ကမ္ဘာ့ဈေးအကြီးဆုံး တရိစ္ဆာန်သရုပ်ဆောင် မျောက်မလေး

ပုံမှာမြင်တွေ့နေရတဲ့ မျောက်ကတော့ ဟောလိဝုဒ်ရုပ်ရှင်တော်တော်များများ ပါဝင်သရုပ်ဆောင်နေတဲ့ capuchin မျောက်မလေးဖြစ်ပါတယ်။ ဟာသကား အများစုမှာပါဝင်သရုပ်ဆောင်နေရတဲ့ ယင်းမျောက်မလေးဟာ episode တစ်ခုတိုင်းအတွက် အမေရိကန်ဒေါ်လာ ၁ သိန်း ၂ သောင်းဝန်းကျင်ရရှိပါတယ်။

နောက်ထွက်ရှိမယ့် Animal Practice ဟာသရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်လာအုံးမှာ ဖြစ်ပါတယ်။ အမေရိကန် R&B အဆိုတော် ဂျက်စတင်ဘီဘာဟာ ယင်းမျောက်မလေးရဲ့ ပရိတ်သတ်တစ်ဦး ဖြစ်ပါတယ်။ Crystal လို့အမည်ပေးထားတဲ့ ယင်းမျောက်မဟာ ကမ္ဘာ့ဈေးအကြီးဆုံး တိရစ္ဆာန် သရုပ်ဆောင်တစ်ဦး ဖြစ်လာပြီလို့ သိရပါတယ်။
----
Ref:news.cn


0 comments: