မျက်နှာပြင် ၂ ဘက်ပါတဲ့ Yota စမတ်ဖုန်း



ရုရှားနိုင်ငံအခြေဆိုက် နည်းပညာ ကုမ္မဏီတစ်ခုက ထုတ်တဲ့ မျက်နှာပြင် ၂ ဘက်ပါ ဖုန်းပါဆိုပြီးတော့ ၂၀၁၃ ဇန်နဝါရီလလောက်က နာမည်ကြီးခဲ့ ပါတယ်။


ယခုတော့ ဈေးကွက်ကို တကယ်ဖြန့်ချိပါပြီ။ ရှေ့ မှာ ၄.၃ လက်မ HD မျက်နှာပြင်ပါရှိပြီး အနောက်မှာ E Book ဖတ်လို့ရမယ့် အဖြူအမည်းကာလာ ၄.၃ လက်မ မျက်နှာပြင်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 1.5 GHz Dual Core Snapdragon ကိုပဲ အသုံးပြုထားတာပါ။ Android 4.1 OS နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကင်မရာ အရည်အသွေးက 12 megapixel ရှိပါတယ်။ 4G LTE အတွက် support လုပ်ပေးမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံကို စတင်ဖြန့်ချိပါပြီ။ ကမ္ဘာအနှံ့လည်း ဖြန့်ချိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ကာလတန်ဖိုးအား ဖြင့် ဗြိတိန်ပေါင် ၃၈၀ ဝန်းကျင် သတ်မှတ်ထားကြောင်း သိရ ပါတယ်။
.
Ref: pocketlint
K & N Mobile and Online Store

.

0 comments: