အိန္ဒိယမှထုတ်သော ကမ္ဘာ့ဈေးအကြီးဆုံး တင့်ကား


ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယတပ်မတော်မှ ကမ္ဘာ့ဈေးအကြီးဆုံး တင့်ကားကို ထုတ်ဖော်ပြသခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က စတင်ထုတ်လုပ်အသုံးပြုတဲ့ Arjun အမည်ရ တင့်ကားဟာ အမေရိကန်ဒေါ်လာ ၃.၁ သန်းသာ ရှိခဲ့ပါတယ်။ သို့ပေမယ့် ယခုအခါ နည်းပညာများစွာ အဆင့်မြင့်ထားပြီး တပ်ဆင်တဲ့ လက်နက်ကြီးငယ် ထူးခြား ကောင်းမွန်မှုကြောင့် အမေရိကန်ဒေါ်လာ ၆.၆သန်း အထိ ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။ ထုတ်လုပ
်ထားတဲ့ အစီးရေဟာ ၁၂၀ ကျော်ပဲ ရှိပါတယ်။

မူလဒီဇိုင်းဖြစ်တဲ့ ၂၀၀၄ ခုနှစ်တုန်းကတော့ လူလေးဦးလိုက်ပါနိုင်ပြီး ကွန်မန်ဒါ၊ ဒရိုင်ဘာ၊ ကျည်ဖြည့်၊ ပစ်ခတ်သူ စသည်ဖြင့် ခွဲခြားတာဝန် ယူရမှာ ဖြစ်ပါတယ်။ ရိုင်ဖယ်၊ လောင်ချာ၊ စက်သေနတ် ကြီးငယ် အစုံအလင် ပါရှိပါတယ်။ ဒီဇယ်အင်ဂျင်သုံး မြင်းကောင်ရေ ၁၄၀၀ hp, လေးဘီးမောင်း ရထား ဂီယာဘောက်စ်လေးချက်၊ နောက်ပြန် နှစ်ချက်ထိုး- တစ်နာရီ ၄၅ မိုင်တောကြမ်း၊ ၂၅ မိုင် မြို့တွင်း မောင်းနှင်နိုင်တဲ့ တင့်ကားကြီး ဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း ထုတ်ဖော်ပြသခဲ့တဲ့ တင့်ကားကတော့ အင်ဂျင်ကအစ လက်နက်ကိရိယာ လုပ်ဆောင်ချက်အားလုံး ပိုမိုအဆင့်မြင့်သွားပါပြီ။ အီလက်ထရောနစ် ထိန်းချုပ်စနစ် ပိုများလာပြီး၊ ပေါက်ကွဲအား ခံနိုင်မှုကလည်း ယခင်ကထက် နှစ်ဆမက မြင့်တက်လာတယ်လို့ သိရပါတယ်။

ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၆.၆သန်း ရှိပြီး အိန္ဒိယတစ်နိုင်ငံတည်းက သာ ပိုင်ဆိုင်အသုံးပြုတဲ့ Arjun အမည်ရတင့်ကားဟာ ကမ္ဘာ့ဈေးအကြီးဆုံး တင့်ကား အမျိုးအစား ဖြစ်လာပါတယ်။
------
Ref:wiki

0 comments: