ခဲဖျက်နှင့်တူသော .....



ခဲတံ ။               ။ ငါတောင်းပန်ပါတယ်။

ခဲဖျက် ။             ။  ဘာကိုတောင်းပန်တာလဲ။

ခဲတံ ။                 ။ ငါ့အမှားလုပ်တိုင်း မင်း အသားတွေ ပဲ့ပဲ့ပါသွားတယ်။ ကြာရင် တစ်ကိုယ်လုံးဆုံးရှုံးရတယ်။  ဒီအတွက် ငါ စိတ်မကောင်းဘူး။ တကယ်တောင်းပန်ပါတယ်။

ခဲဖျက်။                 ။ ငါ့အလုပ်က မင်းအမှားလုပ်တိုင်း လိုက်ဖျက်ရတာလေ။ ဒါငါရဲ့ တာဝန်ပဲ။ မင်းမှားတိုင်း ငါဖျက်ပေးတယ်။ ဘာမှ ဝမ်းနည်းစရာ မရှိဘူး။ မင်းအခုလို ဝမ်းနည်းနေတာမှ စိတ်ပျက်ဖို့ကောင်းတာ။ ဘာမှ မစိုးရိမ်ပါနဲ ခဲတံရယ်။

( မိဘ ဟူသည်ခဲဖျက်နှင် တူသည်။ မိမိအမှားတစ်ခုလုပ်တိုင်း လိုက်လံဖြေရှင်းပေးရန် အဆင်သင့်ရှိစမြဲ ဖြစ်သည်။ ယင်းသို့ ဖြေရှင်းပေးရင်း အားအင်များ ကုန်ခမ်းလာကာ အရွယ်လွန်၍ အိုမင်း ကွယ်လွန်ကြရသည်။)

Take care of your Parents, treat them with kindness and most especially love them!

0 comments: