နော်ဝေမှ လူသတ်သမားကို ထောင်ဒဏ် ၂၁နှစ်ချမှတ်


သြဂုတ် ၂၄။        ။ ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က နော်ဝေကျွန်းမှာ အစုလိုက် အပြုံလိုက် လူသတ်မှုကြီး တစ်ခု ဖြစ်ခဲ့ပါတယ်။

မွတ်ဆလင်ဘာသာကိုမုန်းတီးရေး အစွန်းရောက်နေသေူ Berivik အမည်ရလူဟာ Oslo မြို့ က အစိုးရရုံးဝန်းကျင်မှာ ကားဗုံးဖောက်ခွဲမှုတစ်ခုနဲ့ ၈ ဦး သေစေခဲ့ပါတယ်။ နေ့တွင်းချင်း Utoeya ကျွန်းသို့ သွားရောက်ပြီး အလုပ်သမားပါတီတစ်ခုရဲ့ ပျော်ပွဲရွှင်ပွဲမှ လူငယ်များကို စက်သေနတ်ဖြင့် သွားရောက် ပစ်ခတ်ရာ ၆၆ ဦး သေဆုံးခဲ့ပါတယ်။ အနှစ်ချုပ်အားဖြင့် ၇၇ ဦးသေပြီး ၂၀၀ ကျော်ဒဏ်ရာရှိခဲ့တဲ့ ယင်းပစ်ခတ်မှုဟာ နော်ဝေမှာ သမိုင်းတွင်ခဲ့ပါတယ်။

ပုံမှာ မြင်တွေ့နေရတာကတော့ တရားခံ Berivik ဖြစ်ပါတယ်။ တစ်နှစ်ကြာ တရားရုံးတင်စစ်ဆေးအပြီးတော့ စိတ်ရောဂါ ဝေဒနာသည် တစ်ဦး လို့ သူ့ ရဲ့ ရှေ့ နေမှ လျှောက်လှဲချက် တင်လည်း အချည်းနည်း ဖြစ်ခဲ့ပါတယ်။ အပြစ်ရှိမှန်းထင်ရှားနေသော်လည်း စိတ်ရောဂါ အကြောင်းပြချက်ကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်မှ လွတ်ကင်းသယောင် ထင်ခံပေမယ့် သေဒဏ်နဲ့ တစ်သက်တစ်ကျွန်းဆိုတာ ဟာလည်း နော်ဝေတို့ သမိုင်းနဲ့ တရားလုပ်လုပ်နည်းတွေမှာ မပါဝင်သေးတဲ့ ပြဌာန်း ချက်ဖြစ်ပါတယ်။

တရားရုံးမှာ တရားကြားနာ စစ်ဆေးစဉ် Berivik ဟာ ရယ်မောနေခဲ့ပါတယ်။

ဒါကြောင့် တရားရုံးက သူ့ကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်လိုက်ပါတယ်။ သို့ပေမယ့် ၂၁ နှစ်နဲ့မပြီးနိုင်သေးပါဘူး။ အပြစ်ရှိကြောင်း ဝန်ခံပြီးသည့်တိုင် ထောင်ဒဏ်ကာလအတွင်း အန္တာရယ်ပေးနိုင်တဲ့ အရပ်လက္ခဏာရှိနေသေးရင် နောက်ထပ် တရားစီရင်မှုအသစ်တွေ ပါရှိလာအုံးမယ်လို့ သိရပါတယ်။

http://innewsmyanmar.blogspot.com/2012/08/blog-post_25.html

1 comment:

  1. Don't stay in jail .Come and kill bingali in myanmar. Will say "thank a lot".

    ReplyDelete