လူသေရင်လူပြန်ဖြစ်ပါသလား


မြတ်စွာဘုရားဟောကြားသောတရားတစ်ခုတွင် သမုဒ္ဒရာကြမ်းပြင်တွင် သွားသော လိပ်ကမ်းက နှစ်တစ်ရာပြည့်မှ အပေါ်တက်ပြီး မျော ချင်တိုင်းမျောနေသော သစ်သားတန်ပိုးနှင့် ဝင်ဆွပ်ရန် ဖြစ်ကောင်းဖြစ်နိုင်ရာ၏ လူသေပြီး လူ့ပြည်မှစ အထက်အထက် ဘုံဘဝ ကာမသုဂတိဘုံ၊ ဗြဟ္မာ ဘုံရောက်ဖို့က အင်မတန်ခဲယဉ်း၏။ ဟု မြတ်စွာဘုရားရှင် ကိုယ်တိုင်ဟောကြား သည်။

အဘယ်ကြောင့် ထိုကဲ့သို့ဟောကြားသနည်း။
အမှန်စင်စစ် လူတို့သည် ကိလေသာကာမဂုဏ်တွင်ပျော်ပါးကြ၏။ ဆင်းရဲခြင်းဒုက္ခအမှန်ဟူသမျှ ကြောက်ရွံ့ကြ၏။ ခွေး၊နွားကဲ့သို့သော တိရစ္ဆာန်ဖြစ်ရမည်ကို ကြောက်ရွံ့ကြ၏။ မကျွတ်မလွတ်သော ဗြိတ္တာ၊ တစ္ဆေဘုံဘဝကို မလိုလားခြင်းဖြစ်ရာ၏။ ဆင်းရဲဒုက္ခ၏ အနှစ်အရသာဟူသမျှ တစ်စက်ကလေးတောင် ခံစားရန် မလိုလားကြသည်မှာ သတ္တဝါတိုင်း၏ လိုအင်ဆန္ဒဖြစ်၏။

ဖြစ်နိုင်လျှင် ဘာမှမလုပ်ပဲ ပျော်စရာဟူသမျှနေသော နတ်ပြည်ကဲ့သို့ ဘုံဘဝကိုတပ်မက်သည်။ ဗြဟ္မာဘုံတပ်မက်။ ဥာဏ်ပညာဖြင့် သိမြင်သူတို့က ကိလေသာကုန်စင်သော နိဗ္ဗာန်ဟူသော နောက်ဆုံး ပန်းတိုင်ကို ရောက်ရှိရန် လိုချင်ဆန္ဒပြုကြ၏။

သေပြီးလျှင် မိမိသည် မည်သည့်ဘုံဘဝ၊ မည်သည့်ပုံသဏ္ဍန်အမျိုးအစားနှင့် ကံဘဝတစ်ခုရရှိမည်ကို သိရှိလိုကြသည်။ သေသည်ဟူသော မရဏတရားကိုကြောက်ရွံ့ကြသည်။ သေပြီးလျှင် ဖြစ်နိုင်မည့်ဘဝများကို မြတ်စွာဘုရားပွင်ထွန်းပေါ်ပြီးသော အခါ သိရှိလာရသည်။

မည်သည့်ကုသိုလ်၊အကုသိုလ်ပြုလုပ်လျှင် မည်သည့် ဘုံဘဝရရှိမည် ကို သေချာသိစေသည်။ ဘုံအမျိုးအစား တိတိကျကျ သိရချေသည်။ ငရဲကိုသိရချေသည်။ တိရစ္ဆာန်ဘုံကို သိရချေသည်။ စသည်ဖြင့်၊ စသည်ဖြင့် ၃၁ ဘုံလုံးကို သိရှိလေ့လာရပြီး ထိုဘုံဘဝများနှင့်လွတ်ကင်းသော နိဗ္ဗာန် ဟူသည့် ဘုံကို သိရှိရလာပြန်သည်။

ထိုဘုံဘဝများကိုသိရှိပြီး ယင်းဘုံဘဝများမှလွတ်ကင်းအပ်သော တရားများကို ဟောကြားသည်။ မဂ်ဖိုလ်ရအပ်သော သစ္စာလေးပါး တရားပါဝင်သည့် အဘိဓမ္မာတရား များကိုဟောကြားသည်။ တရားအစု ကဋေပေါင်း ၈သောင်း ၄ထောင် အကျယ်ဟောကြားပြီး လိုက်လံကျင့်သုံးရလွယ်ကူသော အကျဉ်းတရားလည်း ဟောကြားသည်။

ဆင်းရဲခြင်းအမှန်လွတ်ကင်းအပ်သော တရားအစစ်ကို ကျမ်းဂမ်ပြည့်ပြည့်စုံ စုံနှင့် မလေ့လာနိုင်သည့်တိုင် တရားအနှစ်ချုပ် အကျဉ်းများကို ဟောကြားပေး သည်။ လေ့လာသင်ယူစေသည်။

သို့သော် ယင်းတရားများကို မလေ့လာမိသူနှင့် လေ့လာမိပြီးသည့်တိုင် ဥာဏ်မထက်သန်သူတို့က သံသယတို့ ဝင်လာရသည်။ ဥပမာ- လူသေလျှင် လူပြန်ဖြစ်သည် ဟူ၍ဖြစ်သည်။


လူသေလျှင်လူပြန်ဖြစ်ပါတယ်။ သို့သော် မြတ်စွာဘုရားဟောကြားသကဲ့သို့ လက်သည်းခွံတော်တွင်း ကပ်နေသော ဖုံတစ်စက်ကသာ လူဖြစ်ပြီး ကမ္ဘာပေါ်ရှိ သံမှုမြေသားအားလုံးမှာ ငရဲ၊တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ် ကဲ့သို့သော အပါယ်ဘုံတို့ကို ရအပ်သည်။

ထို့ကြောင့် လူသေပြီးလူပြန်ဖြစ်ရမည့် နည်းလမ်းကို မြတ်စွာဘုရားဟောကြား သည်။ ဥပမာ- ဝိပဿနာကျင့်ကြံခြင်း၊ အဘိဓမ္မာသင်ယူလေ့လာခြင်းတို့ဖြင့် နိဗ္ဗာန်မရောက်စေသေးသည့်တိုင် ဒုက္ခတိဘုံဘဝတို့မှ လွတ်မြောက်ရသည်။ စသည်ဖြင့် လူသေလျှင် လူပြန်ဖြစ်ရာသော၊ သုခတိဘုံရောက်ရာသော နည်းလမ်း၊ကျင့်စင်များကို အတိအလင်းဟောကြားသည်။ ၃၁ ဘုံတွင် မိမိနှစ်သက်သော ဘုံဘဝကို ရည်စူး၍ကျင့်ကြံနိုင်လောက်အောင်ပင် တိတိကျကျဟောကြားခဲ့သည်။ ဥပမာ- ဈာန်အင်္ဂါး အပါးအသီးသီးဖြည့်ကျင့်၍ သမထလမ်းစဉ်ဖြင့် ဗြဟ္မာဘုံအသီးသီးသို့ ရောက်စေခြင်း တို့ကဲ့သို့ ဖြစ်သည်။

သို့သော် တရားတော်လေ့လာမှုနည်းသော သူတို့က “စိတ်ကသာအဓိကပါ။ စိတ်က လူဖြစ်တယ်လို့ ယုံလိုက်လျှင် လူဖြစ်ကိုဖြစ်သည်” ဟူသော ဒိဌိအတွေးတို့ရှိကြသည်။ လူသေလျှင်လူဖြစ်ရန် စိတ်ကိုထားတတ်လျှင်ရသည်၊ ယုံကြည်လျှင်ရသည် ဟူသော အတွေးအခေါ်အမှားအချို့ကို စာရေးဆရာအချို့ကိုယ်တိုင်လက်ခံရေးသားခဲ့ကြသည်။

ထို့ကြောင့် ထိုကဲ့သို့ လူသေလျှင်လူပြန်ဖြစ်သည်ဟု ထောက်ခံအားပေးသော စာပေ၊ဆောင်းပါးများကို ဖတ်ရှုမည့်အစား ဒုက္ခတိဘုံဘဝလွတ်မြောက်၊ နိဗ္ဗာန်ရောက်စေသည့် တရားတော်များကို လေ့လာကျင့်ကြံကြပါရန် စာရေးသူမှ တိုက်တွန်းလိုက်ရပါသည်။

အောင်ခမ်း (International news for myanmar)

0 comments: