အလှူအဒါန်း ရက်ရောသော ဟယ်ရီပေါ်တာ စာရေးဆရာမ



အသက် ၄၇ နှစ်ရှိပြီ ဖြစ်တဲ့ ဗြိတိန်ဖွား ဟယ်ရီပေါ်တာ ဝတ္တု စာရေး ဆရာမ J. K. Rowling ဟာ ဘီလျံနာမှန်း တော်တော်များများ သိကြပါတယ်။

၂၀၀၇ ကစလို့ အောင်မြင်မှု အရှိန်မြင့်ခဲ့ပြီး တစ်နှစ်တာ သြဇာအလွမ်းမိုးဆုံး အမျိုးသမီး၊ ဗြိတိန်၏ အချမ်းသာဆုံး ၁၂ ယောက်မြောက် ပုဂ္ဂိုလ်၊ Person of the Year အစရှိတဲ့ ဆုများကို တစ်နှစ်ထက်တစ်နှစ် ရရှိလာပြီး ၂၀၁၁ ခုနှစ် မတ်လမှာ သူမဟာ ကမ္ဘာ့ ထိပ်တန်း ဘီလျံနာ တစ်ဦး ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက တရားဝင် ကြေညာခဲ့ပါတယ်။

သို့ပေမယ့် နောက် စာရင်းပြုစုမယ့် ဘီလျံနာစာရင်းထဲမှာ Rowling မပါဝင်နိုင်တော့ ပါဘူး။ သူမရဲ့ ပိုင်ဆိုင်မှု တော်တော်များများကို အလှူအဒါန်း ပြုလုပ် လိုက်လို့ ဖြစ်ပါတယ်။ ဘီလျံနာ စာရင်းထဲမှာ မပါဝင်တော့ ပေမယ့် အလှူအဒါန်း ရက်ရောတဲ့ ဟယ်ရီပေါ်တာ ဝတ္တုရေးသူ J. K. Rowling ကတော့ လူအများ လေးစား အတုယူစရာ ပုဂ္ဂိုလ် အဖြစ် တည်ရှိနေအုံးမှာ ဖြစ်ပါတယ်။
----
Ref:wiki, Forbes

0 comments: