ကမ္ဘာတစ်လွှား ၂၂ နေရာတွင် ၂၂ ခါမင်္ဂလာဆောင်ကြသူ

ပုံမှာ မြင်တွေ့နေတရတဲ့ ဇနီးမောင်နှံနှစ်ဦးက ဗြိတိန်နိုင်ငံဖွားများ ဖြစ်ပါတယ်။ Alex Pelling အမည်ရ အသက် ၃၂ နှစ်အရွယ် အမျိုးသားနဲ့ Lisa Gran အမည်ရ အသက် ၃၀ အရွယ် အမျိုးသမီးတို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးအာ ၁၁ နှစ်ကြာ သာမန်ရင်းနှီးခဲ့ကြပြီး ၆ နှစ်ကြာ ချစ်သူ ရည်စားတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် နှစ်ယောက် မင်္ဂလာဆောင်ပြီးရင် ကမ္ဘာအနှံ့လည်ပတ်ဖို့စိတ်ကူးပါတယ်။ လည်ပတ်ဖို့ဆိုတာထက် ဘယ်နေရာမှာ မင်္ဂလာဆောင်မယ်ဆိုတာတောင် အတွေးခက်နေကြပါတယ်။ ဒါကြောင့် ဟန်နီးမွန်းခရီးလည်း ဖြစ်၊ မင်္ဂလာဆောင်လည်း ဖြစ်အောင် နှစ်နှစ်ကြာ ကမ္ဘာလည့်ပြီး မင်္ဂလာဆောင်ဖို့အတွက် ဆုံးဖြတ်လိုက်ကြ ပါတယ်။

စီစဉ်ထားတာ ၂နှစ်ဆိုပေမယ့် ၂၂ ခါ မင်္ဂလာမင်္ဂလာဆောင်ဖို့ စိတ်ကူးရပြန်တော့ ခရီးကို ၃ နှစ်အထိ ဆွဲဆန့်ခဲ့ပါတယ်။ အမေရိကတိုက်ကို အထူးသဖြင့် သွားရောက်ခဲ့ကြပြီး မက္ကဆီကို၊ လော့အိမ်ဂျစ်လစ်၊ ဟာဝိုင်အီကျွန်း၊ ဟွန်းဒါးရက်စ် အစရှိဖြင့် တောင်အမေရိကန်၊မြောက်အမေရိကန် နာမည်ကြီးဒေသအားလုံးကို သွားရောက်ပြီး သူ့နေရာ ယဉ်ကျေးမှုအလိုက် မင်္ဂလာပွဲငယ်လေးများ ကျင်းပခဲ့ကြပါတယ်။

ဒါတောင်ခရီးစဉ်က မပြီးသေးပဲ ဘယ်နေရာမှာ မင်္ဂလာဆောင်အုံးမယ်ဆိုတာ တိုင်ပင်နေကြဆဲ ဖြစ်ပါတယ်။ ၂၂ ခါလို့ သတ်မှတ်ထားတဲ့ သူတို့ရဲ့ မင်္ဂလာပွဲက မပြီးဆုံးသေးတဲ့အတွက် ဆက်လက် ခရီးဆက်နေပါသေးတယ်။ ခရီးစဉ် ပြီးဆုံးသွားပြီဆိုမှ နောက်ထပ် မင်္ဂလာပွဲအကြီးစားတစ်ခု ထပ်မံကျင်းပအုံးမယ်လို့ သိရပါတယ်။

Ref:bbsnews.com
















0 comments: