မြန်မာပြည်ရောက် Range Rover Evoque

 ဒီလိုကားတွေ မြန်မာပြည်မှာ သိန်း ၁၅၀၀ နဲ့အထက်မှာ ရှိမှာ ဖြစ်ပါတယ်။ အချို့ ကား Show room တွေမှာ တင်ရောင်းထားတာတွေ တွေ့ရပါတယ်။

အမှန်တော့ Range Rover ဆိုတာ အင်္ဂလန်အခြေဆိုက် အိန္ဒိယ တာတာ ကုမ္မဏီလက်အောက်က ကားကုမ္မဏီ တစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှ စတင်ပြီး လတ်လတ် ဆက်ဆက် ထုတ်လုပ်ထားတဲ့ Evoque များအား အဆင့်မြင့် SUV များ ဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာပြည်မှာ ဂျပန်ကလာတဲ့ မစ်ဆူဘီရှီ ပါဂျဲရိုး၊ တိုယိုတာ လင်ခရုဆာတို့နဲ့ ယှဉ်ရက်စရာ တောင်မရှိပါဘူး။

ပုံစံကိုကြည့်လိုက်တာနဲ့ သိသိသာသာကြီးကို လှပထူးခြားနေပါတယ်။ ဘောနက်နဲ့ အမိုးတွေကို စတီးတွေ မဟုတ်တော့ပဲ အလူမီနီကိုယ်ထည်နဲ့ တည်ဆောက် တာနဲ့တင် တော်တော်လေး အဆင့်မြင့်နေပါပြီ။ roofpanel ပတ်လည်ဆိုရင် ကာဘွန်ဖိုက်ပါပယ်နယ်လ်ကို အသုံးပြုပါ တယ်။

တံခါး သုံးပေါက်၊ တံခါး ၅ ပေါက်ဆိုပြီး နှစ်မျိုးထုတ်လုပ် ပါတယ်။ ရေပန်းစားတာကတော့ တံခါး ငါးပေါက် SUV ကြီးဖြစ်ပါတယ်။ အင်ဂျင်ကို ဓာတ်ဆီနဲ့ တစ်မျိုး၊ ဒီဇယ်နဲ့ တစ်မျိုး ထုတ်လုပ်ပါတယ်။ ဒီမှာ ထူးခြားချက် က နောက်ထပ် လျှပ်စစ်မော်တော် တပ်ဆင်ခြင်း ဖြစ်ပါ တယ်။ Hybrid လို့ဆိုရအောင်လည်း အင်ဂျင်ကို ထောက် ပံ့ပေးတာမျိုးမဟုတ်ပါဘူး။ လျှပ်စစ်မော်တာ က နောက်ဘီး ကို သီးသန့်မောင်းနှင်ပေးပြီး တစ်နာရီ မိုင် ၂၀ တောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကို ERAD စနစ်လို့ခေါ်ပါတယ်။

ဆီစားသက်သာဖို့ကတော့ ကြိမ်းသေနေပါပြီ။ လျှပ်စစ်မော် တာ ထောက်ကူပြုမှုအတွက် ဖြစ်ပါတယ်။ ဓာတ်ဆီအင်ဂျင် မှာဆိုရင်၂၀၀၀ စီစီ မြင်းကောင်ရေ ၂၄၀ hpထုတ်လုပ်နိုင် တဲ့ ဆလင်ဒါ ၄လုံး အင်ဂျင်၊ ဒီဇယ်ဆိုရင် ၂၂၀၀ စီစီ မြင်းကောင်ရေ ၁၅၀ hp ထုတ်လုပ်နိုင်တဲ့ ဆလင်ဒါလေး လုံး အင်ဂျင် တို့ ဖြစ်ပါတယ်။ ၁၉၀ hp ထုတ်လုပ်နိုင်တဲ့ ဒီဇယ်အင်ဂျင်လည်း ထုတ်လုပ်ပါသေးတယ်။

ဂီယာကိုလည်း ခြောက်ချက် လက်ထိုး၊ ခြောက် ချက် အော်တိုဆိုပြီး နှစ်မျိုးကွဲပြား ထုတ်လုပ်ပါတယ်။ ဘရိတ်စနစ်ကို ကောင်းကောင်းထိန်းပေးမယ့် Regeneative brake, စက်နှိုးစက်ရပ်မှာ အင်ဂျင် လုပ်ဆောင် ချက်မြင့်တင်ပေးမယ့် stop-start system စတာတွေလည်း ပါဝင်နေပါတယ်။

အပြင်ပိုင်းအနေနဲ့ အကောင်းစားများကိုအသုံးပြုတဲ့အပြင် အတွင်းပိုင်း အပြင်အဆင်ကလည်း သားနားပါတယ်။ ဒတ်ခ်ျဘုတ်မှာ ၈လက်မရှိတဲ့ LCD touch screen ပါဝင်နေပါသေးတယ်။ Navigation system, In car entertainment system တို့အပြင် ကား နောက်ကင်မရာ ကိုလည်း ထိန်းချုပ်ကြည့်ရှုေးမယ့် စနစ်တွေလည်း ပါဝင်ပါတယ်။ LED မီးလုံးသုံးမသုံးက မေးစရာတောင် မလိုတော့ပါဘူး။

၃ပေါက် SUV ဆိုရင် အရှည် ၁၇၁.၅လက်မ၊ အမြင့် ၆၃.၂လက်မ၊ အကျယ် ၇၇.၄လက်မ စီရှိပါတယ်။ ဝိတ်ကလည်း ပေါင် ၃၅၀၀ ကျော်မှာ ရှိပါတယ်။ တံခါး ငါးပေါက် ကားကြီးဆိုရင်လည်း အရှည် ၁၇၁.၉လက်မ၊ အကျယ် ၇၇.၄လက်မ၊ အမြင့် ၆၅.၆ လက်မနဲ့ သိပ်တော့ လည်းမခြားနားပါဘူး။ ဝိတ်ကျတော့ ပေါင် ၅၀ နဲ့ ၁၀၀ လောက်ပိုသွားပါတယ်။  ၃ပေါက်ထုတ်တဲ့ ရည်ရွယ်ချက်က တစ်ယောက်တည်း၊ သို့မဟုတ် နှစ်ယေက်စီး တို့အတွက် ဖြစ်ပြီး ငါးပေါက် ကတော့ မိသားစုတွေအတွက် ဖြစ်ပါတယ်။

Range Rover Evoque တွေ ဂျပန်လေလံဈေးထဲမှာ ရှိမရှိကတော့ သေချာစောင့်ကြည့်ရင် တွေ့နိုင်ပါတယ်။

http://www.colayonline.com.mm/automobile/portal.html#auction











0 comments: