အနှစ် ၁၀၀ ပြည့်ပြီဖြစ်သော ရုရှားရေတပ် ကယ်ဆယ်ရေး သင်္ဘော


 ပုံမှာ မြင်တွေ့နေရတဲ့ သင်္ဘောကို ၁၉၁၁ ခုနှစ် နိုဝင်ဘာလက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် နိုဝင်ဘာလ ၂၀၁၂ခုနှစ်ဆိုရင် အနှစ် ၁၀၀ ပြည့်ပြီ ဖြစ်တဲ့ သင်္ဘောဖြစ်ပါတယ်။

ဆိုဗီယက်ခေတ်က ရေတပ်အသုံးပြုဖို့အတွက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောကယ်ဆယ်ရေး လုပ်ငန်းကို အထူးပြုလုပ်ဆောင်ရန် ရည်ရွယ်ပြီး တည် ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ၁၉၂၂ ခုနှစ်အရောက်မှာ Commune လို့အမည်ပေးခဲ့ပါတယ်။

ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် ကာလတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး စစ်ဖြစ်ချိန်တောင် တာဝန်ထမ်းဆောင်ခဲ့သေးတဲ့ သင်္ဘော ဖြစ်ပါတယ်။

ယနေ့တိုင်လည်း ရုရှားရေတပ်မှာ သက်တမ်းအကြာဆုံး စစ်တပ်သင်္ဘောအဖြစ် စံချိန်တင်ပြီး ဆက်လက် တာဝန် ထမ်းဆောင်နေပါသေးတယ်။

သူကယ်ခဲ့တဲ့ သင်္ဘောနဲ့ ရေငုပ်သင်္ဘော အစီးရေ ၁၀၀ ကျော်သွားပါပြီ။ ဒါတင်မကပဲ တင့်ကား၊ စစ်သုံးမော်တော်ယာဉ်များကိုလည်း ကယ်ဆယ်ခဲ့ပါ တယ်။  ရေငုပ်သင်္ဘောကို ရှာဖွေပေးဖို့အတွက် ရေအောက် သွားလို့ရတဲ့ ရေငုပ်သင်္ဘော အငယ်စားလည်း တပ်ဆင်ထား ပါသေးတယ်။

သင်္ဘောအရှည်ဟာ ၈၁ မီတာ ရှိပြီး အမြင့်ကတော့ ၁၃၂ မီတာ ဖြစ်ပါတယ်။ နောက်ပိုင်း မော်ဒန်ခေတ် စက်ကိရိယာကတော့   နော်ဝေက နေမှာယူ တပ်ဆင်ထား တာ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်က ကြီးမားတဲ့ ပြုပြင်မှုတစ်ခု ပြုလုပ်ခဲ့ပြီး 11 million rubles ကုန်ကျခဲ့ပါတယ်။ ယင်း သင်္ဘောကို တည်ဆောက်တုန်းကလည်း အမေရိကန်ဒေါ်လာ သန်းနဲ့ချီကုန်ကျခဲ့ပါတယ်။

ကုန်ကျစရိတ်ကျခံသလောက် အကျိုးရှိပြီး ယနေ့တိုင် အသုံးဝင်နေသေးတဲ့ Commune ကို ရုရှားရေတပ်မှာ ဂုဏ်ယူစွာနဲ့ အသုံးပြုလျက် ရှိနေပါသေးတယ်။

Ref:englishrussia
Photo courtesy of englishrussia. All Rights Reserved.


























0 comments: