Facebook နဲ့ သတိပြုရန် Log In ပြဿနာ


ပုံမှာ စာဖတ်သူတို့ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ အကောင့် Log ကျသွားပါတယ်။

ဖြစ်ပုံအစက ဒီလိုပါ။ ကားဝဘ်ဆိုဒ်တစ်ခုရဲ့  Facebook Fun Page မှာ ကျွန်တော်ရေးထားတဲ့ သတင်းကို Credit မပေးပဲ ယူသုံးပါတယ်။ အခြား မော်တော်ယာဉ် Funpage တစ်ခုမှာလည်း ကျွန်တော်တစ်ယောက်တည်း ရေးနေတာပါ။ အဲဒီက သတင်းတစ်ပုဒ်ကို နောက်ထပ် အခြား မော်တော်ယာဉ် Fan Page တစ်ခုက ယူသုံးလိုက်လို့ စိတ်မကောင်းဖြစ်တာကြောင့်ပါ။  ဒါကြောင့် ထုံးစံအတိုင်းပဲ Credit လေးပေးပါလို့ Message လေးတစ်စောင့် ပို့ရန်ကြိုးစားပါတယ်။

ပို့လို့မရပါ။ သင်၏ Message တွင် မလိုလားအပ်သော Spam များပါဝင်နေပါ သဖြင့် Message ကိုပို့မပေးနိုင်ပါ။ Facebook Help Center ကိုဝင်ရောက် ကြည့်ရှုပါ ဘာညာ ကွိက Box လေးပေါ်လာပါတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်စာကိုယ်ပို့တာတောင် Spam ဖြစ်ရသေးလားဆိုပြီး Send ဆိုတဲ့ ခလုပ်ကို ၁၀ ခါပြန် မက နှိပ်မိပါတယ်။ အဲဒီမှာ ပြဿနာက စတော့တာပဲ။

Log in လုပ်ပါတဲ့။ ဒါနဲ့ Log in လုပ်လိုက်တော့ ပုံမှာ ပြထားတဲ့ Check point Page လေးကျလာပြန်ပါတယ်။ ဖုန်းနံပါတ် မဖြစ်ဖြစ်အောင် ထည့်မှ အကောင့်က ပြန်ဖွင့်ပေးမယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။

ဒါနဲ့ မြန်မာပြည်သားမို့ မြန်မာပြည် Mobile Phone နံပါတ်လေး ရိုက်ထည့်လိုက်ပါတယ်။ ဟန်းဖုန်းဆိုရင် +95 နဲ့တင်မလုံလောက်ပဲ 1 ထပ်ဖြည့် ရတယ်လို့ ကြားဖူးလို့ 1 ကလေးပါဖြည့်ပြီး နောက်မှ 431 ဘာညာဘာညာ ရိုက်ထည့်လိုက်ပါတယ်။

နောက်ထပ် ကျလာတဲ့ Box လေးက- ခဏစောင့်ပါ။ သင့်ဖုန်းကို Message ပို့နေပါပြီတဲ့။ ဒီတော့ ၅ မိနစ်လောက်စောင့်လိုက်တာ Message ရောက်မလာပါဘူး။ ဒါကြောင့် နောက်တစ်ခါ ထပ်ရိုက်ထပ်ပို့ပါတယ်။ မရ။ နောက်တစ်ခါမရ၊ နောက်တစ်ခါမရ၊ နောက်ဆုံးတော့ သင် Message ပို့တဲ့ အကြိမ်အရေအတွက် အရမ်းများသွားပါပြီ။ နောက်မှ ပို့ဖို့အတွက် အကောင့်ကို ပြန်လာပါတဲ့။

အဲဒီမှာ ကွိုင်ပါရော။ တကယ်ပါ။ နည်းပညာဂျာနယ်တစ်ခုရဲ့  FanPage တစ်ခုမှာလည်း Admin Role  (Content Creater)  ကနေ Post လေးတွေတင်ပေးနေပါတယ်။ မော်တော်ကား Fan Page တစ်ခုမှာလည်း Admin ကနေ တစ်ပင် တိုင် ရေးသားနေပါတယ်။ International news for myanmar ကိုလည်း အမြဲမပြတ်စောင့်ကြည့်နေရပါတယ်။
 ဘာသာရေး Group မှာလည်း Admin Role နဲ့ ရေးသားနေပါတယ်။ အခြား သတင်း Group တစ်ခု၊ ကဗျာ Group တစ်ခုမှာလည်း Admin role အနေနဲ့ ရှိနေပါတယ်။

အဲဒီမှာ အကုန်ပြတ်တော့တာပဲ။ International news for myanmar Fan Page အကြောင်းအမျိုးမျိုးကြောင့် အဟက်ခံရမှာစိုးလို့ နောက် အရန်အကောင့် တစ်ခုကိုလည်း Admin ပေးထားပါတယ်။

ဒါကြောင့် International news for myanmar သာ ပြန်ရပြီး ကျန်တာ အားလုံး ဆုံးရှုံးရမယ့် အခြေအနေထိ ရောက်သွားရပါတော့တယ်။ နောက်ဆုံး ကျန်ရာမရတော့ Forget Password ဆိုတာလေးကို နှိပ်လိုက်ပါတယ်။

Forget Password ထုံးစံအဆင့်အတိုင်းသွားပေမယ့် နောက်ဆုံးတော့ ပုံမှာ ပြထားတဲ့ ဘူတာကိုပဲ ဆိုက်ပါတယ်။

I need Help ဆိုတာလေး နှိပ်ပြီးကြည့်တော့ submit a request  လုပ်ရင် ပြန်ရပါတယ်လို့ ရေးသားထားရှာပါတယ်။ ဒီတော့ နှိပ်ကြည့်တော့ သူက ဗီဒီယိုလေးပါ အရင်ကြည့်စေချင်ပုံပေါက်ပါတယ်။ http://www.facebook.com/photo.php?v=596188755837.

ယင်းဗီဒီယိုကိုကြည့်ပြီးနောက် သဘောပေါက်သွားပါတယ်။ ဖုန်းနံပါတ် မရှိလည်း ကိစ္စမရှိပါတဲ့။ သင့်ရဲ့  အမည်၊ ဓာတ်ပုံ၊ မှတ်ပုံတင်အမှတ် ပါတဲ့ ဘယ် အိုင်ဒီကဒ်ကို မဆို Scan ဖတ်ပြီး သူတို့ဆီပို့ပါတဲ့။ အမည်၊ Email လိပ်စာလေးပါ ရိုက်ပါတဲ့။ သူတို့က အဲဒီ အိုင်ဒီ ကဒ်က အချက်အလက်ကို သိမ်းဆည်းထားပြီး အကောင့် ပြန်ပေးပါ့မယ်လို့ဆိုပါတယ်။

ဒီတော့ မြန်မာပြည်သား အိုင်ဒီကဒ်ကို ဖတ်ပေးရလောက်အောင် Facebook က အဆင့်မြင့်လေမလား၊ မြန်မာစာ၊ ဘာသာစကားကို Facebook က အသုံးပြုပြီလားလို့ စိတ်ကူးယဉ်မိပါတယ်။ ဒါကြောင့် ရုံးထဲက Scanner နဲ့ မှတ်ပုံတင်လေးကို Scan ဖတ်လိုက်ပါတယ်။ ပြီးတော့ Uploadလုပ်ပြီး စာလေးဖြည့် Send ခလုတ်ကို နှိပ်လိုက်ပါတယ်။ .............
...............................
မရပါ။
------
နောက်ထပ် ကလိမ်နည်းနဲ့ ကြိုးစားကြည့်ပါတယ်။ Google Image Search မှာ USA ID Card လို့ ရိုက်ထည့်ပြီး တွေ့ကရာ ID ဒေါင်းလုပ်ဆွဲပြီး Upload လုပ်ပစ်ပါတယ်။
------
မရပါ။
-----
ဖေ့စ်ဘွတ်မှာ အကြောင်းပြန်ချက် ရှိနေပါတယ်။ Facebook မှာတဲ့.. မလိုလား အပ်တဲ့ Spam တွေ၊ အကောင့်အတုတွေ အရမ်းများနေပါတယ်တဲ့။ သတင်း တစ်ခုမှာ ဖတ်လိုက်ရတာ Facebook မှာ အကောင့်အတု သန်း ၈၀ ကျော်နေပါပြီတဲ့လေ။ ဒီတော့ သူတို့က လူသန့်တွေပဲ လက်ခံပါတယ်တဲ့။ နာမည်အတု၊ နေရာအတု၊ အချက်အလက် အတုမှန်သမျှ အကုန်ဖယ်ပါ တယ်တဲ့။

ပြီးတော့ Facebook က မလုပ်နဲ့လို့တားထားတာတွေ ထပ်ခါထပ်ခါလုပ်ရင် လည်း အကောင့်ကို Lock ပစ်လိုက်ပါတယ်တဲ့။ မဝင်တာကြာရင်လည်း Lock ပါတယ်တဲ့။  တကယ်လူမှန်တဲ့သူ၊ တကယ့် အကောင့်ပိုင်ရှင်မှန်ရင် ဖုန်းနံပါတ်လေး ဖြည့်ပြီး ပြန်ယူရုံပါပဲတဲ့။

ဒီတော့ Facebook က service ပေးတဲ့ Country တွေမှာ တို့မြန်မာ မပါဘူးလား လို့ စဉ်းစားမိပါတယ်။ Country Choice မှာ Myanmar ဆိုတဲ့ စာသားလေး ပါပေမယ့် ဖုန်းနံပါတ်ကျတော့ ဘာလို့ Confirm လုပ်မပေးတာ လဲ။ အရင်ကဆို eBay တို့၊PayPal တို့ ဘာလို့သုံးလို့မရလည်းလို့ ဇောဒက တက်ဖူးပါတယ်။

နောက်တော့ သဘောပေါက်သွားပါတယ်။

 မာ့ဇူကာဘတ်နဲ့ လက်ဆုံစကားပြော ဖြစ်မှ ဒီပြဿနာလေး ရင်ဖွင့်ပြအုံးမှာ ပဲလို့သာ ဘုကျကျ တွေးပစ်ပါတယ်။

ဒါကြောင့် စာဖတ်သူများကို မှာချင်ပါတယ်။

Facebook က Policy အမြဲပြောင်းနေပါတယ်။ Message ပို့ခွင့် ယာယီ ပိတ်တတ်ပါတယ်။ Comment ပေးခွင့်ယာယီ ပိတ်တတ်ပါတယ်။ Friend Request အများကြီး ဇွတ်မပေးပါနဲ့။

Message နောက်မှပို့ပါလို့ Facebook ကပြောနေရင် နောက်မှပို့ပါ။ Comment မပေးပါနဲ့ သင့် Comment မှာ Spam ပါတယ်လို့ ပြောနေရင်လည်း မပေးပါနဲ့။ သူငယ်ချင်း ဟုတ်လို့လား မဟုတ်ရင်မပေးပါနဲ့ ဆိုတဲ့ စာလေးကို Friend Request လုပ်တိုင်း တွေ့နေရ ရင် သတိသာထားပါတော့။ ဇွတ် မ Request ပါနဲ့။ ပထမအဆင့်ကတော့ Request လုပ်ခွင့် ၂ ရက်ပိတ်တယ်လို့ သိရပါတယ်။

(ကိုယ်တွေ့ :P) မောင်အောင်ခမ်း ဝဘ်ဆိုဒ်လုပ်တော့မယ်ဆိုတော့ Celebrity တွေ၊ ဆရာကျတဲ့ သူတွေကို သိလည်း add, မသိလည်း Add ပါတယ်။ နောက် International news for myanmar ဝဘ်ဆိုဒ်လုပ်တဲ့ အခါ မြန်မာ့ ရိုးရား ယဉ်ကျေးမှု ကဏ္ဍဖွင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်တဲ့ မြန်မာပြည်က နာမည်ကြီးကြီး၊ မကြီး တွေ့ကရာ မင်းသမီး၊ မင်းသား၊ မော်ဒယ် အကုန် လိုက် Add ထားမိပါတယ်။ ပထမ warning အပေးခံရတုန်းက မမှတ်ပဲ နောက်ထပ် Addတော့ Add ခွင့် ၂ ရက်ပိတ်ပါတယ်။ ဒါလည်း မမှတ်ပဲ Add ပါတယ်။ :D

ပြီးတော့ ပထမကပြောတဲ့  Message မပို့ဖို့ Facebook က ဆက်တိုက် ပြောပါတယ်။ ပြောလည်း မမှတ်ပဲ ပို့ပါတယ်။ နောက်တော့ အကောင့်ကို ယခုလို Lock ပစ်လိုက်ပါတယ်။

အခုတော့ မောင်အောင်ခမ်း အဆိုးထဲက အကောင်းဆိုရမလားပဲ။ အကောင့် တစ်ခုပျက်ပေမယ့် နောက်အကောင့် တစ်ခုနဲ့ ဒီ Page လေးကိုင်ထားလို့လေ။ ကျန်တဲ့ Page နဲ့ Group ကတော့ အရန် adimin ပေးထားတဲ့ မိတ်ဆွေ၊ အစ်ကိုအစ်မတွေ၊ အခြား Admin တွေကို ပြန်အကူအညီတောင်းရမှာပါပဲ။

မောင်အောင်ခမ်းရဲ့  အကောင့်ဟောင်းလေးကို နောက်နေ့မှာ ပြန်ဖွင့် ပေးလေမလားလို့တော့ စိတ်ကူးယဉ်နေမိပါသေးတယ်။ စိတ်ကူးတိုင်းသာ ပြန်ရရင်တော့ အကုသိုလ်အကျိုးပေး တစ်ရက်စာ ကုန်တယ်လို့ပဲ ဖြေသိမ့် ချင်မိပါတော့တယ်။
--------

0 comments: