ကမ္ဘာတစ်လွှား Celebrity အသုံးအဆောင်- ပေါက်ပေါက်ရှာရှာလေလံအချို့ 
ဘရစ်တနီစပီးယား ရဲ့  ABC သွားဖုံးတု ကို ၂၀၀၄ ခုနှစ်လေလံမှာ အမေရိကန်ဒေါ်လာ ၁၄၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။
၂၀၁၀ခုနှစ်က ဘရတ်ပစ်နဲ့ အင်ဂျလီနာဂျိုလီိတို့ သောက်တဲ့ ဖန်ခွက်မှာ သူတို့နှစ်ဦး အငွေ့အသက် ကျန်ရှိနေတယ်ဆိုလို eBay မှာ တက်ရောင်းတာ ဒေါ်လာ ၅၃၀ နဲ့လေလံအောင်ခဲ့ပါတယ်။
ဂျက်စတင်ဘီဘာရဲ့  ဆံပင်ကို ၂၀၁၁ ခုနှစ်က eBay မှာ အမေရိကန်ဒေါ်လာ ၄၀၆၆၈ နဲ့လေလံတင်ရောင်းချခဲ့ပါတယ်။
ဟောလိဝုဒ်မင်းသမီးချော စကားလက်ဂျိုဟန်ဆန် ( Scarlett Johansson ) ရဲ့  သုံးပြီးသား တစ်ရှုးကို ၂၀၀၈ခုနှစ်က အမေရီကန်ဒေါ်လာ ၅၃၀၀ နဲ့ လေလံတင်ရောင်ချးခဲ့သည်။
အဆိုတော် Justin Timber lake ရဲ့ စားကြွင်းစားကျန် မနက်စာကတော့ eBay အမေရိကန်ဒေါ်လာ ၃၁၅၄ နဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။
One Direction အဖွဲ့မှ လူငယ်အဆိုတော် Niall Horan ရဲ့  စားမကုန်တဲ့ မနက်စာကို အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ (တစ်သိန်း) နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။
အဆိုတော် Elvis Presley ရဲ့  လက်တစ်ဆုပ်စာ ဆံပင်ကို ၂၀၀၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၁၅၀၀၀ နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။
-----
Ref:DM

0 comments: