အစီးရေနည်း Maybach 57 and 62

 မြန်မာပြည်လမ်းထဲမှာ ဂျာမနီထုတ် Maybach တစ်စီးမောင်းနှင်တာ တွေ့လိုက်ပါတယ်။ ယခုဖော်ပြတဲ့ Maybach တော့မဟုတ်ပါဘူး။ မော်ဒယ်အတိအကျ သိရင် ရေးသားတင်ဆက်ပါ့မယ်။ ဂျာမနီအခြေဆိုက် Daimler AG ကထုတ်တဲ့ ဇိမ်ခံကား ဆလွန်းကားများ ဖြစ် ပါတယ်။

သို့ပေမ့် Maybach –brand က မြန်မာပြည်နဲ့ စိမ်းနေသေး တာမို့ မိတ်ဆက်တဲ့ သဘောအနေနဲ့ သူထုတ်တဲ့ ကားအစီးရေ နည်းနည်းထဲမှ တစ်မျိုးဖြစ်တဲ့ Maybach 57 နဲ့ 62 ကို မိတ်ဆက်ပေးလိုက်ရပါတယ်။ ဈေးလည်း ကြီးပါတယ်။ ငါးမျိုးခွဲထားပြီး ဈေးနှုန်းက အမေရိကန်ဒေါ် လာ ၁သိန်းခွဲကနေ ၄ သိန်း နီးနီးအထိ ကွဲပြားပါတယ်။ 57, 57s, 62, 62 S များအားလုံးကတော့ အမေရိကန်ဒေါ် လာ လေးသိန်းနီးပါးတွေချည်း ဖြစ်ပြီး Landualet တစ်ခုတည်း ၁၃၅၀၀၀ တန်ဖိုးရှိပါတယ်။

အစီးရေလည်း အားလုံးပေါင်းမှ ၂၀၀၀ ကျော်သာရှိပြီး တစ်နှစ်တစ်နှစ် ထုတ်လုပ်မှုက တစ်ရာကျော်ရုံမျှ သာ ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်နောက်ပိုင်း ထုတ်လုပ်မှုကို ၆၀ ဝန်းကျင်သာ ရှိပါတော့တယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိပဲ ထုတ်လုပ်မှာမို့ ဖြစ်ပါတယ်။ ၅၀ ရာခိုင်နှုန်းခန့် အရေအတွက်ကို အမေရိကန်မှာ တွေ့မြင် နိုင်ပြီး ကျန် တာတွေကတော့ ကမ္ဘာ့အနှံ့မှာ ဖြစ်ပါတယ်။

Ultra-Luxury ခေါ် သာမန်ထက်လွန်ကဲ ဇိမ်ခံကား Brand ဖြစ်ပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က မာစီဒီး ထုတ် ဖြစ်ပြီး ၅၅၀၀ စီစီ V ဆလင်ဒါ ၁၂ လုံးတွဲ အင်ဂျင်ဖြစ်ပါတယ်။ နောက်တစ်မျိုး ၆၀၀၀ စီစီ ၁၂ လုံးပူး အင်ဂျင် ကိုလည်း အသုံးပြုပါသေးတယ်။ ဂီယာကတော့ ၅ ချက်ထိုး အော်တိုတစ်ခုပဲ အသုံးပြုထားပါတယ်။ တံခါး လေးပေါက် ဆလွန်းဖြစ်ပါတယ်။ အမြင့်ဆုံး Speed တစ်နာရီ မိုင် ၁၈၀ ဆိုတော့ ပြိုင်ကားတစ်စီးလိုပါပဲ။ အင်ဂျင် ပစ်စတင် အလုံးရေ ၁၂လုံးပါတဲ့အတွက် Speed များရခြင်း ဖြစ်ပါတယ်။ တစ်နာရီမိုင် ၁၉၀ ပြေးတဲ့ အမျိုးအစားတောင် ထုတ်လုပ်သေးတယ်လို့ ဆိုပါတယ်။

ဇိမ်ခံကားအနေနဲ့ Stable Control က အဆင့်မြင့်ပါတယ်။ ဇုန် ၄ခု အဲယားကွန်းထိန်းချုပ်စနစ်၊ ထိုင်ခုံ အပူချိန် ထိန်းညှိပေးစနစ်၊ ပါဝါ ၄မျိုးစနစ်ထောက်ပံ့ ထိုင်ခုံ၊ နောက်ခုံ အတွက် LCD တီဗီ သုံးလုံး၊ ရှေ့ခုံအတွက် LCD တီဗီ သီးသန့် စီ တပ်ဆင်ပေးထားပါတယ်။

နောက်ဘက်ကင်မရာ၊ အတွင်း စပီတကာ ၂၁ လုံး (ပရီမီယံ)၊ အသံနဲ့ခိုင်းစေနိုင် မယ့် မြေပုံလမ်းပြ စနစ်၊ နောက်ပိုင်းထုတ် မော်ဒယ်တွေဆိုရင် စပီကာဟာ ၂၁ လုံးမကတော့ပဲ အလုံး ၃၀အထိ ပါဝင်လာပါ တယ်။ နောက်ဘက်မှန်ကိုလည်း ပါဝါနဲ့ထိန်းချုပ်ပြီး အသံနဲ့ SUNROOF ကို အသံနဲ့အဖွင့်အပတ် လုပ်ပေးလို့ ရတယ်လို့  ဆိုပါတယ်။ ကြိုးမဲ့ဖုန်းစနစ်၊ ဘလူးတော့၊ အိုင်ပေါ့နှင့် ချိတ်ဆက်နိုင်မယ့် Audio စနစ်၊ အစရှိသဖြင့် ပါဝင်ပါတယ်။ Safety Feature လည်းစုံစုံလင်လင်ပါရှိပြီး ပိုမိုတပ်ဆင် လိုတဲ့ နည်းပညာနိုင့် အစိတ်အပိုင်းများကို Customer စိတ်ကြိုက် ဖန်တီးပေးတယ်လို့ ဆိုပါတယ်။

အရှည်အားဖြင့် ၂၄၂ လက်မ၊ အကျယ် ၇၈ လက်မ၊ အမြင့် ၆၂ လက်ရှိပြီး ရှေ့  ဖုံးခပ်ရှည်ရှည် ဇိမ်ခံဆလွန်း မျိုး ဖြစ်ပါ တယ်။ Maybach ရဲ့  ထုံးစံအတိုင်း အနောက်ခန်း ခပ်ကျယ် ကျယ်ကားဖြစ်ပါတယ်။

လက်ရှိကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ ၄ သိန်းနီးပါး ပေါက်ဈေးရှိတဲ့ Mayback 57/62 ကို ပိုမို တပ်ဆင်တဲ့အဆိပ်အပိုင်းလိုက် ဈေးနှုန်း ထပ်မံမြင့် တက်နိုင်သေးတယ်လို့ သိရပါတယ်။
---
Ref:Maybach
Aung Kham










0 comments: