Resident Evil: Retribution ရုပ်ရှင်



တိုက်လေယာဉ်များ အစုလိုက်အပြံလိုက် တိုက်ခိုက်မှုကို ခံရပါတယ်။ Alice ရဲ့ အပတ်အခတ် ကောင်းမှုကြောင့် တိုက်လောယာဉ်များ ပျက်ကျပေမယ့် သင်္ဘောပေါ်မှာ ရပ်နေတဲ့ သူ့ကို ရေထဲကျသွားစေပါတယ်။

မနှိုးတစ်ဝက်၊ နှိုးတစ်ဝက်နဲ့ အိပ်မက်ကမ္ဘာထဲကို ရောက်သွားပါတယ်။ အကြင်ခင်ပွန်း Todd, နားမကြားတဲ့ သမီးလေး Carlos နဲ့ အေးချမ်းတဲ့ အိမ်ကလေးမှာ အတူရှိနေပါတယ်။ မမျော်လင့်ပဲ သွေးစုပ်ဖုတ်ကောင် တိုက်ခိုက်မှုကြောင့် ခင်ပွန်းဖြစ်သူ သေဆုံးသွားပါတယ်။ အိမ်အပြင်ကို သမီးလေးနဲ့ ပြေးထွက်လိုက်ချိန်မှာ ကမ္ဘာကြီးက အရင်လိုမဟုတ်တော့ ပါဘူး။ သူနေတဲ့ မြို့ ငယ်လေး ဟာ သွေးစုပ်ဖုတ်ကောင်များကြောင့် ပျက်ဆီးဖို့ အချိန်နီးကပ်သွားပါပြီ။ Rain တို့ဦးဆောင်တဲ့ လုံခြုံရေးတပ်ဖွဲ့က Alice တို့သားအမကို ကားနဲ့ခေါ်ဆောင်သွားပါတယ်။ ကားကြီးတစ်စီး ဝင်တိုက်မိကြောင့် Alice တို့ အဖွဲ့လည်း ခြေဗလာနဲ့ပြေးရပါပြီ။ ဖုတ်ကောင်ရဲ့ တိုက်ခိုက်မှုကို Alice ခံလိုက်ရပါတယ်။

အိပ်မက်ကနေ Alice ပြန်လည်နိုးထပါပြီ။ အမှန်တကယ် သူရောက်ရှိနေ တာက Umbrella ဌာနချုပ်အဆောက်အအုံ ဖြစ်ပါတယ်။ သူဟာ ဖန်ပုလင်းထဲ မှာ ထိန်းချုပ်ဖမ်းဆီးခံထားရပါတယ်။ သို့ပေမယ့် ဆဲလ်ဖန်ပုလင်းကနေ  Alice ပြန်လည်ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒီတော့  ဖုတ်ကောင်ပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်ဖို့ အကြောင်းဖန်လာပါတယ်။ အားလုံးတိုက်ခိုက်အပြီးမှာ အတူလက်တွဲခဲ့ဖူးတဲ့ Ada Wong တရုတ်အမျိုးသမီးနဲ့ ရင်ဆိုင်တွေ့ရပြန်ပါတယ်။ သူဟာ Umbrella ခေါင်းဆောင် Albert Wesker ရဲ့ ထိန်းချုပ်မှုအောက် ကို ရောက်သွားတဲ့ သူတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီမှာတော့ Alber Wesker ကိုမတိုက်ခိုက်ရပါဘူး။ ကမ္ဘာကြီးပျက်ဆီးနေမှုကို ရှင်းပြပါတယ်။ ရုရှား-မော်စကို၊ အမေရိကန် နယူးယောက် တို့အပြင် ကမ္ဘာ့မြို့ ကြီးအတော်များများမှာ ပျက်ဆီးနေပြီဆိုတဲ့အကြောင်းကို ရှင်းပြါတယ်။ Umbrella ဆိုတာ ဆက်မလုပ်ကိုင်တော့ဘူးဆိုတာကို ရှင်းပြပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ လူသားများကို ကယ်ဆယ်ဖို့ ဆိုတာ Alice ရဲ့ တာဝန်လို့ ပြောပါတယ်။ ဒီတော့ Alice နဲ့ Ada ကို ယခု Umbrella စခန်းမှ လွတ်မြောက်နိုင်တဲ့လမ်းကို ပြောပြပါတယ်။ အမှန်တော့ ယင်းစခန်းဟာ ရေအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ Wesker ကိုတိုက်ခိုက်ဖို့အတွက် ဒီစခန်းက လွတ်မြောက်ဖို့အရေးကြီးတာမို့ Ada နဲ့ Alice တို့ ပြန်လည်ပေါင်းစည်းပြီး ပြေးထွက်လာပါတယ်။ Leon တို့ တပ်ဖွဲ့ရဲ့  လာရောက် ကယ်ဆယ်မှုနဲ့ ကြုံကြိုက်ပြီး Umbrella ရေအောက်စခန်းကို ၂နာရီ ချိန်ကိုက်ဗုံးနဲ့ ဖောက်ခွဲပါတယ်။

တွေ့ဆုံရန် လွဲချော်ပြီး Leon တို့ကို ရုရှား မော်စကိုကို သွားရောက်ပေမယ့် Alice တို့ဟာ အမေရိကန် နယူးယောက်မြို့ ကို ရောက်ရှိသွားပါတယ်။ ပျက်ဆီးနေတဲ့ နယူးယောက်ရောက်မှ Alice မက်ခဲ့တဲ့ အိပ်မက်ဟာ တကယ်ဖြစ်နေတာပါလား လို့ သိလာပါတယ်။ သမီးလေး Becky ကို Arena မှာ တွေ့ဆုံပြီး ထွက်ပြေးရန်ကြိုးစားပေမယ့် Jill ဦးဆောင်တဲ့  ဥာဏ်ရည်မြင့် ဖုတ်ကောင် တပ်ဖွဲ့နဲ့ ရင်ဆိုင်ရပါတယ်။ Jill ဟာအမှန်တော့ လူကောင်းအမျိုး သမီး ဖြစ်ပေမယ့် Wesker ရဲ့ လှည့်စားမှု ကြောင့် ကွန်ပျူတာ ပရိုဂရမ် အမျိုးသမီး Red Queen ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပါ တယ်။ သူဟာ Alice ကိုသတ်ရမယ်ဆိုတာပဲ သိပါတော့တယ်။ တိုက်ခိုက်မှုကြားက လွတ်အောင် ကြိုးစားပေ မယ့် Ada ဟာ အဖမ်းဆီးခံခဲ့ရပါတယ်။ Alice တို့သားအမိကတော့ လွတ်မြောက် သွားပါတယ်။

Alice ဟာ အိပ်မက်ထဲမှာ မြင်တွေ့ခဲ့တဲ့ Rain ကိုပြန်လည်တွေ့ရှိပါတယ်။ Becky ကိုပါခေါ်ဆောင်ပြီး မော်စကိုမြို့ သို့  ဦးတည်လိုက်ပါ တယ်။  မော်စကိုရောက်တော့ Leon တို့အဖွဲ့နဲ့ ပြန်လည် ဆုံတွေ့ပါတယ်။ ဥာဏ်ရည်မြင့် သွေးစုပ်ဖုတ်ကောင်များစွာနဲ့ ကြုံတွေ့ရပြီး ရေငုပ် သင်္ဘောရှိရာကို ဦးတည်သွားပါတယ်။ ဓာတ်လှေကားမှ တစ်ဆင့် ရေငုပ် သင်္ဘောကို ရောက်ရှိပေမယ့် Licker နဲ့ ရင်ဆိုင်တိုက်ခိုက် ရပြန်ပါတယ်။ Alice ရဲ့ သမီး Becky ကိုဖမ်းဆီးခဲ့ပြီး Rain ကို သတ်ဖြတ်ခဲ့ပါတယ်။ Licker အပြင် Jill တို့အဖွဲ့ပါ ရောက်ရှိလာပြီး တိုက်ပွဲက ပိုမိုပြင်းထန်သွားပါတယ်။ Barry သေဆုံးမှု ယင်းတိုက်ပွဲရဲ့ ရလဒ်ဖြစ်ပါတယ်။ Becky ကို Alice ပြန် လည် ကယ်ဆယ်နိုင်ခဲ့ပြီး ပုံတူထုတ် စက်ရုံထဲသို့ ရောက်ရှိ သွားပါတယ်။ သူမနဲ့ တူတဲ့ အမျိုးသမီးပေါင်းမမြောက်များစွာကို တွေ့ခဲ့ရပြီး Becky ဟာ Alice ကိုသူ့အမေဟုတ်မဟုတ်မေးမြန်းပါတော့ တယ်။ သူမမငြင်းခဲ့ပါဘူး။ အမေမဟုတ်ဘူးလို့ ပြောခဲ့ပြီး စက်ရုံတစ်ခုလုံးကို ဖျက်ဆီးလိုက်ပါတယ်။ Licker ဗီလိန်ကိုပါတိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။  Leon ,Luther  တို့နဲ့ ပြန်လည် တွေ့ဆုံပြီး ရေငုပ်သင်္ဘောက ပေါက်ကွဲဖို့ နီးကပ်နေပါပြီ။ ထွက်ပြေးလို့လွတ်မြောက်တယ်လို့ ထင်ခဲ့ပေမယ့် Carlos ကတော့ သေဆုံးခဲ့ပါတယ်။

ရေပေါ်ကနေ မြေပြင်ကိုပြန်လည် ရောက်ရှိပြီး နောက်ထပ် ရေငုပ်သင်္ဘောတစ်ဆင်း ရောက်ရှိလာပါတယ်။ Jill, ဖန်တီးထားသော ဗီလိန် Rain, ဖမ်းဆီးထားသော Ada တို့ပါဝင်ပါတယ်။ Jill ဦးဆောင်တဲ့အဖွဲ့ကို တိုက်ခိုက်ရင်း ရေခဲပြင်မှ ထွက်ပေါ်လာတဲ့ ဖုတ်ကောင်များကိုလည်း တိုက်ခိုက်ရပြန်ပါတယ်။ နောက်တော့ Jill ရဲ့ ပျောက်ဆုံးနေတဲ့ အသိစိတ်ကို Alice ပြန်လည် ရယူပေးနိုင်ခဲ့ပြီး Red Queen ထိန်းချုပ်မှု အောက်က Jill ပြန် လည် လွတ်မြောက်သွားပါတယ်။ သူတို့အားလုံး လူစုံပါပြီ။ သူတို့အားလုံးကို ကမောက်ကမဖြစ်စေတဲ့အပြင် သက်ရှိလူသားမျိုးနွယ်ပျောက်ဆုံးအောင် လုပ်နေတဲ့ Wesker စီကို ပြန်လည် ဦးတည်နေပါပြီ။

အိမ်ဖြူတော်မှာ စခန်းချပြီး နေထိုင်နေတဲ့ Wesker ဆီကို ရောက်ရှိပါပြီ Wesker ဟာ  Alice ကို T-Virus ပိုး ထိုးလိုက်ပါတယ်။ သူ့ရဲ့ မူလ စူပါလူသားစွမ်းရည်ကို ပြန်လည်ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ လူသားတစ်ယောက်ဖြစ်စေ အတတ်နိုင်ဆုံး ကယ်ဆယ်ဖို့ဟာ သူမရဲ့ တာဝန်ပါလို့ ပြောပါတယ်။ အိမ်ဖြူတော်ရဲ့  အမြင့်ဆုံးနေရာကို တက်နေအပြီး မြေပြင်တစ်လျှောက်က ဖြစ်ရပ်ကို zoom ဆွဲပြီးပြပါတယ်။ ပျက်ဆီးနေတဲ့ Umbrella ရဟတ်ယာဉ်များ၊ မီးတောင်ချော်ရည်များ၊ ဗိုင်းရက်စ်မိနေတဲ့ သွေးစုပ်ဖုတ်ကောင်များကို တိုက်ခိုက်လျက်ရှိသော အပြိုပြိုအလဲလဲ Umbrella တပ်ဖွဲ့ဝင်များ၊ ပျံသန်းနေသော အကောင်ကြီးများ ကို ပြသပြီး ရုပ်ရှင်ကို အဆုံးသတ်လိုက်ပါတယ်။

ဆိုလိုရင်းကတော့ သွေးစုပ်ဖုပ်ကောင်နဲ့ လူသားတို့ကြား တိုက်ပွဲမပြီးဆုံးသေးဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ နံပါတ် ၄မြောက် Resident Evil: After Life မှာ သေဆုံးခဲ့တဲ့ Wesker ဟာ ဒီမှာ ပြန်လည် အသက်ရှင်နှိုးထ ပါတယ်။ ဒါကြောင့် Umbrella စီမံကိန်းလည်း မပြီးဆုံးသေးပဲ ဖရိုဖရဲဖြစ်နေတာကို မီးမောင်းထိုးပြပါတယ်။ Wesker ဟာ အဓိက ဗီလိန်ဖြစ်ပေမယ့် ဒီရုပ်ရှင်မှာလည်း အပြီးသတ် သေမသေ ရေရေရာရာ မဖော်ပြသွားပါဘူး။ ဒါကြောင့် နောက်ထွက်မယ့် Resident Evil မှာလည်း စွမ်းအားရှင် ဗီလိန်ကြီး Wesker ကို ပြန်လည့် ထည့်သွင်းအုံးမှာ ဖြစ်ပါတယ်။

Resident Evil ဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းခြင်း ဖြစ်ပါတယ်။ Alice နေရာမှာ နံပါတ် ၄မြောက် ရုပ်ရှင်ထဲကမင်းသမီး MIlla Jovovich ကိုပဲ ပြန်လည်ထည့်သွင်း ထားပါတယ်။ အဆက်သဘောမျိုး ဖြစ်တဲ့အတွက် Character များပြောင်းလဲမသွားပါဘူး။ တရုတ်မင်းသမီး လီပင်းပင်းလည်း Ada နေရာမှာပဲ ဖြစ်ပါတယ်။ လူသားတို့ တစ်ကိုယ်ကောင်းဆန်ပြီး ဖန်တီးတဲ့ ဗိုင်းရက်စ်စစ်လက်နက်များကြောင့် ကမ္ဘာကြီး ပျက်ဆီးရတယ်ဆိုတာကို မီးမောင်းထိုးပြတဲ့ ရုပ်ရှင်တွေထဲမှာ Resident Evil ရုပ်ရှင်စီးရီးက အအောင်မြင်ဆုံး ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် အောက်တိုဘာမှ စတင်ရိုက်ကူးပြီး ၂၀၁၂ခုနှစ် စက်တင်ဘာ ၁၄ မှာ ရုံတင်ပြသခဲ့ပါ တယ်။

Afterlife တုန်းကလောက် Box office ဝင်ငွေ သိပ်မများခဲ့ပါဘူး။ အမေရိကန်ဒေါ်လာ ၆၅ သန်းထားပြီး လက်ရှိတော့ Box office မှာ ၇၂ သန်းကျော်ပဲ ရရှိပါသေးတယ်။ အသက် ၃၆ နှစ်ရှိပြီ ဖြစ်တဲ့ မင်းသမီး Milla Jovivich ကိုတော့ အပြစ်တင်လို့မရပါဘူး။ ဆယ်ကျော်သက် မင်းသမီးတွေလို အက်ရှင်ခန်းတွေမှာ ဖျက်ဖျက်လက်လက် သရုပ်ဆောင်ထားတဲ့ သူမရဲ့  အရည်အသွေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
---
Ref:Resident:Evil
trailer- http://www.youtube.com/watch?v=ZRmWLqrJkz4

0 comments: