A-Team ရုပ်ရှင်မှာ သရုပ်ဆောင်မယ့် ဧရာမ လက်မောင်းပိုင်ရှင် Tiny Iron



Tiny Iron ဆိုတာ အသက် ၂၈ နှစ်အရွယ် ကာယဗလမောင် တစ်ဦး ဖြစ် ပါတယ်။ အနုပညာရှင်များရဲ့  ကိုယ်ရံတော် အဖြစ်လည်း လုပ်ကိုင်ပါတယ်။

သူ့ရဲ့ လက်မောင်းကြွက်သားဟာ လုံးပတ် ၂၄ လက်မအထိ ညစ်ထုတ်နိုင်ပြီး ကမ္ဘာ့ လက်မောင်း ကြွက်သား ဒုတိယအကြီးဆုံး လူသား ဖြစ်ပါတယ်။ သူ့အရှေ့ မှာ American Gregg Valentino က ၂၇ လက်မ ပတ်လည် အထိ လက်မောင်းကြွက်သား ညစ်ထုတ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ အရပ် အမောင်းအားဖြင့်လည်း ၆ ပေရှိတဲ့အတွက် ရုတ်တရက်မြင်လိုက်ရင် လူသန်ကြီး တစ်ယောက်ပမာ ထင်ရပါတယ်။

ဘီဘီစီ ရုပ်သံစီးရီး Trexx နဲ့ Flipside တွေမှာ 50 cent တို့လို နာမည်ကြီး ရပ်ပါများနဲ့ သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ပြီးတော့လည်း နောက်ထပ် ရိုက်ကူးမယ့် A-Team အက်ရှင် ရုပ်ရှင်ဇာတ်ကားထဲမှာ B.A.Baracus အနေနဲ့ သရုပ်ဆောင်အုံးမှာ ဖြစ်ပါတယ်။ ယခင် သရုပ်ဆောင်တဲ့ Quinton Jackson နေရာ အစားထိုးမှာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဇွန်လက ရုံတင်ပြ သတဲ့ A-Team အမည်ရ ရုပ်ရှင်ဟာ ကမ္ဘာကျော်ရုပ်ရှင်ဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့ပါတယ်။ The A-Team ရုပ်သံစီးရီးကို ပြန်လည် အသက်သွင်းခြင်း ဖြစ်ပါတယ်။

Tiny Iron အနေနဲ့ ယခုလို နာမည်ကြီးရုပ်ရှင်မှာ အက်ရှင်မင်းသား တစ်ဦး အနေနဲ့ ပါဝင်ခွင့် ရတာ ဝမ်းသာပြီး အကောင်းဆုံး သရုပ်ဆောင် သွားမယ် လို့ ပြောဆိုခဲ့ပါတယ်။
---
Ref:celebgaps.

0 comments: