၂၀၁၂-၂၀၁၃ ကမ္ဘာ့ဈေးအကြီးဆုံးကား နှင့် ကမ္ဘာ့အမြန်ဆုံးကား



၂၀၁၂-၂၀၁၃ ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကား စာရင်းမှာ ထိပ်ဆုံးရပ်တည်နေတာကတော့ ဂျာမနီ ကားကုမ္မဏီ  Volkswagen နဲ့ ပြင်သစ် ကားကုမ္မဏီ Bugatti တို့ပူးပေါင်းထုတ်လုပ်တဲ့ 2011 Bugatti Veyron 16.4 ဖြစ်ပါတယ်။
 
ပြင်သစ်ကားထုတ်လုပ်ရေး ကုမ္မဏီ Bugatti မှ ထုတ်လုပ်ပြီး ဂျာမနီ Volkswagen မှပညာရှင်များနဲ့ develop လုပ်ထားတဲ့ ကားဖြစ်ပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၄ သန်းရှိပြီး လက်ရှိအချိန်အထိ ကမ္ဘာ့ဈေးအကြီးဆုံး ကားဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ Speed ကလည်း တစ်နာရီ ၂၆၈မိုင် နှုန်းပြေးတဲ့အတွက် ဟိုင်းဝေးလမ်းမပေါ် တရားမောင်းနှင်ခွင့် speed range ထဲမှာ အမြန်ဆုံးကားဖြစ်ပါတယ်။
 
၂၀၀၅ ခုနှစ်က စတင်ထုတ်လုပ်ပြီး မော်ဒယ်မြင့်လာတာနဲ့အမျှ ဈေးနှုန်းနဲ့ Speed မြင့် တက်လာခြင်း ဖြစ်ပါတယ်။ ဟိုင်းဝေးလမ်းမပေါ် တရားဝင်မောင်းနှင်ခွင့်ရကားတွေထဲမှာ ကမ္ဘာ့အမြန်ဆုံးကား အဖြစ် စံချိန်တင်ထားတဲ့ 2011 Bugatti Veyron 16.4 ကားရဲ့ ပုံရိပ်များနဲ့ ဗီဒီယိုကို မျှဝေပေးလိုက်ရပါတယ်။







0 comments: