မြစ်ပေါ်မှမြစ်
ဓာတ်ပုံမှာမြင်တွေ့နေရတဲ့ ရေပေါ်မှ ရေတံတားဟာ ဂျာမနီနိုင်ငံမှာ တည်ရှိပြီး
Water Bridge လို့အမည်ပေးထားပါတယ်။ ယင်းတံတားကို တည်ဆောက်ရန်
ခြောက်နှစ်ကြာပြီး ယူရိုငွေ သန်း ၅၀၀ ကုန်ကျပါတယ်။
တံတားအောက်က မြစ်ကြောင်းလည်း အသွားအလာရှိသလို တံတားပေါ်က မြစ်ကြောင်းမှာလည်း သင်္ဘောများ နေ့စဉ်သွားလာလျက်ရှိပါတယ်။ ယင်းကဲ့သို့ တည်ဆောက်နိုင်ခဲ့တဲ့ ဂျာမနီ အင်ဂျင်နေယာတွေကို ကမ္ဘာတစ်လွှားမှ ပညာရှင်များက လေးစားချီးကျ

ူးခဲ့ပါတယ်။
အရှည်အားဖြင့် ၉၁၈ မီတာအရှည်ရှိတဲ့ ယင်းတံတားဟာ ကမ္ဘာပေါ်မှာ ပထမဦးဆုံး မြစ်ပေါ်မှာ ဖြတ်ဆောက်ထားတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။
Ref:Worldweirdo

0 comments: