WikiLeaks တည်ထောင်သူကို အီကွေဒေါသံရုံးက ကာကွယ်ပေးထား

 သြဂုတ် ၁၉။   ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ရှိ အီကွေဒေါ သံရုံးတွင် ဒုက္ခသည်အဖြစ် ခိုလုံနေသော Wiki Leaks တည်ထောင်သူ Assange  အား ယခုကဲ့သို့ တွေ့မြင်ရသည်။

အမေရိကန်မှ တရားရုံးတင်စစ်ဆေးရန် တောင်းဆိုနေသည့် Assange  ကို အီကွေဒေါနိုင်ငံခြားရေးဝန်ကြီးမှ အပြည့်အဝ ထောက်ခံပေးထားပြီး ဆွီဒိန်နှင့် အမေရိကန်တို့၏ တောင်းဆိုချက်များကို ပယ်ချခဲ့သည်။

ကမ္ဘာ့လျှို့ ဝှက်စာရွက်စာတမ်း၊ သတင်းများ ကို ပေါက်ကြားစေပြီး၊ အီရတ်စစ်ပွဲ၊ အာဖဂန် စစ်ပွဲတွင်း အမေရိကန်တို့၏ လုပ်ဆောင်ချက် သက်သေ အထောက်အထားများကို ပြည်သူများထံ တင်ပြရင်း အောင်မြင်လာသော WikiLeaks အွန်လိုင်းမီဒီယာ သည် နိုင်ငံ့ခေါင်းဆောင်များ မလိုလားသည့် မီဒီယာအစုအဖွဲ့ အဖြစ် တည်ရှိလာခဲ့သည်။

မြန်မာနိုင်ငံ နှင့် အမေရိကန်ကြား ဆက်စပ်နေသည့် လျှို့ ဝှက် စာရွက်စာတန်းများ ၁၈၆၀ ကျော်ရှိနေပြီး ယင်းအချက်အလက်များကို ဖောက်ချရန်လည်း မျော်လင့်လျက်ရှိကြ သည်။

ထိုကဲ့သို့ ထူးခြား ပြောင်မြောက်သော သတင်းပေါက်ကြားစေ မှုများကြောင့် အမေရိကန်မှ Assange ကို တရားစွဲဆိုပြီး နိုင်ငံသို့ ခေါ်ဆောင် ရုံးတင်စစ်ဆေး ရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ကြောင့် အဖမ်းခံရတော့မည် Assange သည် လန်ဒန်မြို့ ရှိ အီကွေဒေါသံရုံးတွင် ခိုလုံကာ ပြည်သူများ၏ ထောက်ခံ အားပေးမှုကို ယခုကဲ့သို့ ခံယူလျက်ရှိသည်။
---
Ref:news.cn. www.wikipedia.org


0 comments: