ဒေါ်လာ ၄၈သန်းခွဲတန် Koenigsegg CCXR


ဆွီဒင်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ Koenigsegg ဟာ Sport Car Brand မှာ လူသိများပြီးသား ဖြစ်ပါတယ်။

ဈေးကြီး၊ အမြန်ပြေးပြိုင်ကား ထိပ်တန်းတွေထဲက တစ်မျိုးကတော့ Koenisegg CCXR ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိပဲထုတ်လုပ်ခဲ့ပြီး CCXR ကို ရပ်တန့်ခဲ့ပါတယ်။ သုံးလေးနှစ်ကြာတာတောင် ဒီဇိုင်းဆန်းပြီး စွမ်းဆောင်ရည်မှာ ထိပ်တန်းဝင်နေသေးတဲ့ ကားဖြစ်ပါတယ်။ နှစ်ယောက်စီး အမိုးအဖွင့်အပိတ် roadster ကားဆိုတာကတော့ Koenigsegg ရဲ့ အမှတ်အသားလိုဖြစ်နေပါတယ်။

၄၇၀၀ cc စူပါချာဂျာ နှစ်လုံးတပ် V ဆလင်ဒါ ၈လုံး အင်ဂျင်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် ထုတ်လုပ်နိုင်တဲ့ မြင်းကောင်ရေအားက အခြား ၈လုံးအင်ဂျင်တွေလို ၆၀၀၊ ၇၀၀ မကတော့ပဲ ၁၀၆၄ bhp အထိရှိလာပါတယ်။ ဂီယာ ၆ချက်ထိုး အော်တိုအမျိုးအစားဖြစ်ပြီး ရှေ့ဘီးထိန်းစနစ်နဲ့ မောင်းနှင်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အမြန်ဆုံးပြေးနိုင်တဲ့ အရှိန်ကတော့ တစ်နာရီ မိုင် ၂၅၀ အထိရှိပါတယ်။

ကာဘွန်ဖိုက်ဘာ ဘော်ဒီ၊ အလူမီနီ အလွိုင်းဘီး၊ Kelva သတ္တုဖုံး အမိုးတို့ကြောင့် ကားရဲ့အလေးချိန်ဟာ ၂၈၂၂ ပေါင်မျှသာ ကျန်ရှိပါတယ်။ အရှည် ၁၆၉လက်မ၊ အကျယ် ၇၈.၆လက်မ၊ အမြင့် ၄၄. လက်မ ကိုယ်စီ အတိုင်းအတာ ရှိတဲ့ ကျစ်ကျစ်လစ်လစ် ပြိုင်ကား ဖြစ်ပါတယ်။


ABS
ဘရိတ်စနစ်၊ နောက်ဘက်ကင်မရာ၊ LCD တီဗီ၊ ဂြိုလ်တုမြေပုံ လမ်းပြစနစ် စသည်ဖြင့် အဆင့်မြင့် နည်းပညာများ ပါဝင်ပါတယ်။ ဆလင်ဒါ ၈လုံးအင်ဂျင် Koenigsegg ထုတ် အလူမီနီယာသား အင်ဂျင်ဖြစ်ပါတယ်။ အပူဒဏ်ပိုမိုခံနိုင်ရည်ရှိပြီး ပေါက်ကွဲမှုအားတိုင်းက Efficiency ကောင်းကောင်းရရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ အမြင့်ဆုံး Speed ဟာ ကမ္ဘာ့ဈေးကြီးပြိုင်ကားများနဲ့ ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်ပါတယ်။

ဒီဇိုင်းအားဖြင့် သေသပ်လှပပြီး Performance ကောင်းတဲ့ Koenigsegg CCXR ကို သုံးမျိုးထုတ်လုပ်ပါတယ်။ မူလတစ်မျိုး CCXR ကတော့ အမေရိကန်ဒေါ်လာ ၂၂ သန်းနဲ့အထက်မှာရှိပြီး CCXR Edition နဲ့ Trevita ကတော့ အမေရိကန်ဒေါ်လာ ၄၈သန်းခွဲအထိ မြင့်တက်သွားပါတယ်။ ဈေးကြီးပြီး အရည်အသွေးကောင်းတဲ့ Koenigsegg CCXR ကိုလည်း အစီးရေနည်းနည်းသာ ထုတ်လုပ်ထားပါတယ်။

---
Ref:Koenigsegg







0 comments: