ပန်းချီကားတစ်ချက် ၁၅၀ တန်သော မြည်းပန်းချီဆရာ



ပုံမှာမြင်တွေ့နေရတဲ့ မြည်းကတော အင်္ဂလန်နိုင်ငံ က  Patty အမည်ရ ၇ နှစ်အရွယ် မြည်းမဖြစ်ပါတယ်။ အင်္ဂလန် လေလံဈေးမှာ ဟင်းစားအလုပ်ခံရခါနီးမြည်းတစ်ကောင်ဖြစ်ပြီး Vicky Greenslade အမည်ရ လူက လေလံဆွဲ ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။

သတ်စားဖို့ စိတ်ကူးမရှိပဲ မွေးမြူထားတဲ့ Patty ဟာ Greenslade ရဲ့ ပန်းချီကားပေါ်ကို ဆုပ်တံနဲ့ ပုံများရေးဆွဲခဲ့ ပါတယ်။ သူ့အလိုလို ထူးခြားတဲ့ အရည်အသွေးရှိတဲ့ Patty ဟာ ပန်းချီဆွဲနိုင်တဲ့ မြည်းတစ်ကောင်ဖြစ်တဲ့အတွက် Greenslade မှကောင်းကောင်းပြုစုပေးခဲ့ပါတယ်။ အမှန်တော့ သူစွဲတဲ့ ပန်းချီကားက ဆေးရောင်များ လျှောက် ခြစ်ထားရုံမှ ဖြစ်ပေမယ့် တိရစ္ဆာန်တွေထဲမှာ သူ့လောက်ရေးဆွဲနိုင်တာတောင် အတော်လေးရှားပါး တဲ့အတွက် ဖြစ်ပါတယ်။

ယခုအခါမှာ Patty ဆွဲတဲ့ ပန်းချီကားတစ်ချက်ကို အမေရိကန်ဒေါ်လာ ၁၅၀ နဲ့ရောင်းချနေရပြီး မနားတန်းရေးဆွဲ နေရပါတယ်။ ယင်းမှ ရတဲ့ ငွေများကို Patty လိုမျိုး ဟင်းအစားအဖြစ် မတရားအသတ်ခံနေရတဲ့ တိရစ္ဆာန်များ အတွက် ထောက်ပံ့မှာ ဖြစ်ပါတယ်။ ပန်းချီမှရရှိတဲ့ ရန်ပုံငွေနဲ့ တိရစ္ဆာန်အခွင့်ရေးရန်ပုံငွေအဖွဲ့ကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
-----
Ref: Daily Mail
Photo courtesy of Daily Mail. All Rights Reserved.



0 comments: