Temple Run ရုပ်ရှင်ရိုက်ကူးရန် စီစဉ်




ယနေ့ လူကြိုက်များ ဆော့ကစားနေတဲ့ Temple Run မိုဘိုင်းဂိမ်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးမှာ ဖြစ်ကြောင်း သိရ ပါတယ်။


ရုပ်ရှင်အတွက် Harry Porter မော်ကား ရိုက်တဲ့ ပရိုဂျူဆာ David Heyman  ကပဲ တာဝန်ယူမှာ ဖြစ်ပါတယ်။ အမေရိကန်အခြေဆိုက် Imangi Studio အနေနဲ့ Temple Run ကို Hollywood နဲ့ ပူးပေါင်းတာ ယခုက ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ Brave အမည်ရ ရုပ်ရှင်နဲ့ Oz the Great and Powerful ရုပ်ရှင်ကို Temple Run ဂိမ်းဗားရှင်းတောင် Disney နဲ့ ပြန်ပူးပေါင်း ဖန်တီးထားပါသေးတယ်။

ဒီတစ်ခါတော့ ရုပ်ရှင်ကို ဂိမ်းလုပ်ဖို့ မဟုတ်တော့ပဲ ဂိမ်းကို ရုပ်ရှင်ဖြစ်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။ ဇာတ်ကား တစ်ကားလုံး ပြေးလွားနေမှာကိုတော့ မြင်ယောင်မိပါသေးတယ်။ သို့ပေမယ့် ရုပ်ရှင်မှာတော့ အဲ့လို မဖြစ်နိုင်ပါဘူး။ Temple Run စွန့်စားခန်း ရုပ်ရှင်မြင်ရဖို့ ၂ နှစ်၊ ၃ နှစ်လောက် အချိန်ပေး ရိုက်ကူးမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: theguardian
အောင်ခမ်း ( www.innewsmyanmar.com )
.

0 comments: