WikiLeads ပိုင်ရှင်အား ဆွီဒိန်သို့လွဲပြောင်ရန်အား ကန့်ကွက်

သြဂုတ် ၁၆၊ လန်ဒန်။                  ။ WikiLeaks တည်ထောင်သူ သြစတေးလျနိုင်ငံသားJulian Assange အား ဆွီဒိန်နိုင်ငံသို့ လွဲအပ်ရန် ဆုံးဖြတ်မှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား ယခုကဲ့သို့ တွေ့မြင်ရသည်။

WikiLeaks သည် ကမ္ဘာတစ်လွှားရှိ အစိုးရနှင့် စစ်တမ်းဆိုင်ရာ လျှို့ ချက်များကို ပေါက်ကြားစေသော သတင်းမီဒီယာအဖြစ် ရပ်တည်လျက်ရှိရာ ကမ္ဘာ့နိုင်ငံကြီးများက အဆိုးမြင်ခံနေရသော အွန်လိုင်းမီဒီယာ ဖြစ်သည်။ သို့သော် တစ်ကမ္ဘာလုံးမှ ပြည်သူများ၏ ထောက်ခံမှုကို ရရှိထားပြီး Julian Assange ကိုထောက်ခံသူများစွာ တည်ရှိနေသည်။ Julian Assange ကို အမေရိကန်မှ တရားစွဲရန်လိုလားနေပြီး ဆွီဒိန်အစိုးရမှလည်း အခြားလူသတ်မှုတစ်ခုကို အကြောင်းပြ၍ Assange ကို ရုံးတင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ကြောင့် နိုင်ငံမှထွက်ရန်ကြိုးပမ်းနေသော Assange ကို ဗြိတိန်အစိုးရ တားမြစ်ထားပြီး ဆွီဒိန်နိုင်ငံတရားရုံးသို့ လွဲပြောင်းသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းဆုံးဖြတ်ချက်ကို မတရားဟုယူဆသော Assange ထောက်ခံသူများက လန်ဒန်မြို့ရှိ အီကွေဒေါနိုင်ငံ သံရုံးတွင် ကန့်ကွက်ဆန္ဒပြနေမှုအား ယခုကဲ့သို့ တွေ့မြင်ရ သည်။ အီကွေဒေါသံရုံးနှင့် Assange နှင့်ဆက်စပ်မှုမှာ သံရုံးမှ နိုင်ငံခြားရေးဝန်ကြီး၏ ထောက်ခံပေးမှုကို လိုအပ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
---
Ref:news.cn



0 comments: