ကမ္ဘာ့ပထမဆုံး စိန်ကိုယ်ထည် လက်စွပ်


ကမ္ဘာ့ပထမဆုံး ကိုယ်ထည်တစ်ခုလုံး စိန်နဲ့ပြုလုပ်ထားတဲ့ လက်စွပ် (All-Diamond Ring) ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေဆိုက် Shawish ကျောက်မြတ်ရတနာ company မှ တီထွင် ဖန်တီးခဲ့ပါတယ်။

စိန် ၁၅၀ ကာရတ် (150 carats) ရှိတဲ့ စိန်ကောင်းစိန်သန့်နဲ့ ပြုလုပ်ထားသော ယင်း စိန်လပ်စွပ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိတယ်လို့ သိရပါတယ်။ တစ်ကိုယ်လုံး စိန်လက်စွပ်ဖြစ်အောင် ခက်ခက်ခဲခဲ
ဖန်တီးခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အမှားအယွင်း မရှိစေဖို့အတွက် Special လေဆာ စက်ပစ္စည်းတို့အသုံးပြုခဲ့ပါတယ်။

၂၀၁၂ခုနှစ် မတ်လ က ပွဲထုတ်ပြသပြီးနောက် ကမ္ဘာ့ပထမဆုံး စိန်တစ်ကိုယ်လုံး လက်စွပ် ( All Diamond Ring) လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

All Diamond Ring ဗီဒီယိုကို အောက်ပါလခ့်တွင် ဝင်ရောက်ကြည့်ရှနိုင်ပါသည်။

http://www.youtube.com/watch?v=fhzXuqLeH3w&feature=player_embedded

0 comments: