ကားအက်ဆီးဒန့် သို့မဟုတ် လင်ဆေးလိုဟန် (အင်္ဂလိပ်စာအသုံးအနှုန်း)



အင်္ဂလိပ်စကားလုံး အသုံးအနှုန်းသစ်တစ်ခု ၂၀၁၂ခုနှစ်အတွင်း မှာ ပေါ်ပေါက်လာပါတယ်။ ဘန်းစကား တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကတော့ လင်ဆေးလိုဟန် (Lindsay Lohan) ပဲဖြစ်ပါတယ်။

သုံးနှုန်းပုံ ဥပမာ-
1) Robin Pulled a Lindsay Lohan last night.
2) Robin was involved in a car crash last night.

နံပါတ် ၁ နှင့် ၂ -နှစ်ခုလုံး အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။
“There a Linsay Lohan Last night on the Hollywood street.” ဆိုရင် အဓိပ္ပါယ်က

“မနေ့ညက ဟောလိဝုဒ်လမ်းထဲတွင် ကားအက်ဆီဒင့် တစ်ခု ဖြစ်ခဲ့ သည်” ဖြစ်ပါတယ်။

Linsay Lohan ရဲ့အရှေ့မှာ အက္ခရာ “a” ကိုတော့ မဖြစ်မနေသုံးရပါမယ်။ ကားအက်ဆီးဒင့် အနည်းအများအပေါ် မူတည်ပြီး Singular, Plural အမျိုးမျိုးပြောင်းလဲသုံးနိ
ုင်ပါတယ်။ ဥပမာ- the Linsay Lohan, Linsay Lohans, three Linsay Lohans စတာမျိုးတို့ ဖြစ်ပါတယ်။

ယင်းအသုံးအနှုန်းကို စတင်တီထွင်သုံးနှုန်သူများက
လည်း ဟောလိဝုဒ် မီဒီယာအသိုင်းအဝိုင်းများသာ ဖြစ်ပါတယ်။ Celebrity တစ်ဦးဦး ကားအက်ဆီးဒန့်ဖြစ်တဲ့အခါ (အထူးသဖြင့်- Celebrity ဘက်ကစတင်ဖြစ်ပေါ်စေသော ကားအက်ဆီးဒန့်မျိုးတွေမှာ) ယင်းဝေါဟာရကို သုံးနှုန်းရေးသား လာပါတယ်။

လင်ဆေးလိုဟန်ဟာ ဟောလိဝုဒ်မှာ ကားအက်ဆီဒင့်အများ ဆုံး ဖြစ်သူဖြစ် ပါတယ်။ ကားတိုက်မှုပေါင်း ၁၀ခုမက ပြုလုပ်ပြီး ရုံးရောက်ဖြေရှင်းမှုပေါင်း
များစွာကြုံတွေ့ခဲ့ပါတယ်။ အရက်အလွန်အကျွံသောက်၍ မောင်းခြင်း၊ စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ အရှိန်မြင့်မောင်းနှင်ခြင်း၊ မတော်တဆ တိုက်မိခြင်း စသည်ဖြင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို အမြဲလိုလို ကျူးလွန်တတ်သူ ဖြစ်ပါတယ်။

ဒါကြောင့် လင်ဆေးလိုဟန်ကို အစွဲပြုပြီး Lindsay Lohan ဆိုတဲ့ဝေါဟာရကို Car Crash/ Accident တို့လိုနေရာမှာ အစားထိုးအသုံးပြုလာခြင်း ဖြစ်ပါ တယ်။

စာဖတ်သူတို့ ထင်သာမြင်သာ ရှိစေဖို့ ယင်အသုံးအနှုန်းနဲ့ရေးသားထာ
းတဲ့ စာကို အောက်ပါ လခ့်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ညကမှ ကားအက်ဆီးဒန့်ဖြစ်တဲ့ R&B အဆိုတော Robin Thicke အကြောင်း သတင်းဖြစ်ပါတယ်။

“Robin Thicke pulled a Lindsay Lohan last night when he was driving his Porsche Turbo out of a Hollywood club”
ဆိုပြီး ရေးသားထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

http://
www.celebritycarsblog.com/2012/07/robin-thicke-porsche-turbo/
----
အောင်ခမ်း(International news for myanmar)

0 comments: