုန်းသွားသော ကမ္ဘာ့အရှားပါးဆုံး သတ္တဝါမျိုးဆိပ် (Pinta ကျွန်းလိပ်)



တစ်ကမ္ဘာလုံးမှာမှ အီကွေဒေါနိုင်ငံ၊ Pinta ကျွမ်းစုမှာရှိခဲ့တဲ့ Pinta ကျွန်းလိပ် ဖြစ်ပါတယ်။ Galápagos  မျိုးဆိပ်ကနေ ခွဲထွက်တဲ့ ဧရာမ လိပ် တစ်မျိုး ဖြစ်ပါတယ်။

၁၆ ရာစုကာလက အကောင်ရေ ၂သိန်းခွဲ ရှိရာကတော့ ၁၉၇၀ နောင်းပိုင်း မှာတော့ အကောင်ရေ ၆ ထောင်ကျော်ပဲ ကျန်ရှိခဲ့ပါတယ်။ ယနေ့ခေတ် မှာတော့ တစ်ကောင်မှ မရှိတော့ပါဘူး။ နောက်ဆုံးကျန်ရှိခဲ့တဲ့ Pinta လိပ်ကလည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။

ယင်းလိပ်ကို Lonesome George လို့အမည်ပေးထားပြီး ၁၉၇၂ ခုနှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ အနည်းဆုံး အသက် ၁၀၀ ရှိပြီဖြစ်တဲ့ သက်ရှည် သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ အလေးဆုံး တိရစ္ဆာန် ၁၀မျိုး စာရင်းထဲမှာ နံပါတ် ၁၀ မြောက် ဖြစ်ပြီး စုစုပေါင်း အလေးချိန် ၈၈၁ ပေါင် လေးပါတယ်။ အရှည်ကတော့ ၅.၉ ပေရှိပါတယ်။

Lonesome ဟာအထီးဖြစ်တဲ့အတွက် မျိုးစိပ်ချန်မထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ Pinta လိပ်အမ တွေ့ရလိုတွေ့ရငြား ဆုကြေးငွေထုတ်ပြီး ရှာဖွေခိုင်းသော်လည်း မရရှိခဲ့ပါဘူး။ အခြားလိပ်မျိုးမှ အမ နှစ်ကောင်နဲ့ အတူ ထားပြီး သားဆက်ပေမယ့်လည်း Pinta ကျွန်းလိပ် မမွေးဖွားခဲ့ပါဘူး။ ကမ္ဘာမှာ တစ်ကောင်တည်းသာ ကျန်ရှိတဲ့ Lonesome ဟာ ကမ္ဘာ့အဖိုးတန်ဆုံး တိရစ္ဆာန်စာရင်းထဲမှာ ထိပ်တန်း ပါဝင်ခဲ့ပါတယ်။ မျိုးဆက် ထားရှိဖို့လည်း ကြိုးစားရင်း သူအသက်ဆက်ရှင်အောင်လည်း ကြိုပမ်းခဲ့ပါတယ်။ ပျှမ်းမျှအားဖြင့် အသက် ၁၇၀ အထိရှည်နိုင်ပေမယ့် Lonesome ကတော့ အသက် ၁၀၀ ကျော်နဲ့ကွယ်လွန်ခဲ့ပါတယ်။

အီကွေဒေါနိုင်ငံမှာ ယခင်ချိန်က လိပ်ကို ဆေးဖော်ရန်အတွက်ကော၊ စားသုံးရန် အတွက်ပါ အမဲလိုက်ကြပါတယ်။ နှစ်အနည်းငယ်တွင်းကို Pinta ကျွန်းလိပ်များ အရေအတွက် များများ လျော့ကျခဲ့ရပြီး နောက်ဆုံး Lonesome တစ်ကောင်တည်းသာ ကျန်ရှိစေခဲ့ပါတယ်။

ကမ္ဘာမှာ တိရစ္ဆန်များ မျိုးစိပ် တစ်ခုပြီး တစ်ခုပျောက်ကွယ်ခြင်း ဟာ ကောင်းမွန်တဲ့ အလားအလာမဟုတ်ပဲ အနာဂတ်မှာ သတ္တဝါအားလုံးကို မျိုးသုန်စေသည့် အနေအထားကို ရောက်ရှိလာနိုင်ကြောင့် လေ့လာသူ သိပ္ပံ ပညာရှင်များက ပြောကြားထားပါတယ်။
----
Ref:wiki

0 comments: